Wednesday, November 27, 2019

တန့်ယန်းမြို့၌ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား လူသတ်အလောင်းဖျောက်ပြီး ခြိမ်းခြောက်ငွေတောင်းခံသူများအား ဖော်ထုတ်အရေးယူ

Image may contain: one or more people and people sitting

တန့်ယန်းမြို့၌ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား လူသတ်အလောင်းဖျောက်ပြီး ခြိမ်းခြောက်ငွေတောင်းခံသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ စျေးကွက်(၁)ရပ်ကွက်နေ ဒေါ်အောင်ဌေးညွန့် (၃၈)နှစ်သည် နိုဝင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲခန့်တွင် ခင်ပွန်းဖြစ်သူ ဦးခိုင်ဇော်ဝင်း (ခ)ဦးနေရှိုင်း (၃၈)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူနှင့် လွန်ခဲ့သော ၁ လခန့်က ခင်မင်ရင်းနှီးခဲ့သည့် ဦးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းဆက်၍ တရုတ်ပြည်နယ်စပ်သို့ အလည်သွားမည်ဟု ခေါ်ဆောင်သဖြင့် ခင်ပွန်းဖြစ်သူသည် ညနေ ၄ နာရီခွဲခန့်တွင် ဦးဟန်သိန်းနှင့်အတူ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၂ ရက်တွင် ဦးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းဖြင့် ဆက်သွယ်၍ ငွေကျပ်သိန်း ၃၅ဝ ပို့ပေးရန်နှင့် မပို့ပေးပါက ခင်ပွန်းဖြစ်သူအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ငွေတောင်းသဖြင့် အရေးယူပေးရန် ဒေါ်အောင်ဌေးညွန့်က တရားလိုပြု လုပ်တိုင်တန်းသဖြင့် ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားအား တန့်ယန်းမြို့မရဲစခန်း(ပ) ၆၈/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၇ ဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။
သို့ဖြစ်၍ အမှုစစ်အဖွဲ့သည် ပြစ်မှုကျူးလွန်သူ ဦးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားအား လိုက်လံဖမ်းဆီးရာ နိုဝင်ဘာ ၂၂ ရက်တွင် ဟိုပန်မြို့၊ တောင်တန်းသာသနာပြုကျောင်းတိုက်၌ ဖမ်းဆီးရမိပြီး စစ်မေးရာ ၎င်းသည် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်း၊ ဦးဟန်သိန်းတို့နှင့်အတူ ပန်ဆန်း/မိုင်းမြို့ရှိ မိတ်ဆွေများထံ သွားရောက်ရန် နိုဝင်ဘာ ၁၉ ရက်တွင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီး တန့်ယန်းမြို့ရှိ ဟိုတယ်တစ်ခု၌ တည်းခိုစဉ် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းမှာ ကိုက်ခဲနေကြောင်း ပြောသဖြင့် ၎င်းကိုယ်တိုင် ဆေးထိုးပေးရာ ခဏအကြာတွင် ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းသည် ကြမ်းပြင်တွင် မှောက်လျှက်ပါးစပ်မှ အမြှုပ်နှင့်သွေးစများ ထွက်နေပြီး သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဦးဟန်သိန်း အကူအညီဖြင့် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းကို ကားနောက်ခန်းတွင်ထည့်၍ ပန်ဆန်းမြို့သို့ ထွက်လာခဲ့ကြောင်း၊ ထို့နောက် နိုဝင်ဘာလ ၂၀ ရက် နံနက်တွင် မက်မန်းဆိုင်သို့ မရောက်မီ ရေအားလျှပ်စစ်တံတားအလွန် (၃) မိုင်ခန့်အကွာ တောင်ပတ်လမ်းဘေး၌ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်း၏ အလောင်းကို ပစ်ထားပြီး​နောက် လာရာလမ်းအတိုင်း တန့်ယန်းမြို့ဘက်သို့ ပြန်လည်မောင်းနှင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် လားရှိုးမြို့သို့ ရောက်ရှိပြီး ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်း၏ ဇနီးဖြစ်သူ မအောင်ဌေးညွန့်ထံ ဖုန်းဆက်၍ ၎င်းတို့သည် အဖွဲ့အစည်းတစ်ခုမှ မိသားစုအား ကားတိုက်မိ၍ ဖမ်းဆီးခံထားရသဖြင့် ငွေကျပ်သိန်း ၃၅၀ ပေးရမည်ဖြစ်ကြောင်းနှင့် ငွေမပို့ပါက အဖွဲ့အစည်းမှ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းအား သတ်ပစ်မည် ဟုပြောဆို ခြောက်လှန့်ငွေတောင်းခံခဲ့ကြောင်း သိရှိရသည်။
အမှုမှကွင်းဆက် ပြစ်မှုကျူးလွန်သူ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း - ညောင်ဦးလမ်းနေ ဦးဟန်သိန်း ၄၉ နှစ်အား နိုဝင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ဦးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားနှင့် ဟန်သိန်းတို့အား ရာဇသတ်ကြီးပုဒ်မ ၃၈၇ မှ ၃၀၂/ ၃၈၇/၂၀၁/၁၁၄ သို့ အမှုပြောင်းလဲရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Image may contain: 2 people, people smiling, people standing and outdoor
Image may contain: 1 person, standing and outdoor
<<Zawgyi>>
တန့်ယန်းမြို့၌ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား လူသတ်အလောင်းဖျောက်ပြီး ခြိမ်းခြောက်ငွေတောင်းခံသူများအား ဖော်ထုတ်အရေးယူ
Thursday,November 28, 2019

