Monday, September 30, 2019


Image may contain: 3 people, people sitting and food

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းအရ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကျေးရွာအနီးရှိ လမ်းမပေါ်၌ စစ်ဆေး ဆောင်ရွက်စဉ် ဝမ်မိုင်ကျေးရွာလမ်းမအတိုင်းလမ်းလျှောက်လာသော သူရိန်ထွန်း(ဘ) ဦးထွန်းလှစိန်အား စစ်ဆေးရှာဖွေရာ ၄င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ WY စာတန်းပါ နီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၆ဝဝဝ ပြားနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၅ နာရီခွဲခန့်တွင် ပါဆပ်ရပ်ကွက်၊ ပါဆပ်ဘုန်း တော်ကြီးကျောင်း၊ လမ်းသွယ်(၂)နေ ညီညီနိုင်၏ နေအိမ်ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ ၄င်းအားမတွေ့ရှိရဘဲ ခြံဝင်းအတွင်းမှ ဆိုဒီယမ်ဆိုင်ယာနိုက်အဖြူရောင်အခဲ ၁၈ဝဝ ကီလိုဂရမ်ခန့်အားလည်းကောင်း၊ နံနက် ၆ နာရီခွဲခန့်တွင် ဝမ်လုံအုပ်စု၊ လွယ်စီတုံ-ယန်းခေါင်သွားကားလမ်း၊ ယန်းခေါင်ကျောက်ခွဲစက်ဘေးရှိ မဘူးဒို(ဘ)ဦးအာမင် နေထိုင်သည့်တဲအတွင်း ဝင်ရောက်ရှာဖွေရာ ၄င်းနှင့် မဘူးစု(ဘ)ဦးအားချာတို့ နှစ်ဦးအား WY စာတန်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၃၂ဝ ပြားနှင့်လည်းကောင်း၊ နံနက် ၈ နာရီ မိနစ် ၅ဝ ခန့်တွင် လွယ်စီတုံအောက်ရွာနေ အားမဲ(ဘ)ဦးအားထူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၄င်းအား WY စာတန်းပါ နီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၉၇၄၄ ပြားနှင့် ဘိန်းစိမ်းအမည်းရောင်အစေး ၅ဝ ဂရမ်ခန့်(စုစုပေါင်းမူးယစ် ဆေးဝါးခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၃၇ဝ ကျော်) တို့နှင့်အတူ အသီးသီး ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

<Unicode>
တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
Monday, September 30, 2019

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းအရ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကျေးရွာအနီးရှိ လမ်းမပေါ်၌ စစ်ဆေး ဆောင်ရွက်စဉ် ဝမ်မိုင်ကျေးရွာလမ်းမအတိုင်းလမ်းလျှောက်လာသော သူရိန်ထွန်း(ဘ) ဦးထွန်းလှစိန်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ WY စာတန်းပါ နီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၆ဝဝဝ ပြားနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၅ နာရီခွဲခန့်တွင် ပါဆပ်ရပ်ကွက်၊ ပါဆပ်ဘုန်း တော်ကြီးကျောင်း၊ လမ်းသွယ်(၂)နေ ညီညီနိုင်၏ နေအိမ်ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိရဘဲ ခြံဝင်းအတွင်းမှ ဆိုဒီယမ်ဆိုင်ယာနိုက်အဖြူရောင်အခဲ ၁၈ဝဝ ကီလိုဂရမ်ခန့်အားလည်းကောင်း၊ နံနက် ၆ နာရီခွဲခန့်တွင် ဝမ်လုံအုပ်စု၊ လွယ်စီတုံ-ယန်းခေါင်သွားကားလမ်း၊ ယန်းခေါင်ကျောက်ခွဲစက်ဘေးရှိ မဘူးဒို(ဘ)ဦးအာမင် နေထိုင်သည့်တဲအတွင်း ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် မဘူးစု(ဘ)ဦးအားချာတို့ နှစ်ဦးအား WY စာတန်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၃၂ဝ ပြားနှင့်လည်းကောင်း၊ နံနက် ၈ နာရီ မိနစ် ၅ဝ ခန့်တွင် လွယ်စီတုံအောက်ရွာနေ အားမဲ(ဘ)ဦးအားထူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား WY စာတန်းပါ နီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၉၇၄၄ ပြားနှင့် ဘိန်းစိမ်းအမည်းရောင်အစေး ၅ဝ ဂရမ်ခန့်(စုစုပေါင်းမူးယစ် ဆေးဝါးခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၃၇ဝ ကျော်) တို့နှင့်အတူ အသီးသီး ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment