Wednesday, November 27, 2019

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့တွင် ဓနုဖြူ၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်တို့မှ ရေလုပ်သားများပူးပေါင်းကာ မတရားသဖြင့် ဖမ်းဆီးခံထားရသောရေလုပ်သားများ အမြန်ဆုံးပြန်လွှတ်ပေး‌ရေးအတွက် ဆန္ဒထုတ်ဖော်

Image may contain: 5 people, people smiling, hat, crowd and outdoor

နိုဝင်ဘာလ ၂၇ ရက်တွင် အဆိုပါဆန္ဒထုတ်ဖော်မှုကို နေ့လည် ၁၁ နာရီမှစ၍ ဓနုဖြူမြို့တွင်း စီတန်းလှည့်လည်ကာ လွတ်လပ်ရေး ပန်းခြံအထိ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်ပြီး မတရားသဖြင့် ဖမ်းဆီးထားသော ရေလုပ်သားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ဓနုဖြူ၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်တို့မှ ရေလုပ်သား ၂၀၀ ကျော် စုပေါင်း၍ ဧရာဝတီ တိုင်းဒေသကြီး ဓနုဖြူမြို့၌ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

အဆိုပါ ရေလုပ်သားများ၏ဆန္ဒထုတ်ဖော်ပွဲ၌ လာရောက်ဟောပြောခဲ့သည့်ဝန်ကြီးဟောင်း ဦးဆန်းဆင့်က “ကျောင်းသူကျောင်းသားကလေးတွေပါနေတယ်။အဲတော့လူ့အခွင့်အရေး အရ လာပြောရင်ပြောမယ်။ ဘာပြောမလဲ။ ကလေးတွေကို နေပူကြီးထဲမှာ လမ်းလျှောက်ခိုင်းရသလားလို့ အပြစ်ပြောနိုင်တယ်။အဲတော့ မလိုတဲ့သူက အပြစ်ပြောချင်ပြောပါစေ။သူတို့က အခုလမ်းလျှောက်တာထက် ပိုပြီးတော့ ဒုက္ခတွေရောက်နေတယ်။ မိဘတွေ အချုပ်ထဲရောက်နေတယ်။ အဖေ၊ အမေ အချုပ်ထဲ မရောက်ရင်လည်းပဲ ရှာစားဖွေစား ရေပေါ်ရေလျှံရှာစားလို့မရတဲ့အတွက်ကြောင့် ငတ်နေတဲ့ အခက်အခဲတွေ ကြုံနေတယ်။ ကျောင်းတောင်မတက်နိုင်ဘဲ ထုတ်ရမယ့် အခြေအနေဖြစ်နေတဲ့အတွက်အခုလိုနေပူထဲကို လမ်းလျှောက်တာထက်ပိုပြီးတော့ ဒုက္ခ တွေရောက်၊ ဘဝတွေပျက်နေလို့ ဒီကို လာ ရောက်တာလို့ ပြောချင်တယ်”ဟု ပြောကြား သည်။
ဆန္ဒပြပွဲတွင်“စားကျက်လက်မှတ်၊ ဘုံငါးဖမ်းကွက် နှင့် ပျောက်ဆုံးနေသော အင်းချောင်းများ အမြန်ဆုံးဖော်ထုတ်ပေးရေး - တို့အရေး၊ ၄/ ၂၀၁၈ ရေချိုငါးလုပ်ငန်းဥပဒေစိုးမိုးရေး- တို့အရေး၊ ဒေသခံရေလုပ်သားများအား အစုအဖွဲ့အမည်ဖြင့် ချထားပေးသော အင်း ဂရန်များကို လုပ်ငန်းရှင်အဖွဲ့များနှင့် အပြိုင်ချထားခြင်းမပြုရေး - တို့အရေး၊ အင်းချောင်း များအတွင်း တရားမဝင်တူးဖော်ထားသော ငါးမွေးကန်များအား ဥပဒေနှင့်အညီ အမြန် ဆုံး ဖယ်ရှားပေးရေး -တို့အရေး၊ ရေချိုငါးလုပ်ငန်းဥပဒေတွင် ပြဋ္ဌာန်းထားသော ပုဒ်မ(၅၇)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်သူ များအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးရေး - တို့အရေးဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြကြောင်း သိရှိရပါသည်။
<<Zawgyi>>
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့တွင် ဓနုဖြူ၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်တို့မှ ရေလုပ်သားများပူးပေါင်းကာ မတရားသဖြင့် ဖမ်းဆီးခံထားရသောရေလုပ်သားများ အမြန်ဆုံးပြန်လွှတ်ပေး‌ရေးအတွက် ဆန္ဒထုတ်ဖော်
Thursday,November 28, 2019

