Thursday, November 28, 2019

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအတွင်း ဥပဒေနှင့်မညီသည့်အချက်များကို မှတ်တမ်းမှထုတ်ပယ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကတိပေး


ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအတွင်း ဥပဒေနှင့်မညီသည့်အချက်များကို မှတ်တမ်းကနှုတ်ပယ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက အစည်းအဝေးအတွင်း သတိပေးကြေညာခဲ့သည်။

ရေနံချောင်းမြိုနယ်က ကလေးသူခိုး

Image may contain: one or more people and people standing
ရေနံချောင်းမြိုနယ် ညောင်လှရွှာသစ် ရက်ကွက် ကျောင်းဆင်းချိန်မှာ ကလေးကို နောက်ကလိုက်ပြီး အိမ်ထဲထိ ဝင်ရောက်ဖမ်းပြီး ကလေးလည်ပင်းကို ညစ်တဲ့ ကလေးသခိုးပုံပါ။ သူတို့အဖွဲ့သည် ၁၄ ယောက်အဖွဲ့လို့ သိရပါတယ်။ မေးတော့လည်း သေရင်သေပါစေမပြောဘူးလို့ ပြောပါတယ် ။အားလုံးအစစ အရာရာ ကလေးတွေကို ဂရုစိုက်ကြပါ။

Internet စာမျက်နှာများပေါ်တွင် ဘင်္ဂါလီများကိုလူမျိုးတုံးသတ်ဖြတ်မှုသာဓကအဖြစ် ဖော်ပြနေသော ဓာတ်ပုံမှာမှားယွင်းကြောင်း AFP သတင်းဌာနထုတ်ပြန်

Image may contain: one or more people and text

Internet စာမျက်နှာများပေါ်တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှု၏ သက်သေအထောက်အထားတစ်ခုအနေဖြင့် Facebook, ဘလော့ဂ် Page နဲ့ သတင်းဝက်ဆိုက်အတော်များများမှာ ဖော်ပြခဲ့ကြတဲ့ ဓာတ်ပုံဟာ မှားယွင်းနေကြောင်း AFP သတင်းဌာနက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြခဲ့သည်။

Wednesday, November 27, 2019

၂၀၂၀ရွေးကောက်ပွဲပီးသည်အထိ ကရင်နီလူငယ် ၆ ဦးကို ထောင်ထဲတွင်ရှိနေစေချင်သလားဟု ပြစ်ဒဏ်ထပ်တိုးရေး ပြည်နယ်အစိုးရ မှ တရားရုံးသို့ ပြင်ဆင်ချက်တက်မှုအပေါ် ဝေဖန်ပြောကြား


နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ ၁၀ ဖြင့် တရားစွဲဆို ပြစ်ဒဏ်ခံနေရသည့် ကရင်နီလူငယ် ခြောက်ဦးအား မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်မှုအပေါ် ကယားပြည်နယ် အစိုးရမှ ပြစ်ဒဏ်ထပ်တိုးရေးခရိုင်တရားရုံးသို့ ပြင်ဆင်ချက် ထပ်တက်ထားသည်ဟု သိရသည်။

အစ္စရေးသံအမတ်ကြီးမှ ICJ တွင်တရားရင်ဆိုင်မယ့် မြန်မာခေါင်းဆောင်များ`ကောင်းတဲ့ဆုံးဖြတ်ချက်ချနိုင်ပြီးတော့ ကံကောင်းကြပါစေ´လို့ တွစ်တာမှာဆုတောင်းစကားပြောကြား


မြန်မာနိုုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး ရိုနန် ဂီလောက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့တရားရင်ဆိုင်ရမယ့် မြန်မာနိုင်ငံခေါင်းဆောင်များအဖွဲ့ကံကောင်းပါစေလို့ သူ၏တွစ်တာ စာမျက်နှာတွင်ဆုတောင်းပေးခဲ့ကြောင်း တွေ့ရသည်။

မယ်စကြဝဠာအလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအလှမယ် ဆွေဇင်ထက် အမေရိကန်သို့ ထွက်ခွာ