တန့်ယန်းမြို့၌ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား လူသတ်အလောင်းဖျောက်ပြီး ခြိမ်းခြောက်ငွေတောင်းခံသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ စျေးကွက်(၁)ရပ်ကွက်နေ ဒေါ်အောင်ဌေးညွန့် (၃၈)နှစ်သည် နိုဝင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲခန့်တွင် ခင်ပွန်းဖြစ်သူ ဦးခိုင်ဇော်ဝင်း (ခ)ဦးနေရှိုင်း (၃၈)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူနှင့် လွန်ခဲ့သော ၁ လခန့်က ခင်မင်ရင်းနှီးခဲ့သည့် ဦးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းဆက်၍ တရုတ်ပြည်နယ်စပ်သို့ အလည်သွားမည်ဟု ခေါ်ဆောင်သဖြင့် ခင်ပွန်းဖြစ်သူသည် ညနေ ၄ နာရီခွဲခန့်တွင် ဦးဟန်သိန်းနှင့်အတူ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၂ ရက်တွင် ဦးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းဖြင့် ဆက်သွယ်၍ ငွေကျပ်သိန်း ၃၅ဝ ပို့ပေးရန်နှင့် မပို့ပေးပါက ခင်ပွန်းဖြစ်သူအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ငွေတောင်းသဖြင့် အရေးယူပေးရန် ဒေါ်အောင်ဌေးညွန့်က တရားလိုပြု လုပ်တိုင်တန်းသဖြင့် ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားအား တန့်ယန်းမြို့မရဲစခန်း(ပ) ၆၈/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၇ ဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။
သို့ဖြစ်၍ အမှုစစ်အဖွဲ့သည် ပြစ်မှုကျူးလွန်သူ ဦးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားအား လိုက်လံဖမ်းဆီးရာ နိုဝင်ဘာ ၂၂ ရက်တွင် ဟိုပန်မြို့၊ တောင်တန်းသာသနာပြုကျောင်းတိုက်၌ ဖမ်းဆီးရမိပြီး စစ်မေးရာ ၎င်းသည် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်း၊ ဦးဟန်သိန်းတို့နှင့်အတူ ပန်ဆန်း/မိုင်းမြို့ရှိ မိတ်ဆွေများထံ သွားရောက်ရန် နိုဝင်ဘာ ၁၉ ရက်တွင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီး တန့်ယန်းမြို့ရှိ ဟိုတယ်တစ်ခု၌ တည်းခိုစဉ် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းမှာ ကိုက်ခဲနေကြောင်း ပြောသဖြင့် ၎င်းကိုယ်တိုင် ဆေးထိုးပေးရာ ခဏအကြာတွင် ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းသည် ကြမ်းပြင်တွင် မှောက်လျှက်ပါးစပ်မှ အမြှုပ်နှင့်သွေးစများ ထွက်နေပြီး သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဦးဟန်သိန်း အကူအညီဖြင့် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းကို ကားနောက်ခန်းတွင်ထည့်၍ ပန်ဆန်းမြို့သို့ ထွက်လာခဲ့ကြောင်း၊ ထို့နောက် နိုဝင်ဘာလ ၂၀ ရက် နံနက်တွင် မက်မန်းဆိုင်သို့ မရောက်မီ ရေအားလျှပ်စစ်တံတားအလွန် (၃) မိုင်ခန့်အကွာ တောင်ပတ်လမ်းဘေး၌ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်း၏ အလောင်းကို ပစ်ထားပြီးနောက် လာရာလမ်းအတိုင်း တန့်ယန်းမြို့ဘက်သို့ ပြန်လည်မောင်းနှင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် လားရှိုးမြို့သို့ ရောက်ရှိပြီး ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်း၏ ဇနီးဖြစ်သူ မအောင်ဌေးညွန့်ထံ ဖုန်းဆက်၍ ၎င်းတို့သည် အဖွဲ့အစည်းတစ်ခုမှ မိသားစုအား ကားတိုက်မိ၍ ဖမ်းဆီးခံထားရသဖြင့် ငွေကျပ်သိန်း ၃၅၀ ပေးရမည်ဖြစ်ကြောင်းနှင့် ငွေမပို့ပါက အဖွဲ့အစည်းမှ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းအား သတ်ပစ်မည် ဟုပြောဆို ခြောက်လှန့်ငွေတောင်းခံခဲ့ကြောင်း သိရှိရသည်။
အမှုမှကွင်းဆက် ပြစ်မှုကျူးလွန်သူ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း - ညောင်ဦးလမ်းနေ ဦးဟန်သိန်း ၄၉ နှစ်အား နိုဝင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ဦးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားနှင့် ဟန်သိန်းတို့အား ရာဇသတ်ကြီးပုဒ်မ ၃၈၇ မှ ၃၀၂/ ၃၈၇/၂၀၁/၁၁၄ သို့ အမှုပြောင်းလဲရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment