Thursday, November 28, 2019

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအတွင်း ဥပဒေနှင့်မညီသည့်အချက်များကို မှတ်တမ်းမှထုတ်ပယ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကတိပေး

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအတွင်း ဥပဒေနှင့်မညီသည့်အချက်များကို မှတ်တမ်းကနှုတ်ပယ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက အစည်းအဝေးအတွင်း သတိပေးကြေညာခဲ့သည်။

ဗိုလ်မှုးချုပ်အောင်စန်းချစ်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ကိုယ်စားလှယ်များ ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက “ဒီနေ့ဆွေးနွေးသွားတဲ့အချို့သောလွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ဆွေးနွေးချက်များဟာ ယနေ့အစည်းအဝေးစတင်တဲ့အချိန်မှာ နာယကကြီးလမ်းညွှန်ခဲ့တဲ့အချက်တွေနဲ့ တိုက်ရိုက်ကို သွေဖယ်နေတာ တွေ့ရပါတယ် ကြန့်ကြာအောင် အချိန်ဆွဲဆောင်ရွက်နေတယ် အချိန်အကြာကြီး နှောင့်နှေးအောင် မှေးမှိန်အောင် ပြုလုပ်နေသလားလို့ ဒွိဟဖြစ်စရာ သံသယဖြစ်စရာများ ပါရှိနေပါတယ် ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်သလို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗျူဟာချမှတ်ဆောင်ရွက်နေတာလား ပါတီတစ်ခုကိုလည်း ညွှန်းဆိုပြီးတော့ ရည်ရွယ်ပြီးတော့ ဆွေးနွေးနေတဲ့ဟာတွေလည်းရှိပါတယ် နာယက ရဲ့လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အတွက်ကြောင့်မို့ ဒီဟာတွေကိုအလေးအနက်ကန့်ကွက်ပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာ”ဟုတင်ပြခဲ့သည်။
ထို့အတူ တပ်တော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း “ကိုယ်စားလှယ်ဆွေးနွေးသွားတဲ့အထဲမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မြစ်ဖျားခံရာ ရေသောက်မြစ်ဖြစ်တဲ့ အမျိုးသားညီလာခံ ကို ညောင်နှစ်ပင်ညီလာခံဆိုပြီး တရားမဝင်အသုံးနှုန်း သုံးနှုန်းသွားပါတယ် ဒီအသုံးအနှုန်းကို တရားဝင်ကန့်ကွက်ပါတယ် မှတ်တမ်းကနေပယ်ဖျက်ပေးဖို့တောင်းဆိုအပ်ပါတယ်”ဟု တင်ပြခဲ့သည်။
<<Zawgyi>>

Thursday,November 28, 2019

0 comments:

Post a Comment