Wednesday, November 27, 2019

မယ်စကြဝဠာအလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအလှမယ် ဆွေဇင်ထက် အမေရိကန်သို့ ထွက်ခွာ


ဒီဇင်ဘာလ ၈ ရက် နေ့မှာ စတင်ပြီး အမေရိကန်နိုင်ငံမှာ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ၆၈ ကြိမ်မြောက်ကျင်းပမယ့် ကျင်းပမယ့် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဆွေဇင်ထက်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့က ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြိုင်ပွဲကို နိုင်ငံပေါင်း ၉၂ နိုင်ငံက အလှမယ်တွေ ပါဝင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်အရွယ် အလှမယ် ဆွေဇင်ထက်ဟာ ဘားအံကိုယ်စားပြု အလှမယ် တယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မယ်စကြဝဠာမြန်မာအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ ရတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း Miss Supranational အလှမယ်ပြိုင်ပွဲ ကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး Miss Personality ဆုနဲ့ Top 10 အဆင့်ထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ သျှား ထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ် မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာဖြစ်ပြီး ဆွေဇင် ထက်ကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ် ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
Image may contain: 4 people, people smiling, people standing and indoor
Image may contain: 3 people, people smiling, people standing
Image may contain: 4 people, people smiling, people standingImage may contain: 2 people, people smiling, people standing and indoor
<zawgyi>
မယ်စကြဝဠာအလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအလှမယ် ဆွေဇင်ထက် အမေရိကန်သို့ ထွက်ခွာ
Thursday,November 28, 2019

ဒီဇင်ဘာလ ၈ ရက် နေ့မှာ စတင်ပြီး အမေရိကန်နိုင်ငံမှာ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ၆၈ ကြိမ်မြောက်ကျင်းပမယ့် ကျင်းပမယ့် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဆွေဇင်ထက်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့က ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြိုင်ပွဲကို နိုင်ငံပေါင်း ၉၂ နိုင်ငံက အလှမယ်တွေ ပါဝင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်အရွယ် အလှမယ် ဆွေဇင်ထက်ဟာ ဘားအံကိုယ်စားပြု အလှမယ် တယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မယ်စကြဝဠာမြန်မာအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ ရတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း Miss Supranational အလှမယ်ပြိုင်ပွဲ ကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး Miss Personality ဆုနဲ့ Top 10 အဆင့်ထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ သျှား ထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ် မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာဖြစ်ပြီး ဆွေဇင် ထက်ကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ် ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment