Wednesday, November 27, 2019

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် ဒိုင်နမိုအပူရှိန်လွန်ကဲရာမှ ဒယ်တုံးလယ်ထွန်စက်တစ်စီးမီး လောင်မှုဖြစ်ပွ

Image may contain: sky and outdoorImage may contain: one or more people, sky, grass, outdoor and nature

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ အနောက်ဘက်တွင် နိုဝင်ဘာ (၂၇)ရက် မွန်းလွဲ ၁ နာရီခွဲက ဒိုင်နမိုအပူလွန်ကဲရာမှ ဒယ်တုံးလယ်ထွန်စက်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ် (၄) ရပ်ကွက်နေ ဦးမြင့်သိန်း၏ လယ်အတွင်း ပဲစိုက်ရန် ဒယ်တုံးလယ်ထွန်စက်ဖြင့် ထွန်ယက်မောင်းနှင်နေစဉ် ဒိုင်နမိုအပူရှိန်လွန်ကဲရာမှ တာယာနှင့် ဝါယာကြိုးများ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်ရာသို့ လေးမျက်နှာမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁)စီးနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်၌ ယာဉ်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင်ဖြစ်သူ ဦးမြင့်သိန်းအား လေးမျက်နှာမြို့နယ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)
<zawgyi>
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် ဒိုင်နမိုအပူရှိန်လွန်ကဲရာမှ ဒယ်တုံးလယ်ထွန်စက်တစ်စီးမီး လောင်မှုဖြစ်ပွား
Thursday,November 28, 2019

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ အနောက်ဘက်တွင် နိုဝင်ဘာ (၂၇)ရက် မွန်းလွဲ ၁ နာရီခွဲက ဒိုင်နမိုအပူလွန်ကဲရာမှ ဒယ်တုံးလယ်ထွန်စက်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ် (၄) ရပ်ကွက်နေ ဦးမြင့်သိန်း၏ လယ်အတွင်း ပဲစိုက်ရန် ဒယ်တုံးလယ်ထွန်စက်ဖြင့် ထွန်ယက်မောင်းနှင်နေစဉ် ဒိုင်နမိုအပူရှိန်လွန်ကဲရာမှ တာယာနှင့် ဝါယာကြိုးများ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်ရာသို့ လေးမျက်နှာမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁)စီးနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်၌ ယာဉ်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင်ဖြစ်သူ ဦးမြင့်သိန်းအား လေးမျက်နှာမြို့နယ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)

0 comments:

Post a Comment