Monday, September 30, 2019

ထိုင္းအစိုးရမွ ျမန္မာႏိုင္ငံႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ျပည္နယ္မ်ားအပါအဝင္ ထိုင္းႏိုင္ငံရွိ ျပည္နယ္ (၂၄) ခုတို႔၌ အာဖရိကဝက္အျပင္းဖ်ားေရာဂါ သတိေပးခ်က္မ်ား ထုတ္ျပန္

No photo description available.

ထိုင္းႏိုင္ငံက်န္းမာေရးဝန္ႀကီးဌာနသည္ ထိုင္းႏိုင္ငံရွိ ျပည္နယ္ (၇၇) ခုအနက္ ျပည္နယ္ (၂၄) ခုတို႔၌ အာဖရိကဝက္အျပင္းဖ်ားေရာဂါ ( African Swine Fever- ASF ) ႏွင့္ပတ္သက္သည့္ အထူးသတိေပးခ်က္မ်ားကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၇) ရက္ (ေသာၾကာ) ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့ရာ ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ျပည္နယ္ (၇) ခုပါဝင္ေၾကာင္း၊ အဆိုပါျပည္နယ္မ်ားမွာ ခ်င္း႐ိုင္၊ ခ်င္းမိုင္၊ မယ္ေဟာင္ေဆာင္၊ ရာခ်ာဘူရီ၊ ရေနာင္း၊ ပတ္ခ်ာဘူရီႏွင့္တာခ့္ျပည္နယ္မ်ား ျဖစ္ေၾကာင္း၊ တာခ့္ျပည္နယ္တြင္ ခ႐ိုင္ (၅) ခုျဖစ္သည့္ မဲေဆာက္၊ တာေဆာင္ရန္း၊ အုန္းဖန္၊မဲရက္စ္မက္ႏွင့္ ေဖာ့ဖရာခ႐ိုင္တို႔၌လည္းေကာင္း၊ ပတ္ခ်ာဘူရီျပည္နယ္တြင္ ေနာင္ရာပေလာင္ႏွင့္ကန္ခရာခ်န္ ခ႐ိုင္မ်ား၌လည္းေကာင္း၊အာဖရိကဝက္အျပင္းဖ်ားေရာဂါႏွင့္ပတ္သက္၍ အထူးေစာင့္ၾကည့္မႈမ်ားျပဳလုပ္ရန္ ၫႊန္ၾကားထားေၾကာင္း သိရွိရပါသည္။

ထိုင္းႏိုင္ငံေမြးျမဴေရးဌာန၏ ေၾကညာခ်က္၌ အဆိုပါ ျပည္နယ္မ်ားအတြင္းသို႔ ဝက္ႏွင့္ ဝက္သားထြက္ စားေသာက္ကုန္ပစၥည္းမ်ားကို သယ္ေဆာင္သူမ်ားအေနျဖင့္ သက္ဆိုင္ရာေဒသခံ တိရစာၦန္ေဆးကုသေရးဌာန တာဝန္ရွိသူမ်ားထံမွ ခြင့္ျပဳမိန႔္ကို မျဖစ္မေနရယူရမည္ျဖစ္ေၾကာင္း၊ အဆိုပါၫႊန္ၾကားခ်က္ကို လိုက္နာျခင္းမရွိဘဲ ဝက္ႏွင့္ဝက္သားထြက္ကုန္ပစၥည္းမ်ားကို ခြင့္ျပဳခ်က္မဲ့ သယ္ယူပို႔ေဆာင္ပါက က်ဴးလြန္သူအား ၂၀၁၅ ခုႏွစ္ တိရစာၦန္ေရာဂါဆိုင္ရာ ဥပေဒျပဌာန္းခ်က္ႏွင့္အညီ အျမင့္ဆုံးေထာင္ဒဏ္ (၂) ႏွစ္အထိျဖစ္ေစ၊ ဒဏ္ေငြ ဘတ္ (၄) ေသာင္းျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ျပစ္ဒဏ္ခ်မွတ္မည္ဟု ေဖာ္ျပထားေၾကာင္း သိရွိရပါသည္။
ထိုင္းႏိုင္ငံေျမာက္ပိုင္းျပည္နယ္ ထိုင္း – ျမန္မာနယ္စပ္ ခ်င္း႐ိုင္ျပည္နယ္ရွိ ဝက္ (၂) ေကာင္မွာ အေၾကာင္းရင္းမသိရွိရဘဲ ေသဆုံးသြားခဲ့ၿပီးေနာက္ ထိုင္းအစိုးရသည္ အာဖရိကဝက္အျပင္းဖ်ား ေရာဂါကာကြယ္ေရးလုပ္ေဆာင္သည့္အေနျဖင့္ ဝက္အေကာင္ေရ (၂၀၀) ခန႔္ကို ရွင္းလင္းသုတ္သင္ခဲ့သည္ဟု www. thethaiger.com အင္တာနက္ website တြင္ေဖာ္ျပပါရွိပါသည္။

<Unicode>
ထိုင်းအစိုးရမှ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ပြည်နယ်များအပါအဝင် ထိုင်းနိုင်ငံရှိ ပြည်နယ် (၂၄) ခုတို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ သတိပေးချက်များ ထုတ်ပြန်
Monday, September 30, 2019

ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ ပြည်နယ် (၇၇) ခုအနက် ပြည်နယ် (၂၄) ခုတို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ ( African Swine Fever- ASF ) နှင့်ပတ်သက်သည့် အထူးသတိပေးချက်များကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (သောကြာ) နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်ပြည်နယ် (၇) ခုပါဝင်ကြောင်း၊ အဆိုပါပြည်နယ်များမှာ ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ ရာချာဘူရီ၊ ရနောင်း၊ ပတ်ချာဘူရီနှင့်တာခ့်ပြည်နယ်များ ဖြစ်ကြောင်း၊ တာခ့်ပြည်နယ်တွင် ခရိုင် (၅) ခုဖြစ်သည့် မဲဆောက်၊ တာဆောင်ရန်း၊ အုန်းဖန်၊မဲရက်စ်မက်နှင့် ဖော့ဖရာခရိုင်တို့၌လည်းကောင်း၊ ပတ်ချာဘူရီပြည်နယ်တွင် နောင်ရာပလောင်နှင့်ကန်ခရာချန် ခရိုင်များ၌လည်းကောင်း၊အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ အထူးစောင့်ကြည့်မှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံမွေးမြူရေးဌာန၏ ကြေညာချက်၌ အဆိုပါ ပြည်နယ်များအတွင်းသို့ ဝက်နှင့် ဝက်သားထွက် စားသောက်ကုန်ပစ္စည်းများကို သယ်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာဒေသခံ တိရစ္ဆာန်ဆေးကုသရေးဌာန တာဝန်ရှိသူများထံမှ ခွင့်ပြုမိန့်ကို မဖြစ်မနေရယူရမည်ဖြစ်ကြောင်း၊ အဆိုပါညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဝက်နှင့်ဝက်သားထွက်ကုန်ပစ္စည်းများကို ခွင့်ပြုချက်မဲ့ သယ်ယူပို့ဆောင်ပါက ကျူးလွန်သူအား ၂၀၁၅ ခုနှစ် တိရစ္ဆာန်ရောဂါဆိုင်ရာ ဥပဒေပြဌာန်းချက်နှင့်အညီ အမြင့်ဆုံးထောင်ဒဏ် (၂) နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် (၄) သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်မည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ် ထိုင်း – မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ရှိ ဝက် (၂) ကောင်မှာ အကြောင်းရင်းမသိရှိရဘဲ သေဆုံးသွားခဲ့ပြီးနောက် ထိုင်းအစိုးရသည် အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ရေးလုပ်ဆောင်သည့်အနေဖြင့် ဝက်အကောင်ရေ (၂၀၀) ခန့်ကို ရှင်းလင်းသုတ်သင်ခဲ့သည်ဟု www. thethaiger.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။
#African_Swine_Fever_ASF #Myanmar_Online_News

0 comments:

Post a Comment