ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ ပြည်နယ် (၇၇) ခုအနက် ပြည်နယ် (၂၄) ခုတို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ ( African Swine Fever- ASF ) နှင့်ပတ်သက်သည့် အထူးသတိပေးချက်များကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (သောကြာ) နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်ပြည်နယ် (၇) ခုပါဝင်ကြောင်း၊ အဆိုပါပြည်နယ်များမှာ ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ ရာချာဘူရီ၊ ရနောင်း၊ ပတ်ချာဘူရီနှင့်တာခ့်ပြည်နယ်များ ဖြစ်ကြောင်း၊ တာခ့်ပြည်နယ်တွင် ခရိုင် (၅) ခုဖြစ်သည့် မဲဆောက်၊ တာဆောင်ရန်း၊ အုန်းဖန်၊မဲရက်စ်မက်နှင့် ဖော့ဖရာခရိုင်တို့၌လည်းကောင်း၊ ပတ်ချာဘူရီပြည်နယ်တွင် နောင်ရာပလောင်နှင့်ကန်ခရာချန် ခရိုင်များ၌လည်းကောင်း၊အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ အထူးစောင့်ကြည့်မှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။