Thursday, November 1, 2018

မဲဆောက်တွင် မြန်မာအများစု ပါဝင်သော တရားမဝင် နေထိုင်သူ (၃၂၁) ဦးကို စစ်ဆင်ရေးဖြင့် ထိုင်းဖမ်းဆီး


ကြာသပတေးနေ့ မနက်ပိုင်းက မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက်ခရိုင်အတွင်း ထိုင်းရဲတပ်ဖွဲ့က စီးနင်းပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။
မြောက်များစွာသော အေဂျင်စီများ ပူးပေါင်းအဖွဲ့က နယ်စပ်ခရိုင်အတွင်း နေရာများစွာတို့ကို စစ်ဆေးရှာဖွေခဲ့ရာ မြန်မာနိုင်ငံမှ တရားမဝင်ခိုးဝင်လာသူ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃၂၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထိုင်းတွင် တရားမဝင် ဝင်ရောက်နေထိုင်သူ နိုင်ငံခြားသားများကို ပိုက်စိပ်တိုက် ရှာဖွေ ဖမ်းဆီးနေသည့် ”Operation X-Ray” ဟု အမည်ပေးထားသော စစ်ဆင်ရေးတွင် ခိုးဝင်နေထိုင်သူ သို့မဟုတ် အလုပ်လုပ်ကိုင်နေသူများကို နှိမ်နင်းဖမ်းဆီးမှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဋ္ဌာနပေါင်းစုံ ပေါင်းစည်းအဖွဲ့ကို ထိုင်းအရာရှိများက နယ်စပ်ခရိုင် ဒေသများသို့ စေလွှတ်ခဲ့ကြသည်။

တခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဋ္ဌာန အကြီးအကဲ ရဲမှူးကြီး မန်ရာတန်ပရသစ်က ဖမ်းဆီးထားသူ ၃၂၁ ဦးတွင် မြန်မာအများဆုံး ပါဝင်သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ ဖမ်းထားသူ အားလုံးအနက် နှစ်ဦးမှာ တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ပြီး အခြားသူများမှာ ခွင့်ပြုထားသော ဗီဇာသက်တမ်း ကျော်လွန်နေခဲ့ကြသည်ဟု ပရာသစ်က ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးတွင် ခရီးသွားများဆိုင်ရာ ရဲတပ်ဖွဲ့အပါအဝင် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ အရာရှိ ၁၀၀ နှင့်အတူ စစ်သားများ၊ နယ်စပ်ကင်းလှည့်ရဲ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး အရာရှိများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများက ပါဝင်ကူညီရှာဖွေ ဖမ်းဆီးခဲ့သည်။




0 comments:

Post a Comment