Monday, September 30, 2019

ေမြးရပ္ေျမရြာကေလးမွာ လုိအပ္တာေတာ္ေတာ္မ်ားမ်ားကို လွဴဒါန္းျဖည့္ဆည္းေပးေပမဲ့ ၾကြားတယ္ထင္မွာစိုး အကုန္လံုးကို လွဴတိုင္း ထုတ္မေျပာျဖစ္ပါဘူးဆိုတဲ့ ေနမင္း

Image may contain: 13 people, people eating, people sitting and food

ရုပ္ရွင္သရုပ္ေဆာင္ ေနမင္းဟာ ေတာနယ္ကေလးမွာ ေမြးဖြားလာေပမယ့္ ဒီေန႔အထိ ေမြးရပ္ေျမေလးကို မေမ့ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ေနမင္းရဲ႕ ေမြးရပ္ဇာတိကေတာ့ ပဲခူးတိုင္းေဒသၾကီး ၊ ပဲခူးၿမိဳ႕ မွာရွိတဲ့ သကၠလေက်း႐ြာ ျဖစ္ပါတယ္။ သူဟာ ရြာမွာေမြးလို႔လည္းသိမ္ငယ္စိတ္မရွိပါဘူးတဲ့။ ေတာမွာေမြးေပမယ့္ ၾကိဳးစားရုန္းကန္ရင္းအခုလိုဘဝကိုေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ေနမင္းက ‘’ ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြမွာကေလ ကိုယ့္ကိုယ္ကိုယ္ နယ္က လာလို႔ရွိရင္ သိမ္ငယ္တဲ့စိတ္ေလးေတြရွိၾကတယ္။ ကြၽန္ေတာ္ကေတာ့ အဲဒါမ်ိဳး မျဖစ္ေစခ်င္ဘူး။ တကယ္ေတာ့ နယ္က လာတဲ့ လူတစ္ေယာက္က ႀကိဳးစားရင္ ျဖစ္ႏိုင္တာပဲ။ နယ္ကလာတဲ့ လူအတြက္က ရန္ကုန္လိုေနရာမ်ိဳးလာလို႔ရွိရင္ ေတာ္ေတာ္ေလးကို ႀကိဳးစားရတယ္ေပါ့ေနာ္။ ကိုယ္လည္း ေတာကတက္လာၿပီးေတာ့ ဒီလိုအေျခအေနကို ေရာက္တယ္ေပါ့ေနာ္။ ဒါကို ေတာက တက္လာတဲ့ လူငယ္ေတြ အကုန္လုံးက ႀကိဳးစားခ်င္တဲ့ စိတ္မ်ားရွိမလားဆိုၿပီးေတာ့ ကြၽန္ေတာ့္ အေတြးေလးနဲ႔ ကြၽန္ေတာ္ ေျဖၾကည့္တာေပါ့ေနာ္’’ လို႔ ေမးျမန္းမႈတစ္ခုမွာ ေျဖဆိုထားပါတယ္။
သူဟာ ရြာမွာလုိအပ္တာေတာ္ေတာ္မ်ားမ်ားကို လွဴဒါန္းျဖည့္ဆည္းေပးမႈရွိတယ္လို႔ သိရျပီးေတာ့ အကုန္လံုးကို လွဴတိုင္း ထုတ္မေျပာတာကလည္းၾကြားတယ္ထင္ေနမွာစိုးတာေၾကာင့္ျဖစ္တယ္လို႔သိရပါတယ္။ မ်ားေသာအားျဖင့္ ရြာမွာလိုအပ္တဲ့ ေရကန္ ၊ မီးသျဂိဳလ္စက္ ၊ တံတားေဆာက္တာ ၊ကားလမ္းခင္းတာ ၊ထရန္စေဖာ္မာတပ္တာ စတာေတြကို ျဖည့္ဆည္းလွဴဒါန္းခဲ့တယ္လို႔သိရပါတယ္။
လက္ရွိမွာေတာ့ သရုပ္ေဆာင္ ေနမင္းဟာ မိသားစု စီးပြားေရးေတြကို ဦးေဆာင္လုပ္ေနရတာေၾကာင့္ ဇာတ္ကားရိုက္တာ က်ဲသလိုျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူကို အခုလို သရုပ္ေဆာင္ျဖစ္လာေအာင္ အားေပးခဲ့တဲ့ ပရိသတ္ကိုလည္း ေက်းဇူးအထူးတင္ရင္းအျမဲသတိတရရွိတယ္လို႔ ဆိုပါတယ္။
<<unicode>>
မွေးရပ်မြေရွာကလေးမှာ လိုအပ်တာတော်တော်များများကို လှူဒါန်းဖြည့်ဆည်းပေးပေမဲ့ ကြွားတယ်ထင်မှာစိုး အကုန်လုံးကို လှူတိုင်း ထုတ်မပြောဖြစ်ပါဘူးဆိုတဲ့ နေမင်း
Monday, September 30, 2019

