
တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားေသာ တုိင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အ စည္းမ်ား (NCA-S EAO) ၏ ပဥၥမအႀကိမ္ေျမာက္ ၿငိမ္းခ်မ္းေရးျဖစ္ စဥ္တြင္ အမ်ဳိး သမီးမ်ား၏ ေခါင္းေဆာင္မႈျမွင့္တင္ေရး အစီအစဥ္ (5th Workshop for Women Leadership in Peace Process-WLPP) အျဖစ္ လံုၿခံဳေရး က႑ ျပဳျပင္ေျပာင္းလဲမႈ (Security Sector Reform) ဆိုင္ရာ အလုပ္ ရံုေဆြးေႏြးပြဲ ကို ရန္ကုန္ၿမိဳ႕တြင္ က်င္းပလ်က္ရွိရာ ယေန႔ အလုပ္ ရံုေဆြးေႏြးပြဲ ပဥၥမေျမာက္ေန႔ (ေနာက္ဆံုးေန႔) နံနက္ပိုင္း တြင္ လံုၿခံဳေရး က႑ျပဳျပင္ေျပာင္းလဲမႈႏွင့္ သက္ဆိုင္ေသာ Panel Discussion တစ္ခု ျပဳလုပ္က်င္းပခဲ့သည္။
ယခု Panel Discussion တြင္ ပအုိ၀္းအမ်ဳိးသားလြတ္ေျမာက္ေရး အဖြဲ႕ ခ်ဳပ္ (PNLO) ဦးေဆာင္နာယက ဗိုလ္မွဴးႀကီး ခြန္ဥကၠာ၊ အလုပ္ ရံုေဆြးေႏြးပြဲတြင္ ပင္တိုင္ေဆြးေႏြးေဟာေျပာခဲ့သည့္ MIGS ႏွင့္ Myanmar Institute of Peace & Security Studies (MIPSS) ကုိတည္ေထာင္သူႏွင့္ ဒါရိုက္တာျဖစ္သူ ေဒၚခင္မမမ်ိဳး၊ တေကာင္းႏုိင္ငံေရးေလ့လာမႈအဖြဲ႕ အမႈေဆာင္ဒါရိုက္တာ ဦးရဲမ်ဳိးဟိန္း တို႔မွ ျမန္မာႏိုင္ငံ၏ လံုၿခဳံေရး က႑ျပဳျပင္ေျပာင္းလဲမႈဆိုင္ရာ ေနာက္ခံသမိုင္းေၾကာင္းမ်ား၊ ယေန႔ ျမန္မာႏုိင္ငံ၏ လံုၿခံဳေရးက႑ဆိုင္ရာျပဳျပင္ေျပာင္းလဲမႈႏွင့္ ပတ္္သက္ၿပီး ကမာၻ႕ႏိုင္ငံအခ်ဳိ႕၏ (SSR) ဆိုင္ရာ အေတြ႕အႀကံဳမ်ားေပၚ မူတည္ၿပီး မိမိတို႔ႏိုင္ငံ ဘယ္ကိုေရာက္ေနၿပီလဲ (Where we are now?) ႏွင့္ သက္ဆိုင္သည္မ်ား၊ ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္္းစဥ္တြင္ ပါ၀င္လ်က္ရွိသည့္ အဓိက Stakeholders မ်ားအၾကား လံုၿခံဳေရးက ႑ျပဳျပင္ေျပာင္းလဲမႈႏွင့္ပတ္သက္သည့္ အဓိက ေတြးေခၚမႈႏွစ္ ရပ္ျဖစ္သည့္ ႏိုင္ငံေတာ္ဗဟိုျပဳလံုၿခံဳေရးအျမင္ႏွင့္ လူသားဗဟိုျပဳ လံုၿခံဳေရးအျမင္ တို႔ႏွင့္ပတ္သက္ၿပီး ေတြးေခၚမႈ မတူညီမႈမ်ား၊ လူ႔အဖြဲ႕အ စည္း လံုၿခံဳေရး (Societal Security) ၏ အေရးပါသည့္ အခန္းက႑တို႔ကို ေဆြးေႏြးေဟာေျပာခဲ့ၾကသည္။
Panelist မ်ား၏ ေဆြးေႏြးမႈအၿပီးတြင္ အလုပ္ရံုေဆြးေႏြးပြဲတက္ေရာက္ လာၾကသည့္ NCA-S EAO မွ အမ်ဳိးသမီးေခါင္းေဆာင္ကိုယ္စား လွယ္မ်ားမွ ေမးခြန္းမ်ား ေမးျမန္းၾကရာ ေဆြးေႏြးေဟာေျပာသူမ်ားမွ ျပန္လည္ ေျဖၾကားေပးခဲ့ေၾကာင္းသိရွိရသည္။




<<Unicode>>
(၅) ကြိမ်မြောက် WLPP အလုပ်ရုံဆွေးနွေးပွဲ ပဉ္စမမြောက်နေ့ (နောက်ဆုံးနေ့) နံနက်ပိုင်း Panel Discussion ကျင်းပ
Monday, September 30, 2019
Monday, September 30, 2019
