Thursday, November 1, 2018

အွန်လိုင်း ခြိမ်းခြောက်မှုတွေကို အာဆီယံ စုပေါင်း ကိုင်တွယ်ရေး ကျွမ်းကျင်သူတွေ စေလွှတ်ကြဖို့ စင်ကာပူ အကြံပေး



ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ အွန်လိုင်း ခြိမ်းခြောက်မှု အန္တရာယ်တွေကို ပူးပေါင်း ဖြေရှင်းကြဖို့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေက ဆိုင်ဘာရာဇဝတ်မှု ကျွမ်းကျင်သူ တစ်ဦးဆီကို ၂၀၁၉ ခုနှစ်မှာ စင်ကာပူနိုင်ငံဆီ စေလွှတ်ကြဖို့ စင်ကာပူက အကြံပေးလိုက်ပါတယ်။
မနေ့က အောက်တိုဘာ ၃၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ (၁၂) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးမှာ စင်ကာပူ ပြည်ထဲရေးရာ ထိပ်တန်း ပါလီမန် အတွင်းဝန် အမ်ရင် အာမင်က အကြံပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စုပေါင်း ကျွမ်းကျင်အဖွဲ့ဟာ စင်ကာပူနိုင်ငံရှိ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) ရုံးမှာ အလုပ်လုပ်နိုင်ပြီး ကမ္ဘာ့ရဲတပ်ဖွဲ့များ ကွန်ရက်ဆီက ဆိုင်ဘာ ရာဇဝတ်မှု တိုက်ဖျက်ရေး အကူအညီတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အင်တာပိုက ပြီးခဲ့တဲ့ ဇူလိုင်လမှာ “အာဆီယံ ဆိုင်ဘာ စွမ်းဆောင်မှု အဖွဲ့” ကို ကနဦး စတင်ထားပြီး ဖြစ်ပါတယ်။




0 comments:

Post a Comment