Thursday, November 1, 2018

နေရပ်ပြန်ရေး မြန်မာအစိုးရ တာဝန်ရှိသူတွေ ဒုက္ခသည်စခန်းမှာ ရှင်းပြ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေဆီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးဆောင်တဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ သွားရောက်ပြီး နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။
ကူတူပါလောင် ဒုက္ခသည်စခန်းမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေက ဘင်္ဂါလီ ခေါင်းဆောင် ၆၀ ခန့်နဲ့ တွေ့ဆုံ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဒုက္ခသည်တွေကို လက်ခံဖို့ အသင့်ဖြစ်နေပြီး နယ်စပ်မှာ လက်ခံရေးစခန်းတွေ ဖွင့်ထားကြောင်း အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

မြန်မာအစိုးရဘက်က ဘင်္ဂါလီဒုက္ခသည် ၅ ထောင်ကို စိစစ်ပြီးဖြစ်ကြောင်း၊ လာမယ့် နိုဝင်ဘာလလယ်မှာ ၂၀၀၀ ကျော် ပထမအသုတ်အဖြစ် စတင် နေရပ်ပြန်မှာဖြစ်ကြောင်း ဦးမြင့်သူက သတင်းထောက်တွေကို ပြောပါတယ်။


0 comments:

Post a Comment