Monday, September 30, 2019

ေနာင္ခ်ိဳၿမိဳ႕နယ္၌ ႏိုင္ငံျခားသူ(၁) ဦးထံမွ ပစၥည္းခိုးယူခဲ့သူအား ဖမ္းဆီး

Image may contain: one or more people

ေနာင္ခ်ိဳၿမိဳ႕နယ္၌ ႏိုင္ငံျခားသူ(၁) ဦးထံမွ ပစၥည္းမ်ား ခိုးယူခဲ့သည့္ သိန္းထြန္းအား ဂုတ္ထိပ္ေက်း႐ြာ တံတားလုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါသည္။

စက္တင္ဘာလ ၂၉ ရက္ေန႔ ၁၁ နာရီ ၁၅ မိနစ္တြင္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ဂုတ္ထိပ္ေက်း႐ြာ တံတားလုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ဂုတ္ထိပ္ဘူတာတြင္ မသကၤာဖြယ္ လူ ၁ ဦး ေတြ႕ရွိ ေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ သိန္းထြန္း(ခ)ဘာဘူအား ေတြ႕ရွိခဲ့သျဖင့္ ၎အား စစ္ေမးရာ အမွတ္(၁၃၁) မႏၲေလး-လားရႈိး အဆန္ရထားျဖင့္ မႏၲေလးမွ လားရႈိးသို႔ လိုက္ပါလာခဲ့ေၾကာင္း၊ ဂုတ္ထိပ္ဘူတာအနီးအေရာက္၌ တစ္တြဲတည္း လိုက္ပါလာေသာ ႏိုင္ငံျခားသူ ၁ ဦး(စိစစ္ဆဲ)၏ ပစၥည္းတင္စင္ေပၚ တင္ထားသည့္ ခရီးေဆာင္အိတ္အား ခိုးယူ၍ ရထားေပၚမွ ပစ္ခ်ခဲ့ေၾကာင္းႏွင့္ ဂုတ္ထိပ္ဘူတာတြင္ ရထားရပ္စဥ္ အဆိုပါအိတ္အား သြားေရာက္ေကာက္ ယူရန္ ရထားေပၚမွဆင္းခဲ့ေၾကာင္း သိရွိပါသည္။
၎ေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ အဆိုပါခရီး ေဆာင္အိတ္အား လိုက္လံရွာေဖြရာ ဂုတ္ထိပ္ေက်း႐ြာအနီး ရထားလမ္း မိုင္တိုင္(၄၁၆/၁၂-၁၃)ၾကား၌ အေမရိကန္ေဒၚလာ ၁၃ ေဒၚလာ၊ အင္ဒိုနီးရွားေငြ/ အေႂကြေစ့ေရာရာ ၅၀,၈၀၀ ႐ူပီးရား၊ ဗီယက္နမ္ေငြ ၄၀,၀၀၀ ေဒါင္၊ တ႐ုတ္ေငြ ၅၅၀ ယြမ္၊ Apple တံဆိပ္ပါ ဖုန္းဘတၳရီ ၁ လုံး၊ ဖုန္းအားသြင္းႀကိဳး ၅ ေခ်ာင္း၊ ေဆးဝါးမ်ား၊ အဝတ္အစားမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား ထည့္ထားသည့္ ခရီးေဆာင္အိတ္ ၁ လုံးအား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရပါသည္။
သိန္းထြန္း(ခ) ဘာဘူ(ဖမ္းမိ)အား ေနာင္ခ်ိဳၿမိဳ႕မရဲစခန္း (ပ)၂၀၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/က်င့္ ၅၄(ခိုးမႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးခဲ့ပါသည္။ အဆိုပါခရီးေဆာင္အိတ္ပိုင္ရွင္ ႏိုင္ငံျခားသူသည္ သီေပါၿမိဳ႕ဘူတာ၌ ဆင္းသြားေၾကာင္း သိရွိရသျဖင့္ စုံစမ္းခဲ့ရာ ၎မွာ ကေနဒါႏိုင္ငံသူ Amy Melissa Tom အသက္ (၂၃)ႏွစ္ျဖစ္ၿပီး ၎ထံ ဆက္သြယ္အေၾကာင္းၾကားထားရွိေၾကာင္း သိရွိရပါသည္။
<<unicode>>
နောင်ချိုမြို့နယ်၌ နိုင်ငံခြားသူ(၁) ဦးထံမှ ပစ္စည်းခိုးယူခဲ့သူအား ဖမ်းဆီး
Monday, September 30, 2019