ရုပ်ရှင်သရုပ်ဆောင် နေမင်းဟာ တောနယ်ကလေးမှာ မွေးဖွားလာပေမယ့် ဒီနေ့အထိ မွေးရပ်မြေလေးကို မမေ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။နေမင်းရဲ့ မွေးရပ်ဇာတိကတော့ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ မှာရှိတဲ့ သက္ကလကျေးရွာ ဖြစ်ပါတယ်။ သူဟာ ရွာမှာမွေးလို့လည်းသိမ်ငယ်စိတ်မရှိပါဘူးတဲ့။ တောမှာမွေးပေမယ့် ကြိုးစားရုန်းကန်ရင်းအခုလိုဘဝကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။
နေမင်းက ‘’ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာကလေ ကိုယ့်ကိုယ်ကိုယ် နယ်က လာလို့ရှိရင် သိမ်ငယ်တဲ့စိတ်လေးတွေရှိကြတယ်။ ကျွန်တော်ကတော့ အဲဒါမျိုး မဖြစ်စေချင်ဘူး။ တကယ်တော့ နယ်က လာတဲ့ လူတစ်ယောက်က ကြိုးစားရင် ဖြစ်နိုင်တာပဲ။ နယ်ကလာတဲ့ လူအတွက်က ရန်ကုန်လိုနေရာမျိုးလာလို့ရှိရင် တော်တော်လေးကို ကြိုးစားရတယ်ပေါ့နော်။ ကိုယ်လည်း တောကတက်လာပြီးတော့ ဒီလိုအခြေအနေကို ရောက်တယ်ပေါ့နော်။ ဒါကို တောက တက်လာတဲ့ လူငယ်တွေ အကုန်လုံးက ကြိုးစားချင်တဲ့ စိတ်များရှိမလားဆိုပြီးတော့ ကျွန်တော့် အတွေးလေးနဲ့ ကျွန်တော် ဖြေကြည့်တာပေါ့နော်’’ လို့ မေးမြန်းမှုတစ်ခုမှာ ဖြေဆိုထားပါတယ်။
သူဟာ ရွာမှာလိုအပ်တာတော်တော်များများကို လှူဒါန်းဖြည့်ဆည်းပေးမှုရှိတယ်လို့ သိရပြီးတော့ အကုန်လုံးကို လှူတိုင်း ထုတ်မပြောတာကလည်းကြွားတယ်ထင်နေမှာစိုးတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ များသောအားဖြင့် ရွာမှာလိုအပ်တဲ့ ရေကန် ၊ မီးသဂြိုလ်စက် ၊ တံတားဆောက်တာ ၊ကားလမ်းခင်းတာ ၊ထရန်စဖော်မာတပ်တာ စတာတွေကို ဖြည့်ဆည်းလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ သရုပ်ဆောင် နေမင်းဟာ မိသားစု စီးပွားရေးတွေကို ဦးဆောင်လုပ်နေရတာကြောင့် ဇာတ်ကားရိုက်တာ ကျဲသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူကို အခုလို သရုပ်ဆောင်ဖြစ်လာအောင် အားပေးခဲ့တဲ့ ပရိသတ်ကိုလည်း ကျေးဇူးအထူးတင်ရင်းအမြဲသတိတရရှိတယ်လို့ ဆိုပါတယ်။
#Myanmar_Online_News #NayMin #ပဲခူး

0 comments:

Post a Comment