တပ်မတော်ထောက်ခံပွဲတွေ ဆက်လက်ထိန်းသိမ်းလုပ်ဆောင်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုက်တွန်းလိုက်ပါတယ်။
အဲဒီဆောင်ရွက်ချက်တွေဟာ နိုင်ငံတော်နဲ့ပြည်သူအပေါ်ထားတဲ့ တပ်မတော်ရဲ့စစ်မှန်တဲ့ သဘောထားတွေကို သိရှိပြီး တပ်မတော်နဲ့ ပြည်သူတစ်သားတည်း ရှိတယ်ဆိုတဲ့ပြယုဂ်ဖြစ်တယ်လို့ ဆိုပါတယ်။ စည်းရုံးရေးဆိုတာဟာ အရေးပေါ်မှ ထလုပ်ရတဲ့ ဆောင်ရွက်မှုမျိုးမဟုတ်ဘဲ မပြတ်ထိတွေ့ပြီးပြည်သူတွေရဲ့ အကျိုးပြုလုပ်ငန်းတွေကို စိတ်အားထက်သန်စွာပြည်သူအပေါ်ထားရှိတဲ့သဘောထားကို လက်တွေ့ကျကျ သိရှိအောင်လုပ်ပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။
အောက်တိုဘာလ(၃၁)ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂၀၁၈) အတွက် မိန့်ခွန်းပြောကြား ရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
တပ်မတော်ဆိုတာဟာ ပြည်သူက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တာကြောင့် ပြည်သူနဲ့ တစ်သားတည်းရှိနေဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်နိုင်ဖို့ ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရာမှာ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု အထူးလိုအပ်တယ်လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။
5 PLUS NEWS
0 comments:
Post a Comment