Monday, September 30, 2019

သက္ႀကီး လူရႊင္ေတာ္ေတြကုိ ပကာသနမပါပဲ သိန္းဆယ္ခ်ီ လွဴဒါန္းခဲ့တဲ့ ျမင့္ျမတ္

Image may contain: 3 people, people smiling, people sittingImage may contain: 3 people, people smiling, people standing

ဂ်င္းေကာင္ဆုိရင္ ပရိတ္သတ္ႀကီးခ်စ္တဲ့ အႏုပညာရွင္ ျမင့္ျမတ္ကုိ ျမင္ၾကမွာပါေနာ္။ သူ႕ရဲ႕အႏုပညာဟာ အံၾသဖို႔ေကာင္းေလာက္ေအာင္ကုိ စြမ္းေဆာင္ႏုိင္တဲ့ သရုပ္ေဆာင္ တစ္ဦးပါပဲ။ ဇတ္ရုပ္ကုိ ပီျပင္ေအာင္ က်ရာေနရာကေန တာဝန္ေက်တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ အကယ္ဒမီဆုကုိလည္း ရရွိထားၿပီး ပရိတ္သတ္ေတြရဲ႕ ရင္ထဲက ထာဝရအႏုပညာရွင္တစ္ဦးပါပဲ။ သူ႔ရဲ႕ဘဝမွာ ခ်စ္ဖို႔ေကာင္းတဲ့ ဇနီးေခ်ာေလးကို ပုိင္ဆုိင္ထားၿပီး သားေခ်ာေလးပါ ပုိင္ဆုိင္ထားပါေသးတယ္။

ဒီလုိေအာင္ျမင္ၿပီး ပရိတ္သတ္အခ်စ္ေတာ္ျဖစ္ေနတဲ့ သရုပ္ေဆာင္ ျမင့္ျမတ္ဟာ အလွဴအတန္းမွာလည္း စံျပတစ္ဦးလုိပါပဲ။ မိသားစုလုိက္ အလွူအတန္းေတြမ်ားစြာလုပ္ေလ့ရွိပါတယ္။ အၿမဲတမ္းလုိလုိ လွဴတန္းျဖစ္ေနတဲ့ ျမင့္ျမတ္တုိ႔ မိသားစုဟာ အခုတစ္ခါလည္း သက္ႀကီးလူရႊင္ေတာ္ေတြကုိ အလွဴေငြေတြ လွဴဒါန္းခဲ့ပါတယ္။ သူတုိ႔ မိသားစုေလးဟာ ဘယ္ေလာက္ပဲ လွဴတန္းေနပါေစ ဘယ္ေတာ့မွာ ၾကြားဝါတာမ်ိဳးမရွိဘဲ ရုိးသားစြာ ကူညီေထာက္ပံ့တာေၾကာင့္ လူခ်စ္လူခင္လည္း ေပါမ်ားပါတယ္။
အခုလုိ သက္ႀကီးလူရႊင္ေတာ္အဖဲြ႔ကုိလွဴဒါန္းခ်ိန္မွာလည္း မည္သူမွ် မသိေအာင္ ဒီအတုိင္း ရုိးရုိးေလးပဲ လွဴဒါန္းခဲ့တာပါ။ ဒီလုိ လွဴဒါန္းခဲ့လို႔ ဟာသသရုပ္ေဆာင္ ကိုခ်က္ႀကီးက ယခုလုိ ဂုဏ္ျပဳပါေသးတယ္။ သက္ႀကီးလူရႊင္ေတာ္မ်ားကို အလွဴေငြ(10)သိန္းက်ပ္ ကူညီေထာက္ပံ့မူ႔အတြက္ ကိုျမင့္ျမတ္အား လူရႊင္ေတာ္အသင္းကိုယ္စား ဂုဏ္ျပဳမွတ္တမ္းေပးအပ္ခဲ့ပါတယ္ခင္ဗ်ာ အခုလုိ အလွဴအတန္းေတြကုိ ပကာသန မပါပဲ အၿမဲတမ္းလွဴဒါန္းေနတဲ့ ကုိျမင့္ျမတ္တုိ႔ မိသားစုေလး ထာဝရက်န္းမာေပ်ာ္ရႊင္ပါေစေနာ္။
<<unicode>>
သက်ကြီး လူရွှင်တော်တွေကို ပကာသနမပါပဲ သိန်းဆယ်ချီ လှူဒါန်းခဲ့တဲ့ မြင့်မြတ်
Monday, September 30, 2019

ဂျင်းကောင်ဆိုရင် ပရိတ်သတ်ကြီးချစ်တဲ့ အနုပညာရှင် မြင့်မြတ်ကို မြင်ကြမှာပါနော်။ သူ့ရဲ့အနုပညာဟာ အံသြဖို့ကောင်းလောက်အောင်ကို စွမ်းဆောင်နိုင်တဲ့ သရုပ်ဆောင် တစ်ဦးပါပဲ။ ဇတ်ရုပ်ကို ပီပြင်အောင် ကျရာနေရာကနေ တာဝန်ကျေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အကယ်ဒမီဆုကိုလည်း ရရှိထားပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲက ထာဝရအနုပညာရှင်တစ်ဦးပါပဲ။ သူ့ရဲ့ဘဝမှာ ချစ်ဖို့ကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားပြီး သားချောလေးပါ ပိုင်ဆိုင်ထားပါသေးတယ်။
ဒီလိုအောင်မြင်ပြီး ပရိတ်သတ်အချစ်တော်ဖြစ်နေတဲ့ သရုပ်ဆောင် မြင့်မြတ်ဟာ အလှူအတန်းမှာလည်း စံပြတစ်ဦးလိုပါပဲ။ မိသားစုလိုက် အလှူအတန်းတွေများစွာလုပ်လေ့ရှိပါတယ်။ အမြဲတမ်းလိုလို လှူတန်းဖြစ်နေတဲ့ မြင့်မြတ်တို့ မိသားစုဟာ အခုတစ်ခါလည်း သက်ကြီးလူရွှင်တော်တွေကို အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်။ သူတို့ မိသားစုလေးဟာ ဘယ်လောက်ပဲ လှူတန်းနေပါစေ ဘယ်တော့မှာ ကြွားဝါတာမျိုးမရှိဘဲ ရိုးသားစွာ ကူညီထောက်ပံ့တာကြောင့် လူချစ်လူခင်လည်း ပေါများပါတယ်။
အခုလို သက်ကြီးလူရွှင်တော်အဖွဲ့ကိုလှူဒါန်းချိန်မှာလည်း မည်သူမျှ မသိအောင် ဒီအတိုင်း ရိုးရိုးလေးပဲ လှူဒါန်းခဲ့တာပါ။ ဒီလို လှူဒါန်းခဲ့လို့ ဟာသသရုပ်ဆောင် ကိုချက်ကြီးက ယခုလို ဂုဏ်ပြုပါသေးတယ်။ သက်ကြီးလူရွှင်တော်များကို အလှူငွေ(10)သိန်းကျပ် ကူညီထောက်ပံ့မူ့အတွက် ကိုမြင့်မြတ်အား လူရွှင်တော်အသင်းကိုယ်စား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ပါတယ်ခင်ဗျာ အခုလို အလှူအတန်းတွေကို ပကာသန မပါပဲ အမြဲတမ်းလှူဒါန်းနေတဲ့ ကိုမြင့်မြတ်တို့ မိသားစုလေး ထာဝရကျန်းမာပျော်ရွှင်ပါစေနော်။
#Myanmar_Online_News #မြင့်မြတ်

0 comments:

Post a Comment