Monday, September 30, 2019

၈၆ ႀကိမ္ေျမာက္ မဲေခါင္ ပူးတြဲကင္းလွည့္မႈ ၿပီးဆုံး

Image may contain: one or more people and people standingImage may contain: 1 person, outdoor

၂၀၁၁ ခုႏွစ္၊ ေအာက္တိုဘာ၌ မဲေခါင္ျမစ္ ထိုင္းေရပိုင္နက္ထဲတြင္ ကုန္တင္သေဘၤာ ၂ စီး ျပန္ေပးဆြဲခံရၿပီး တ႐ုတ္သေဘၤာသား ၁၃ ဦး အသတ္ခံရၿပီးေနာက္ မဲေခါင္ျမစ္အတြင္း ၄ ႏိုင္ငံ ပူးတြဲ ကင္းလွည့္ျခင္းကို စတင္လုပ္ေဆာင္ခဲ့ရာ လက္ရွိ တ႐ုတ္၊ လာအို၊ ျမန္မာနဲ႔ ထိုင္းတို႔ရဲ႕ ၈၆ ႀကိမ္ေျမာက္ မဲေခါင္းျမစ္ ပူးတြဲကင္းလွည့္မႈ စက္တင္ဘာလ ၂၇ ရက္ေန႔က ၿပီးဆုံးသြားခဲ့ေၾကာင္း သိရွိရပါသည္။

အဆိုပါ ပူးတြဲကင္းလွည့္မႈကို တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ စစ္ေဆာင္ပနားရွိ ဂူအန္လီ ဆိပ္ကမ္းမွ စတင္ၿပီး ႏိုင္ငံေလးႏိုင္ငံက လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၁၃၆ ဦး၊ ေရယာဥ္ ေျခာက္စီး ပါဝင္ၿပီး မဲေခါင္ျမစ္ေၾကာင္း တစ္ေလွ်ာက္ ေလးရက္ၾကာ ကင္းလွည့္ခဲ့ၾကျခင္းျဖစ္သည္။
ပူးတြဲကင္းလွည့္မႈတြင္ ေ႐ႊႀတိဂံေဒသတြင္း မူးယစ္ေဆးဝါး ကုန္သြယ္မႈ ႏွိမ္နင္းေရးကိုလည္း ေဆာင္႐ြက္ခဲ့ၾကၿပီး တ႐ုတ္ႏိုင္ငံက လာအို ရဲတပ္ဖြဲ႕ စြမ္းေဆာင္ရည္ ျမႇင့္တင္ေရး ရဲသင္တန္းမႉးေတြကိုလည္း ေစလႊတ္ေပးခဲ့ေၾကာင္း သိရွိရပါသည္။
Image may contain: sky, outdoor, nature and water

<<Unicode>>
၈၆ ကြိမ်မြောက် မဲခေါင် ပူးတွဲကင်းလှည့်မှု ပြီးဆုံး
Monday, September 30, 2019

၂၀၁၁ ခုနှစ်၊ အောက်တိုဘာ၌ မဲခေါင်မြစ် ထိုင်းရေပိုင်နက်ထဲတွင် ကုန်တင်သင်္ဘော ၂ စီး ပြန်ပေးဆွဲခံရပြီး တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီးနောက် မဲခေါင်မြစ်အတွင်း ၄ နိုင်ငံ ပူးတွဲ ကင်းလှည့်ခြင်းကို စတင်လုပ်ဆောင်ခဲ့ရာ လက်ရှိ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းတို့ရဲ့ ၈၆ ကြိမ်မြောက် မဲခေါင်းမြစ် ပူးတွဲကင်းလှည့်မှု စက်တင်ဘာလ ၂၇ ရက်နေ့က ပြီးဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ပူးတွဲကင်းလှည့်မှုကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပနားရှိ ဂူအန်လီ ဆိပ်ကမ်းမှ စတင်ပြီး နိုင်ငံလေးနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၆ ဦး၊ ရေယာဉ် ခြောက်စီး ပါဝင်ပြီး မဲခေါင်မြစ်ကြောင်း တစ်လျှောက် လေးရက်ကြာ ကင်းလှည့်ခဲ့ကြခြင်းဖြစ်သည်။
ပူးတွဲကင်းလှည့်မှုတွင် ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု နှိမ်နင်းရေးကိုလည်း ဆောင်ရွက်ခဲ့ကြပြီး တရုတ်နိုင်ငံက လာအို ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး ရဲသင်တန်းမှူးတွေကိုလည်း စေလွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment