
ကုေဋႂကြယ္သူေဌး၊ ထီထြင္ဖန္တီးသူ အယ္လြန္ မက္စ္က္က စေနေန႔မွာ သူ႔ရဲ႕ Space Xကုမၸဏီက မၾကာေသးခင္မွာတပ္ဆင္ၿပီးတဲ့ အဂၤါၿဂိဳဟ္ကိုသြားမယ့္ အာကာသယာဥ္နမူနာကို ထုတ္ျပခဲ့ပါတယ္။ အာကာသအေရး စိတ္၀င္စားသူေတြနဲ႔ သတင္းေထာက္ေတြကို တကၠဆက္ျပည္နယ္မွာ႐ွိတဲ့ Space Xရဲ႕ဒံုးပ်ံအဆင့္ႁမွင့္တင္ေရးေနရာမွာ အာကာသယာဥ္စတား႐ွစ္ပ္က လနဲ႔အဂၤါၿဂိဳဟ္ကိုဆင္းသက္ေနတာေတြပါ၀င္တဲ့ ဂရက္ဖစ္႐ုပ္သံကို ေဖာ္ထုတ္ျပသခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္။
လာမယ့္ ၆ လအတြင္း အဲဒီဒံုးပ်ံက ခရီးထြက္ႏိုင္မွာျဖစ္ၿပီး ကုမၸဏီရဲ႕လူလိုက္ပါတဲ့ အာကာသခရီးစဥ္ေတြ အၿပီးမွာ ထြက္ခြာမွာလို႔သိရပါတယ္။
စတား႐ွစ္ပ္ဟာ သံမဏိဒုံးပ်ံယာဥ္ျဖစ္ၿပီး လကမာၻနဲ႔အဂၤါၿဂိဳဟ္တို႔ကို လူဒါဇင္ခ်ီ အသြားအျပန္ပို႔ေပးႏိုင္မွာျဖစ္ပါတယ္။ ဂ်ပန္ကုေဋႂကြယ္သူေဌးယာဆူကာ မဲဇာဝါက ခရီးစဥ္ရဲ႕ပထမဆံုးခရီးသည္ျဖစ္လာမယ္လို႔ မက္စ္က္က ၂၀၁၈ ခုႏွစ္မွာ ထုတ္ေျပာခဲ့တာျဖစ္တယ္လို႔ သိရွိရပါတယ္။
မက္စ္က္ရဲ႕လေပၚသြားမယ့္အစီအစသ္ဟာ ၂၀၂၄ ခုႏွစ္ေနာက္ဆံုးထားၿပီး လကမာၻေပၚလူေတြပို႔ေဆာင္သြားမယ့္ နာဆာရဲ႕အာတီးမစ္စ္အစီအစဥ္အရေဆာင္႐ြက္တာပါ။ အာတီးမစ္အစီအစဥ္ဟာ အေမရိကန္အစိုးရရဲ႕ဦးေဆာင္မႈေအာက္မွာ ပုဂၢလိကကုမၸဏီေတြနဲ႔နာဆာတြဲဖက္အလုပ္လုပ္မယ့္ လေပၚသြားမယ့္အစီအစဥ္ျဖစ္ပါတယ္။
အစီအစဥ္အရ နာဆာက SpaceXနဲ႔ ဘိုးအင္းကုမၸဏီတို႔ကို အေမရိကန္ေဒၚလာသန္း ၆၈၀၀ ေပးထားၿပီး ဒံုးပ်ံနဲ႔အာကာသယာဥ္စနစ္ေတြတည္ေဆာက္ဖို႔ တာ၀န္ေပးထားျဖစ္ေၾကာင္း သိရွိရပါတယ္။
<<unicode>>
အင်္ဂါဂြိုဟ်သွားမယ့်ဒုံးပျံသည် ၆ လအတွင်း ခရီးစဉ်စတင်နိုင်မည်ဟုခန့်မှန်း
Tuesday, October 1, 2019
ကုဋေကြွယ်သူဌေး၊ ထီထွင်ဖန်တီးသူ အယ်လွန် မက်စ်က်က စနေနေ့မှာ သူ့ရဲ့ Space Xကုမ္ပဏီက မကြာသေးခင်မှာတပ်ဆင်ပြီးတဲ့ အင်္ဂါဂြိုဟ်ကိုသွားမယ့် အာကာသယာဉ်နမူနာကို ထုတ်ပြခဲ့ပါတယ်။ အာကာသအရေး စိတ်ဝင်စားသူတွေနဲ့ သတင်းထောက်တွေကို တက္ကဆက်ပြည်နယ်မှာရှိတဲ့ Space Xရဲ့ဒုံးပျံအဆင့်မြှင့်တင်ရေးနေရာမှာ အာကာသယာဉ်စတားရှစ်ပ်က လနဲ့အင်္ဂါဂြိုဟ်ကိုဆင်းသက်နေတာတွေပါဝင်တဲ့ ဂရက်ဖစ်ရုပ်သံကို ဖော်ထုတ်ပြသခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
လာမယ့် ၆ လအတွင်း အဲဒီဒုံးပျံက ခရီးထွက်နိုင်မှာဖြစ်ပြီး ကုမ္ပဏီရဲ့လူလိုက်ပါတဲ့ အာကာသခရီးစဉ်တွေ အပြီးမှာ ထွက်ခွာမှာလို့သိရပါတယ်။
စတားရှစ်ပ်ဟာ သံမဏိဒုံးပျံယာဉ်ဖြစ်ပြီး လကမ္ဘာနဲ့အင်္ဂါဂြိုဟ်တို့ကို လူဒါဇင်ချီ အသွားအပြန်ပို့ပေးနိုင်မှာဖြစ်ပါတယ်။ ဂျပန်ကုဋေကြွယ်သူဌေးယာဆူကာ မဲဇာဝါက ခရီးစဉ်ရဲ့ပထမဆုံးခရီးသည်ဖြစ်လာမယ်လို့ မက်စ်က်က ၂၀၁၈ ခုနှစ်မှာ ထုတ်ပြောခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
မက်စ်က်ရဲ့လပေါ်သွားမယ့်အစီအစသ်ဟာ ၂၀၂၄ ခုနှစ်နောက်ဆုံးထားပြီး လကမ္ဘာပေါ်လူတွေပို့ဆောင်သွားမယ့် နာဆာရဲ့အာတီးမစ်စ်အစီအစဉ်အရဆောင်ရွက်တာပါ။ အာတီးမစ်အစီအစဉ်ဟာ အမေရိကန်အစိုးရရဲ့ဦးဆောင်မှုအောက်မှာ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့နာဆာတွဲဖက်အလုပ်လုပ်မယ့် လပေါ်သွားမယ့်အစီအစဉ်ဖြစ်ပါတယ်။
အစီအစဉ်အရ နာဆာက SpaceXနဲ့ ဘိုးအင်းကုမ္ပဏီတို့ကို အမေရိကန်ဒေါ်လာသန်း ၆၈၀၀ ပေးထားပြီး ဒုံးပျံနဲ့အာကာသယာဉ်စနစ်တွေတည်ဆောက်ဖို့ တာဝန်ပေးထားဖြစ်ကြောင်း သိရှိရပါတယ်။
#Myanmar_Online_News #NASA #SpaceX
 






 
 
 
 
 
0 comments:
Post a Comment