ကျန်းမာရေးနှင့်အားကစားဝန်ြ ကီးဌာန လက်အောက်ရှိ မြောက်ဥက္ကလာပ သူနာပြုသင်တန်းကျောင်း ဆင်းပွဲတွင် ၀န်ကြီးဌာနက အသစ်ပြင်ဆင်ချုပ်ဆိုသော သိန်း ၁၀၀ လျှော်ကြေးစာချုပ်ကို လက်မှတ်မထိုးသည့် သူနာပြုကျောင်းဆင်း ၆ ဦးကို ဒီပလိုမာဘွဲ့လက်မှတ်မပေးဘဲ ဘွဲ့လက်မှတ်မပါသော ကတ်ထူအခွံ့သာပေးအပ်ခဲ့ကြောင်း သိရှိရသည်။
NTS Transparency Network၏ သတင်းထုတ်ပြန်ချက်အရ အာက်တိုဘာလ ၃၁ ရက်နေ့ မြောက်ဥက္ကလာပ သူနာပြုသင်တန်းကျောင်း ၏ အပတ်စဉ် ၄၁ သူနာပြု သားဖွား ဒီလိုပမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားတွင် သူနာပြုသင်တန်းသူ ၆ ဦးက ဘွဲ့လက်မှတ်မပေးဘဲ ကတ်ထူအခွံ့ကိုသာ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ သင်တန်းသူ ၆ ဦးသည် ၀န်ကြီးဌာနက ပြောင်းလဲပြင်ဆင် ချုပ်ဆိုသော အစိုးရ ၀န်ထမ်း ၃ နှစ်တာဝန် မထမ်းဆောင်ပါက ငွေကျပ် သိန်း ၁၀၀ လျှော်ကြေးပေးရမည်ဆိုသော စာချုပ်သစ်ကို လက်မှတ်မထိုးခဲ့ကြသူများဖြ စ်၍ စာချုပ်သစ်ကို လက်မှတ်ထိုးမှသာ ဘွဲ့လက်မှတ်ပေးမည်ဟု မြောက်ဥက္ကလာသူနာပြုသင်တန်းေ ကျာင်းအုပ်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။
"အခုထက်ထိ သိထားသလောက်တော့ ဘွဲ့လက်မှတ်မရဘဲ ဘွဲ့တက်ယူခိုင်းခံခဲ့တဲ့ သင်တန်းသူ ၆ ဦးလည်း ဘွဲ့လက်မှတ်မရသေးဘူး။ ညှိနေတယ်လို့ကြားတယ်" ဟု NTS Transparency Network အဖွဲ့ဝင် သူနာပြုတစ်ဦးက ဆိုသည်။
သူနာပြု ၆ ဦး ဘွဲ့လက်မှတ်မရဘဲ ကတ်ထူအခွံ့သာ ရရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး နေပြည်တော် ကျန်းမာရေးနှင့်အားကစားဝန်ြ ကီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ထံ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခြင်းမရှိပေ။
ကျန်းမာရေးနှင့်အားကစားဝန်ြ ကီးဌာနက သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နှစ်စဉ် သူနာပြု ၁၈၀၀ ဦးသာခေါ်ယူရာမှ ၃၆၀၀ အထိ တိုးမြှင့်ခေါ်ယူနေပြီး ယခင်က ၃ နှစ်တာဝန်မထမ်းဆောင်လျှင် ငွေကျပ် ၈ သိန်းလျှော်ကြေးပေးရမည်ဆို သော စာချုပ်ကို ငွေကျပ် သိန်း ၁၀၀ အထိ လျှော်ကြေးပေးရမည်ဟု ပြင်ဆင်ချုပ်ဆိုလာကြောင်း၊ သို့ရာတွင် မူလက ငွေကျပ် ၈ သိန်းလျှော်ကြေးပေး စာချုပ်ဖြင့် ချုပ်ဆိုထားသော သင်တန်းသား သင်တန်းသူများကိုလည်း ငွေကျပ် သိန်း ၁၀၀ လျှော်ကြေး စာချုပ်သစ် ပြင်ဆင်လက်မှတ်ထိုးခိုင်း ရာမှ တင်းမာမှုများဖြစ်ပေါ်လာနေခြင်းဖြစ်သည်။
တင်းမာမှုများဖြစ်ပေါ်လာပြီးေ နာက် စက်တင်ဘာလ ၉ ရက်နေ့ ရန်ကုန်သူနာပြုသင်တန်းကျောင်းတွင် သူနာပြုသင်တန်းသား ၂၀၀ ကျော်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ြ ကီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့တွေ့ ဆုံခဲ့ပြီး အချက် ၄ ချက် သဘောတူညီခဲ့ကြောင်း ၊ စာချုပ် သိန်း ၁၀၀ ပြောင်းလဲခြင်းကိစ္စကို ဒေါက်တာသာထွန်းကျော်က ဆုံးဖြတ်ပေးနိုင်ခြင်း မရှိပါသဖြင့် ဝန်ကြီးဌာန၏ အမြင့်ဆုံးသော စီမံခန့်ခွဲရေး ကော်မတီ(EC) အစည်းအဝေးတွင် တင်ပြဆွေးနွေးပေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးမည့်ကိစ္စအား ရက်အနီးဆုံး EC အစည်း အဝေး(ယခုရက်သတ္တပတ်အတွင်း) တင်ပြဆွေးနွေးပြီးရလဒ်ကို သက်ဆိုင်ရာ ကျောင်း အုပ်ကြီးမှ တစ်ဆင့် အကြောင်းကြားပေးမည်ဖြစ်ကြော င်း၊ ရလဒ်မရောက်ရှိခင်အထိ စာချုပ်ချုပ်ဆိုခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ၊ သင်တန်းသား၊ သင်တန်းသူတို့၏ တင်ပြတောင်းဆိုချက်ဖြစ်သော ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ တက်ရောက်ခွင့်ရ သင်တန်းသား၊ သင်တန်းသူတို့ကို မူလ လျှော်ကြေး ၈ သိန်း ကျပ်တိတိဖြင့်သာ ချုပ်ဆိုရန်နှင့် ၂၀၁၉ ခုနှစ် ဝင်ခွင့်လမ်းညွှန်တွင် တရားဝင်ကြေညာပြီးမှသာ ပြောင်းလဲပြင်ဆင်ချုပ်ဆိုရန် တောင်းဆိုချက် အားတင်ပြဆွေးနွေးသွားမည်ဖြစ်ဟု သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
0 comments:
Post a Comment