နိုဝင်ဘာလ ၂၇ ရက်တွင် အဆိုပါဆန္ဒထုတ်ဖော်မှုကို နေ့လည် ၁၁ နာရီမှစ၍ ဓနုဖြူမြို့တွင်း စီတန်းလှည့်လည်ကာ လွတ်လပ်ရေး ပန်းခြံအထိ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်ပြီး မတရားသဖြင့် ဖမ်းဆီးထားသော ရေလုပ်သားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ဓနုဖြူ၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်တို့မှ ရေလုပ်သား ၂၀၀ ကျော် စုပေါင်း၍ ဧရာဝတီ တိုင်းဒေသကြီး ဓနုဖြူမြို့၌ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။
အဆိုပါ ရေလုပ်သားများ၏ဆန္ဒထုတ်ဖော်ပွဲ၌ လာရောက်ဟောပြောခဲ့သည့်ဝန်ကြီးဟောင်း ဦးဆန်းဆင့်က “ကျောင်းသူကျောင်းသားကလေးတွေပါနေတယ်။အဲတော့လူ့အခွင့်အရေး အရ လာပြောရင်ပြောမယ်။ ဘာပြောမလဲ။ ကလေးတွေကို နေပူကြီးထဲမှာ လမ်းလျှောက်ခိုင်းရသလားလို့ အပြစ်ပြောနိုင်တယ်။အဲတော့ မလိုတဲ့သူက အပြစ်ပြောချင်ပြောပါစေ။သူတို့က အခုလမ်းလျှောက်တာထက် ပိုပြီးတော့ ဒုက္ခတွေရောက်နေတယ်။ မိဘတွေ အချုပ်ထဲရောက်နေတယ်။ အဖေ၊ အမေ အချုပ်ထဲ မရောက်ရင်လည်းပဲ ရှာစားဖွေစား ရေပေါ်ရေလျှံရှာစားလို့မရတဲ့အတွက်ကြောင့် ငတ်နေတဲ့ အခက်အခဲတွေ ကြုံနေတယ်။ ကျောင်းတောင်မတက်နိုင်ဘဲ ထုတ်ရမယ့် အခြေအနေဖြစ်နေတဲ့အတွက်အခုလိုနေပူထဲကို လမ်းလျှောက်တာထက်ပိုပြီးတော့ ဒုက္ခ တွေရောက်၊ ဘဝတွေပျက်နေလို့ ဒီကို လာ ရောက်တာလို့ ပြောချင်တယ်”ဟု ပြောကြား သည်။
ဆန္ဒပြပွဲတွင်“စားကျက်လက်မှတ်၊ ဘုံငါးဖမ်းကွက် နှင့် ပျောက်ဆုံးနေသော အင်းချောင်းများ အမြန်ဆုံးဖော်ထုတ်ပေးရေး - တို့အရေး၊ ၄/ ၂၀၁၈ ရေချိုငါးလုပ်ငန်းဥပဒေစိုးမိုးရေး- တို့အရေး၊ ဒေသခံရေလုပ်သားများအား အစုအဖွဲ့အမည်ဖြင့် ချထားပေးသော အင်း ဂရန်များကို လုပ်ငန်းရှင်အဖွဲ့များနှင့် အပြိုင်ချထားခြင်းမပြုရေး - တို့အရေး၊ အင်းချောင်း များအတွင်း တရားမဝင်တူးဖော်ထားသော ငါးမွေးကန်များအား ဥပဒေနှင့်အညီ အမြန် ဆုံး ဖယ်ရှားပေးရေး -တို့အရေး၊ ရေချိုငါးလုပ်ငန်းဥပဒေတွင် ပြဋ္ဌာန်းထားသော ပုဒ်မ(၅၇)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်သူ များအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးရေး - တို့အရေးဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြကြောင်း သိရှိရပါသည်။
#Myanmar_Online_News #ရေလုပ်သားများ#ဓနုဖြူမြို့ #ဆန္ဒထုတ်ဖော်

0 comments:

Post a Comment