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အ စည်းများ (NCA-S EAO) ၏ ပဉ္စမအကြိမ်မြောက် ငြိမ်းချမ်းရေးဖြစ် စဉ်တွင် အမျိုး သမီးများ၏ ခေါင်းဆောင်မှုမြှင့်တင်ရေး အစီအစဉ် (5th Workshop for Women Leadership in Peace Process-WLPP) အဖြစ် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှု (Security Sector Reform) ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိရာ ယနေ့ အလုပ် ရုံဆွေးနွေးပွဲ ပဉ္စမမြောက်နေ့ (နောက်ဆုံးနေ့) နံနက်ပိုင်း တွင် လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုနှင့် သက်ဆိုင်သော Panel Discussion တစ်ခု ပြုလုပ်ကျင်းပခဲ့သည်။
ယခု Panel Discussion တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ အလုပ် ရုံဆွေးနွေးပွဲတွင် ပင်တိုင်ဆွေးနွေးဟောပြောခဲ့သည့် MIGS နှင့် Myanmar Institute of Peace & Security Studies (MIPSS) ကိုတည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ဒေါ်ခင်မမမျိုး၊ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်း တို့မှ မြန်မာနိုင်ငံ၏ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုဆိုင်ရာ နောက်ခံသမိုင်းကြောင်းများ၊ ယနေ့ မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍဆိုင်ရာပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအချို့၏ (SSR) ဆိုင်ရာ အတွေ့အကြုံများပေါ် မူတည်ပြီး မိမိတို့နိုင်ငံ ဘယ်ကိုရောက်နေပြီလဲ (Where we are now?) နှင့် သက်ဆိုင်သည်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လျက်ရှိသည့် အဓိက Stakeholders များအကြား လုံခြုံရေးက ဏ္ဍပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်သည့် အဓိက တွေးခေါ်မှုနှစ် ရပ်ဖြစ်သည့် နိုင်ငံတော်ဗဟိုပြုလုံခြုံရေးအမြင်နှင့် လူသားဗဟိုပြု လုံခြုံရေးအမြင် တို့နှင့်ပတ်သက်ပြီး တွေးခေါ်မှု မတူညီမှုများ၊ လူ့အဖွဲ့အ စည်း လုံခြုံရေး (Societal Security) ၏ အရေးပါသည့် အခန်းကဏ္ဍတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။
Panelist များ၏ ဆွေးနွေးမှုအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲတက်ရောက် လာကြသည့် NCA-S EAO မှ အမျိုးသမီးခေါင်းဆောင်ကိုယ်စား လှယ်များမှ မေးခွန်းများ မေးမြန်းကြရာ ဆွေးနွေးဟောပြောသူများမှ ပြန်လည် ဖြေကြားပေးခဲ့ကြောင်းသိရှိရသည်။
Ref-#NCA_S_EAO
#Myanmar_Online_News #WLPP #ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
#Myanmar_Online_News #WLPP #ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
0 comments:
Post a Comment