Thursday, November 1, 2018

ပျက်ကျခဲ့သည့် အင်ဒိုနီးရှားလေယာဉ်၏ ပျံသန်းမှုမှတ်တမ်းကို ပြန်တွေ့



အင်ဒိုနီးရှားကမ်းရိုးတန်းမှာအောက်တိုဘာလ(၂၉)ရက်ကပျက်ကျခဲ့တဲ့ လိုင်းယွန်းလေကြောင်းလိုင်းပိုင် ဘိုးအင်း(၇၃၇)လေ ယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းကို ရေငုပ်သမားတွေက ပြန်တွေ့ခဲ့ကြပါတယ်။
ရေငုပ်ခဲ့ပြီး ပျံသန်းမှုမှတ်တမ်းကိုတွေ့ခဲ့တယ်လို့ ဟန်ဒ ရာဆိုတဲ့ရေငုပ်သမားကပြောတယ်ဆိုပြီး ရိုက်တာ သတင်းအေဂျင်စီ ကဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာကနေ ပျံသန်းခဲ့တဲ့ အဲဒီလေယာဉ်ပေါ်မှာ လူ(၁၈၉)ဦးပါလာခဲ့ပါတယ်။

ဂျာဗားပင်လယ်ထဲကို အဲဒီလေယာဉ်ပျက်ကျခဲ့ပြီးနောက် အသက် ရှင်ကျန်ရစ်သူတွေကိုရော၊ လေယာဉ်ကိုယ်ထည်ကိုရော ပြန်မတွေ့ခဲ့ပါဘူး။

အစောပိုင်းလေကြောင်းခရီးစဉ်တွေမှာ အဲဒီလေ ယာဉ်က နည်းပညာဆိုင်ရာပြဿနာတွေရှိခဲ့တယ်လို့ အစီရင်ခံစာတွေရှိခဲ့ပေမဲ့ ဘာကြောင့်လေယာဉ်ပျက်ကျခဲ့တာဆိုတာကို ညွှန်ပြနိုင်တဲ့ အချက်အလက်တွေမရှိသေးပါဘူး။

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းက ပန်ကယ်ပီနန်မြို့ကို (၁)နာရီကြာသွားရောက်ခဲ့စဉ်မှာ အဲဒီလေယာဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေဆိပ်ကိုနောက်ပြန်လှည့်လာဖို့ လေကြောင်းပျံသန်းမှု ထိန်းချုပ်ရေးဌာနကို လေယာဉ်မှူးကခွင့်ပြုချက်တောင်းခဲ့ပေမဲ့ အဆက်အသွယ်ပြတ်ခဲ့ပါတယ်။

လေကြောင်းပျံသန်းမှုမှတ်တမ်းကိုပြန်တွေ့ခဲ့တဲ့အတွက် လေယာဉ်မပျက်ကျခင်မှာ ဘာအမှားအယွင်းရှိခဲ့တယ်ဆိုတာကို လေကြောင်းပျံသန်းမှုဘေးကင်းစေရေးကျွမ်းကျင်သူတွေက ထိုး ဖောက်ရှာဖွေနိုင်တော့မှာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုနဲ့ဆက်စပ်ပြီး နည်းပညာဒါရိုက်တာ မူဟာမက် အာဆစ်ဖ်ကို အင်ဒိုနီး ရှားအခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်းဖြစ်တဲ့ လိုင်းယွန်းလေကြောင်းလိုင်းက ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။

ဒီနေ့နိုဝင် ဘာလ(၁)ရက်မှာတော့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေရဲ့တစိတ်တပိုင်းအနေနဲ့ အင်ဒိုနီးရှားအာဏာပိုင်တွေနဲ့ လေကြောင်းလိုင်း ရဲ့ကိုယ်စားလှယ်တွေတွေ့ဆုံနေကြပါတယ်။




0 comments:

Post a Comment