Wednesday, November 27, 2019

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့်(၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေ၊ ငွေ၊ ကြေးဆုများ အသီးသီးရရှိကာ ပြန်လည်ရောက်ရှိ

Image may contain: 3 people, people smiling, people walking and outdoor

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံမှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် တပ်မတော် အရာရှိကြီးများ၊ လယ်ဝေးတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက နေပြည်တော်လေဆိပ်၌ ကြိုဆိုကြသည်။
အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြ ၁၇ ဦးနှင့် သေနတ်ပစ်အား ကစားသမား ၁၆ ဦး စုစုပေါင်း ၃၃ ဦးတို့သည် နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် ပစ္စတိုအမျိုးသား အသင်း အားကစားသမား လေးဦး၊ ပစ္စတိုအမျိုးသမီးအသင်း အားကစားသမား လေးဦး၊ ကာဘိုင်အသင်း/ရိုင်ဖယ်အသင်း အားကစားသမား လေးဦးနှင့် စက်သေနတ်အသင်း အားကစားသမား လေးဦး စုစုပေါင်း သေနတ်ပစ် အားကစားသမား ၁၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားကြရာ အသင်းလိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေလေးခု၊ ကြေးငါးခု၊ အသင်းလိုက် ထိ၊ လဲ၊ ပြားပြိုင်ပွဲတွင်ရွှေလေးခု၊ ငွေလေးခု၊ ကြေးနှစ်ခု စုစုပေါင်း ရွှေရှစ်ခု၊ ငွေရှစ်ခု၊ ကြေးခုနစ်ခု ဆုများ အသီးသီး ရရှိခဲ့ပြီးကြောင်း သတင်း ရရှိသည်။
<<Zawgyi>>
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့်(၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေ၊ ငွေ၊ ကြေးဆုများ အသီးသီးရရှိကာ ပြန်လည်ရောက်ရှိ
Thursday,November 28, 2019

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံမှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် တပ်မတော် အရာရှိကြီးများ၊ လယ်ဝေးတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက နေပြည်တော်လေဆိပ်၌ ကြိုဆိုကြသည်။
အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြ ၁၇ ဦးနှင့် သေနတ်ပစ်အား ကစားသမား ၁၆ ဦး စုစုပေါင်း ၃၃ ဦးတို့သည် နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် ပစ္စတိုအမျိုးသား အသင်း အားကစားသမား လေးဦး၊ ပစ္စတိုအမျိုးသမီးအသင်း အားကစားသမား လေးဦး၊ ကာဘိုင်အသင်း/ရိုင်ဖယ်အသင်း အားကစားသမား လေးဦးနှင့် စက်သေနတ်အသင်း အားကစားသမား လေးဦး စုစုပေါင်း သေနတ်ပစ် အားကစားသမား ၁၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားကြရာ အသင်းလိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေလေးခု၊ ကြေးငါးခု၊ အသင်းလိုက် ထိ၊ လဲ၊ ပြားပြိုင်ပွဲတွင်ရွှေလေးခု၊ ငွေလေးခု၊ ကြေးနှစ်ခု စုစုပေါင်း ရွှေရှစ်ခု၊ ငွေရှစ်ခု၊ ကြေးခုနစ်ခု ဆုများ အသီးသီး ရရှိခဲ့ပြီးကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment