Monday, September 30, 2019

NSCN(K) အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိသူတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

Image may contain: one or more people
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ချင်းတွင်းတံတား၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များထံသို့ စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် NSCN(K) အဖွဲ့မှ လဟယ်မြို့နယ်၊ ဝမ်တုံကျေးရွာနေ မြို့နယ်မှူး အဆင့်ရှိ ဦးဝမ်ဝမ်(ဘ)ဦးကမ်ဝမ်သည် ၎င်းကိုင်ဆောင်သည့် ၉ မမပစ္စတိုတစ်လက်၊ ၎င်း ကျည်အိမ်တစ်ခု၊ ကျည်နှစ်တောင့်နှင့် အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သတင်းရရိှသည်။

တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည် လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်
ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူအား တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
#NSCN(K) #လက်နက်ခဲယမ်း #ဥပဒေဘောင်အတွင်း #ဝင်ရောက်
<<Zawgyi>>
NSCN(K) အဖြဲ႕မွ ၿမိဳ႕နယ္မႉးအဆင့္ရွိသူတစ္ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္
Tuesday, October 1, 2019
စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕နယ္အတြင္းရွိ ခ်င္းတြင္းတံတား၌ လုံၿခဳံေရး ေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားထံသို႔ စက္တင္ဘာ ၂၉ ရက္ ညေန ၃ နာရီခန႔္တြင္ NSCN(K) အဖြဲ႕မွ လဟယ္ၿမိဳ႕နယ္၊ ဝမ္တုံေက်း႐ြာေန ၿမိဳ႕နယ္မႉး အဆင့္ရွိ ဦးဝမ္ဝမ္(ဘ)ဦးကမ္ဝမ္သည္ ၎ကိုင္ေဆာင္သည့္ ၉ မမပစၥတိုတစ္လက္၊ ၎ က်ည္အိမ္တစ္ခု၊ က်ည္ႏွစ္ေတာင့္ႏွင့္ အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္ခဲ့ေၾကာင္း သတင္းရရိ္ွသည္။
တပ္မေတာ္၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအား ယုံၾကည္ လက္ခံျခင္းတို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အား စြန႔္လႊတ္ၿပီး လက္နက္၊ ခဲယမ္းမ်ားႏွင့္ အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာျခင္း ျဖစ္ေၾကာင္း သတင္းရရိွသည္
ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာသူအား တာဝန္ရွိသူမ်ားက လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။
#NSCN(K) #လက္နက္ခဲယမ္း #ဥပေဒေဘာင္အတြင္း #ဝင္ေရာက္

0 comments:

Post a Comment