Wednesday, November 27, 2019

မြန်မာအားကစားအဖွဲ့အနေဖြင့် ဖိလစ်ပိုင်ဆီးဂိမ်းတွင် အများဆုံးရွှေ(၁၅)ခုရယူရန်မျှော်လင့်ထားကြောင်း ဒုတိယဝန်ကြီး ပြောကြား

Image may contain: 2 people, people playing sportsImage may contain: one or more people and indoor
ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပနေသော (၁၃)ကြိမ်မြောက် ဆီးဂိမ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အနည်းဆုံးရွှေတံဆိပ်(၁၀)ခုမှ အများဆုံး (၁၅)ခုထိရယူရန် မျှော်လင့်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ (၂၆)ရက်ကကျင်းပခဲ့သော ရန်ကုန်မြို‌့ အားကစားနှင့် ကာယသိပ္ပံကျောင်းတွင် သက်ကြီးဝါရင့် အားကစားကလောင်ရှင်များကန့်တော့ပွဲအခမ်းအနားအပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို အထက်ပါအတိုင်းဖြေကြားလိုက်ခြင်းဖြစ်သည်။
ယခုသွားရောက်ယှဉ်ပြိုင်မည့်ကစားသမားများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဘတ်ဂျက်ငွေ ကျပ် (၃.၂)ဘီလီယံအကုန်ကျခံထားကြောင်းလည်း သိရသည်။မြန်မာအားကစားအဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၈၆)ခုရရှိခဲ့ကာ နိုင်ငံအလိုက်ဒုတိယနေရာရရှိခဲ့ပြီး စင်ကာပူဆီးဂိမ်းနှင့် မလေးရှားဆီးဂိမ်းပြိုင်ပွဲတို့တွင်မူ ရွှေတံဆိပ် (၁၀)ခုနှီးပါးသာရရှိခဲ့ကာ နိုင်ငံအလိုက်အဆင့် (၇)အထိကျဆင်းခဲ့သည်။
ယခုကျင်းပနေသော ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း (၅၆)မျိုးကိုထည့်သွင်းကျင်းပနေပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၃၁)နည်းကိုကစားသမား (၅၀၀)ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
<<Zawgyi>>
မြန်မာအားကစားအဖွဲ့အနေဖြင့် ဖိလစ်ပိုင်ဆီးဂိမ်းတွင် အများဆုံးရွှေ(၁၅)ခုရယူရန်မျှော်လင့်ထားကြောင်း ဒုတိယဝန်ကြီး ပြောကြား
Thursday,November 28, 2019

ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပနေသော (၁၃)ကြိမ်မြောက် ဆီးဂိမ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အနည်းဆုံးရွှေတံဆိပ်(၁၀)ခုမှ အများဆုံး (၁၅)ခုထိရယူရန် မျှော်လင့်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားခဲ့သည်။
နိုဝင်ဘာလ (၂၆)ရက်ကကျင်းပခဲ့သော ရန်ကုန်မြို‌့ အားကစားနှင့် ကာယသိပ္ပံကျောင်းတွင် သက်ကြီးဝါရင့် အားကစားကလောင်ရှင်များကန့်တော့ပွဲအခမ်းအနားအပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို အထက်ပါအတိုင်းဖြေကြားလိုက်ခြင်းဖြစ်သည်။
ယခုသွားရောက်ယှဉ်ပြိုင်မည့်ကစားသမားများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဘတ်ဂျက်ငွေ ကျပ် (၃.၂)ဘီလီယံအကုန်ကျခံထားကြောင်းလည်း သိရသည်။မြန်မာအားကစားအဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၈၆)ခုရရှိခဲ့ကာ နိုင်ငံအလိုက်ဒုတိယနေရာရရှိခဲ့ပြီး စင်ကာပူဆီးဂိမ်းနှင့် မလေးရှားဆီးဂိမ်းပြိုင်ပွဲတို့တွင်မူ ရွှေတံဆိပ် (၁၀)ခုနှီးပါးသာရရှိခဲ့ကာ နိုင်ငံအလိုက်အဆင့် (၇)အထိကျဆင်းခဲ့သည်။
ယခုကျင်းပနေသော ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း (၅၆)မျိုးကိုထည့်သွင်းကျင်းပနေပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၃၁)နည်းကိုကစားသမား (၅၀၀)ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

0 comments:

Post a Comment