ဒီဇင်ဘာလ ၈ ရက် နေ့မှာ စတင်ပြီး အမေရိကန်နိုင်ငံမှာ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ၆၈ ကြိမ်မြောက်ကျင်းပမယ့် ကျင်းပမယ့် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဆွေဇင်ထက်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့က ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်းများ ဗီယက်နမ်သို့ ရောက်ရှိလာ


နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးခဲ့သူ ၃၉ ဉီး အနက် ကြွင်းကျန်ရုပ်အလောင်း ၁၆ လောင်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသော (၃၀)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဘတ်ဂျက်ရရှိမှုနောက်ကျခြင်းကြောင့် အဆင်မပြေဖြစ်ရသည်ဟု ကျင်းပရေးကော်မတီဖြေကြား

Image may contain: 1 personImage may contain: one or more people

နိုဝင်ဘာလ ၂၇ ရက်နေ့က (၂၀၁၉)ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲမှာ လတ်တလောကြုံတွေ့နေရသည့် အဆင်မပြေမှုများသည် ဘတ်ဂျက်နောက်ကျမှရရှိခဲ့သည့်အတွက်ဖြစ်သွားရတာဖြစ်ကြောင်း ဖိလစ်ပိုင်အရှေ့တောင်အာရှအားကစားပွဲကျင်းပရေးကော်မတီက ရှင်းလင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့်(၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေ၊ ငွေ၊ ကြေးဆုများ အသီးသီးရရှိကာ ပြန်လည်ရောက်ရှိ

Image may contain: 3 people, people smiling, people walking and outdoor

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံမှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နည်းပညာနှင့် ဘဏ္ဍာရေးအခက်အခဲကြောင့် လေယာဉ်တင် သင်္ဘောတည်ဆောက်မှု တရုတ်ရပ်ဆိုင်း

Image may contain: ocean, sky, outdoor and water

တရုတ်စစ်တပ်ဟာ ၄ စီးမြောက် လေယာဉ်တင်သင်္ဘောအထိ ဆက်လက်တည်ဆောက်နေပြီး ၅ စီးမြောက် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတည်ဆောက်မှုကိုတော့ ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ South China Morning Post က ရေးသားဖော်ပြခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် ဒိုင်နမိုအပူရှိန်လွန်ကဲရာမှ ဒယ်တုံးလယ်ထွန်စက်တစ်စီးမီး လောင်မှုဖြစ်ပွ

Image may contain: sky and outdoorImage may contain: one or more people, sky, grass, outdoor and nature

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ အနောက်ဘက်တွင် နိုဝင်ဘာ (၂၇)ရက် မွန်းလွဲ ၁ နာရီခွဲက ဒိုင်နမိုအပူလွန်ကဲရာမှ ဒယ်တုံးလယ်ထွန်စက်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

အောင်သပြေကျေးရွာအနီးမှ ကျောက်မီးသွေးစွမ်းအင်သုံး အယ်ဖာ ဘိလပ်မြေစက်ရုံ ပိတ်သိမ်းရေး ရန်ကုန်မြို့ ဗန္ဓုလပန်ခြံရှေ့တွင် ဆန္ဒထုတ်ဖော်

Image may contain: 4 people, people standing, crowd and outdoor

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေး စွမ်းအင်သုံး အယ်ဖာဘိလပ် မြေစက်ရုံ ပိတ်သိမ်းရေး တတ်ကြွလှုပ်ရှားသူတချို့ဟာ နိုဝင်ဘာ(၂၈)ရက် မနက်ပိုင်းက ရန်ကုန်မြို့ ဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် တရုတ်နိုင်ငံသားကုန်သည်ဆီမှ မူးယစ်ဆေး အများအပြားဖမ်းဆီးရမိ

Image may contain: 4 people, indoor

ဖိလစ်ပိုင်နိုင်ငံအတွင်း တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းဆီးသိမ်းဆည်း ရမိခဲ့ပြီး သံသယရှိဖွယ် တရုတ် အမျိုး သား မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူ တစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးတွေဟာ methamphetamine အမျိုးအစား မူးယစ်ဆေးတွေဖြစ်ပြီး စုစုပေါင်း ကီလို ၃၇၀ (ပေါင်နဲ့ဆိုရင်) ၈၁၅ ပေါင် ရှိပြီး ပေါက်ဈေး အရ အမေရိကန် ဒေါ်လာ ၄၉ သန်း တန်ဖိုးရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့တွင် ဓနုဖြူ၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်တို့မှ ရေလုပ်သားများပူးပေါင်းကာ မတရားသဖြင့် ဖမ်းဆီးခံထားရသောရေလုပ်သားများ အမြန်ဆုံးပြန်လွှတ်ပေး‌ရေးအတွက် ဆန္ဒထုတ်ဖော်

Image may contain: 5 people, people smiling, hat, crowd and outdoor

နိုဝင်ဘာလ ၂၇ ရက်တွင် အဆိုပါဆန္ဒထုတ်ဖော်မှုကို နေ့လည် ၁၁ နာရီမှစ၍ ဓနုဖြူမြို့တွင်း စီတန်းလှည့်လည်ကာ လွတ်လပ်ရေး ပန်းခြံအထိ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်ပြီး မတရားသဖြင့် ဖမ်းဆီးထားသော ရေလုပ်သားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ဓနုဖြူ၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်တို့မှ ရေလုပ်သား ၂၀၀ ကျော် စုပေါင်း၍ ဧရာဝတီ တိုင်းဒေသကြီး ဓနုဖြူမြို့၌ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

၂၀၂၀အထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများကို ၂၀၁၉နှစ်ကုန်ပီးမှသာစတင်ရွေးချယ်မည်


လာမည့် ၂၀၂၀ အထွေထွေးရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများကို ၂၀၁၉ခုနှစ်အကုန် ၂၀၂၀ ခုနှစ်ထဲရောက်မှသာ စတင်ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်ကပြေကြားခဲ့သည်။

“အိန္ဒိယနိုင်ငံရေတပ်ဦးစီးချုပ် (အငြိမ်းစား) တစ်ဦးဖြစ်သူ Admiral Sushil Kumar ကွယ်လွန်”


၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံရေတပ်ဦးစီးချုပ် (အငြိမ်းစား) တစ်ဦး​ဖြစ်ခဲ့သူ Admiral Sushil Kumar သည် နယူးဒေလီမြို့ရှိ တပ်မတော်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

တန့်ယန်းမြို့၌ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား လူသတ်အလောင်းဖျောက်ပြီး ခြိမ်းခြောက်ငွေတောင်းခံသူများအား ဖော်ထုတ်အရေးယူ

Image may contain: one or more people and people sitting

တန့်ယန်းမြို့၌ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား လူသတ်အလောင်းဖျောက်ပြီး ခြိမ်းခြောက်ငွေတောင်းခံသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူထားကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဂမ်ဘီယာနိုင်ငံ၏မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားမှုအနှင့်ပတ်သက်၍သတင်းထုတ်ပြန်ချက်

No photo description available.

၁။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုခဲ့ပါသည်။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုး စီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။

ကစ်ကစ်၏ ဥတုဇရုပ်ကလပ်ကို ဒီနေ့ မီးသင်္ဂြိလ်မည်


ဟာသ သရုပ်ဆောင် ကစ်ကစ်၏ ဥတုဇရုပ်ကလပ်ကို ဒီနေ့ ညနေ ၃ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိလ်မည်ဖြစ်ပြီး နေအိမ်မှကားများ နေ့လည် ၁ နာရီတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် ဖိလစ်ပိုင်ဆီးဂိမ်းတွင် အများဆုံးရွှေ(၁၅)ခုရယူရန်မျှော်လင့်ထားကြောင်း ဒုတိယဝန်ကြီး ပြောကြား

Image may contain: 2 people, people playing sportsImage may contain: one or more people and indoor
ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပနေသော (၁၃)ကြိမ်မြောက် ဆီးဂိမ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အနည်းဆုံးရွှေတံဆိပ်(၁၀)ခုမှ အများဆုံး (၁၅)ခုထိရယူရန် မျှော်လင့်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားခဲ့သည်။