နောင်ချိုမြို့နယ်၌ နိုင်ငံခြားသူ(၁) ဦးထံမှ ပစ္စည်းများ ခိုးယူခဲ့သည့် သိန်းထွန်းအား ဂုတ်ထိပ်ကျေးရွာ တံတားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ ၁၁ နာရီ ၁၅ မိနစ်တွင် နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်ကျေးရွာ တံတားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် ဂုတ်ထိပ်ဘူတာတွင် မသင်္ကာဖွယ် လူ ၁ ဦး တွေ့ရှိ ကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သိန်းထွန်း(ခ)ဘာဘူအား တွေ့ရှိခဲ့သဖြင့် ၎င်းအား စစ်မေးရာ အမှတ်(၁၃၁) မန္တလေး-လားရှိုး အဆန်ရထားဖြင့် မန္တလေးမှ လားရှိုးသို့ လိုက်ပါလာခဲ့ကြောင်း၊ ဂုတ်ထိပ်ဘူတာအနီးအရောက်၌ တစ်တွဲတည်း လိုက်ပါလာသော နိုင်ငံခြားသူ ၁ ဦး(စိစစ်ဆဲ)၏ ပစ္စည်းတင်စင်ပေါ် တင်ထားသည့် ခရီးဆောင်အိတ်အား ခိုးယူ၍ ရထားပေါ်မှ ပစ်ချခဲ့ကြောင်းနှင့် ဂုတ်ထိပ်ဘူတာတွင် ရထားရပ်စဉ် အဆိုပါအိတ်အား သွားရောက်ကောက် ယူရန် ရထားပေါ်မှဆင်းခဲ့ကြောင်း သိရှိပါသည်။
၎င်းနောက် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါခရီး ဆောင်အိတ်အား လိုက်လံရှာဖွေရာ ဂုတ်ထိပ်ကျေးရွာအနီး ရထားလမ်း မိုင်တိုင်(၄၁၆/၁၂-၁၃)ကြား၌ အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ၊ အင်ဒိုနီးရှားငွေ/ အကြွေစေ့ရောရာ ၅၀,၈၀၀ ရူပီးရား၊ ဗီယက်နမ်ငွေ ၄၀,၀၀၀ ဒေါင်၊ တရုတ်ငွေ ၅၅၀ ယွမ်၊ Apple တံဆိပ်ပါ ဖုန်းဘတ္ထရီ ၁ လုံး၊ ဖုန်းအားသွင်းကြိုး ၅ ချောင်း၊ ဆေးဝါးများ၊ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် ခရီးဆောင်အိတ် ၁ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
သိန်းထွန်း(ခ) ဘာဘူ(ဖမ်းမိ)အား နောင်ချိုမြို့မရဲစခန်း (ပ)၂၀၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄(ခိုးမှု)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပါသည်။ အဆိုပါခရီးဆောင်အိတ်ပိုင်ရှင် နိုင်ငံခြားသူသည် သီပေါမြို့ဘူတာ၌ ဆင်းသွားကြောင်း သိရှိရသဖြင့် စုံစမ်းခဲ့ရာ ၎င်းမှာ ကနေဒါနိုင်ငံသူ Amy Melissa Tom အသက် (၂၃)နှစ်ဖြစ်ပြီး ၎င်းထံ ဆက်သွယ်အကြောင်းကြားထားရှိကြောင်း သိရှိရပါသည်။
#Myanmar_Online_News #နောင်ချို

0 comments:

Post a Comment