Wednesday, November 27, 2019

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသော (၃၀)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဘတ်ဂျက်ရရှိမှုနောက်ကျခြင်းကြောင့် အဆင်မပြေဖြစ်ရသည်ဟု ကျင်းပရေးကော်မတီဖြေကြား

Image may contain: 1 personImage may contain: one or more people

နိုဝင်ဘာလ ၂၇ ရက်နေ့က (၂၀၁၉)ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲမှာ လတ်တလောကြုံတွေ့နေရသည့် အဆင်မပြေမှုများသည် ဘတ်ဂျက်နောက်ကျမှရရှိခဲ့သည့်အတွက်ဖြစ်သွားရတာဖြစ်ကြောင်း ဖိလစ်ပိုင်အရှေ့တောင်အာရှအားကစားပွဲကျင်းပရေးကော်မတီက ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိတွင်မူ အဆင်မပြေမှုများကို ပြန်လည်သုံးသပ်ကာ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။
<<Zawgyi>>
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသော (၃၀)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဘတ်ဂျက်ရရှိမှုနောက်ကျခြင်းကြောင့် အဆင်မပြေဖြစ်ရသည်ဟု ကျင်းပရေးကော်မတီဖြေကြား
Thursday,November 28, 2019

နိုဝင်ဘာလ ၂၇ ရက်နေ့က (၂၀၁၉)ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲမှာ လတ်တလောကြုံတွေ့နေရသည့် အဆင်မပြေမှုများသည် ဘတ်ဂျက်နောက်ကျမှရရှိခဲ့သည့်အတွက်ဖြစ်သွားရတာဖြစ်ကြောင်း ဖိလစ်ပိုင်အရှေ့တောင်အာရှအားကစားပွဲကျင်းပရေးကော်မတီက ရှင်းလင်းပြောကြားခဲ့သည်။
ဖိလစ်ပိုင်ဆီးဂိမ်းလုပ်ငန်းဆောင်ရွက်ရေးအရာရှိချုပ်ရာမွန်ဆူဇာရာကပြိုင်ပွဲအသုံးစရိတ်ကိုအမျိုးသားဘတ်ဂျက်နဲ့အတူဧပြီလကမှခွင့်ပြုလိုက်တဲ့အတွက်ဆီးဂိမ်းတည်ဆောက်ရေးလုပ်ငန်းတွေကို(၈)လတည်းနဲ့ဆောင်ရွက်ခဲ့ရကြောင်း ပြိုင်ပွဲအတွက်ချပေးတဲ့ဘတ်ဂျက်ကဒေါ်လာ(၁၁၈)သန်းနီးပါးရှိပြီးအားကစားအဆောက်အဦးတွေအသစ်တည်ဆောက်တာရှိသလိုအဟောင်းတွေပြင်ဆင်မွမ်းမံတာလည်းရှိကြောင်း ဖွင့်ပွဲမတိုင်ခင်မှာဘောလုံးပွဲစဉ်တွေအတွက် ဖိလစ်ပိုင်ကိုကြိုတင်ရောက်ရှိလာတဲ့မြန်မာနိုင်ံငံလက်ရွေးစင်အသင်းအပါအဝင် ဘောလုံးသမားအချို့ဟာ လေဆိပ်မှာနာရီအတော်ကြာသောင်တင်ပြီးကြမ်းပြင်ပေါ်အိပ်ရတာတွေရှိခဲ့ရကြောင်း သယ်ယူပို့ဆောင်ရေးနဲ့တည်းခိုရေးမှာပြဿနာတွေရှိခဲ့သလိုအစားအသောက်နဲ့သောက်ရေမှာလည်းအားကစားသမားတွေအတွက်အဆင်မပြေမှုများကို သိရှိခဲ့ရကြောင်း ပြောကြားသွားခဲ့သည်။
လက်ရှိတွင်မူ အဆင်မပြေမှုများကို ပြန်လည်သုံးသပ်ကာ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

0 comments:

Post a Comment