Wednesday, November 27, 2019

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဂမ်ဘီယာနိုင်ငံ၏မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားမှုအနှင့်ပတ်သက်၍သတင်းထုတ်ပြန်ချက်

No photo description available.

၁။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုခဲ့ပါသည်။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုး စီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။
၂။ လူမျိုးပြုန်းတီးစေမှု(Genocide)ဆိုသည်မှာ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူစုတစ်စုကိုဖြစ်စေ၊ သတ်ဖြတ်ခြင်း၊ ပြုန်းတီးခြင်းဟူ၍ အဓိပ္ပာယ်ရပါ သည်။ ဤကိစ္စသည် ယဉ်ကျေးသည့် ကမ္ဘာသူ၊ ကမ္ဘာသား လူသားစု တစ်ရပ်လုံးက တားဆီးကာကွယ်ရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက် ခဲ့ရာ စတင်လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် (၄၂)နိုင်ငံမြောက် နိုင်ငံဖြစ်ပါသည်။ “လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ် (Convention for the Prevention and Punishment of the Crime of Genocide)”ကို မြန်မာ နိုင်ငံက ၃၀-၁၂-၁၉၄၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၄-၃-၁၉၅၆ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပါသည်။ အဆိုပါသဘောတူ စာချုပ်ကို လက်ခံအတည်ပြုရန် ၂-၉-၁၉၅၅ ရက်နေ့တွင် သက်ဆိုင်ရာ ဝန်ကြီးက ပါလီမန်သို့တင်ပြခဲ့စဉ်ကလည်း “မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရဲရဲတင်းတင်းပြောရဲကြောင်း၊ လူတစ်စုနှင့်တစ်စုဖြစ်စေ၊ ဘာသာတစ်ခုနှင့် တစ်ခု ကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ၊ လူတစ်စုအလိုက်ဖြစ်စေ ယနေ့အထိ ဤကိစ္စမျိုးမပေါ်သေးဖူးကြောင်း၊ နောင်ကိုလည်း ပေါ်စရာ အကြောင်းမရှိကြောင်း” ရှင်းလင်းတင်ပြခဲ့ပြီး ပါလီမန်၏အတည်ပြုချက်ကိုရယူခဲ့ပါသည်။ ယနေ့ကာလအထိလည်း မြန်မာနိုင်ငံအနေဖြင့် “လူမျိုး ပြုန်းတီး စေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ်”အား လက်ခံ အတည်ပြုစဉ်က ရပ်တည်ချက်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိ ပါသည်။
၃။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျပြင်ဆင် ဆောင်ရွက်နေမှုအပေါ် နိုင်ငံတစ်ဝှမ်းရှိ လူထုလူတန်းစားအသီးသီးက ထောက်ခံမှုများ ပြသလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ ဤကိစ္စသည် နိုင်ငံ့အရေးကိစ္စ၊ နိုင်ငံ့အကျိုးစီးပွားကိစ္စဖြစ်၍ “အရေးကြီးပြီသွေးစည်းကြစို့” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏စည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် ကြီးမားလှသော အင်အားကို ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ ယခု အမှုကိုရင်ဆိုင်ရာတွင်လည်း နိုင်ငံတော် အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာ ကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်း မပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ် ပါသည်။

<<Zawgyi>>
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဂမ်ဘီယာနိုင်ငံ၏မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားမှုအနှင့်ပတ်သက်၍သတင်းထုတ်ပြန်ချက်
Thursday,November 28, 2019

0 comments:

Post a Comment