Wednesday, November 27, 2019

ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်းများ ဗီယက်နမ်သို့ ရောက်ရှိလာ


နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးခဲ့သူ ၃၉ ဉီး အနက် ကြွင်းကျန်ရုပ်အလောင်း ၁၆ လောင်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းမှာ ကြွင်းကျန်ရုပ်အလောင်း ပြန်လည်ပို့ဆောင်ရေးအစီအစဉ်၏ ပထမအသုတ် ရောက်ရှိခြင်းဖြစ်ကြောင်း ၊ အဆိုပါ ရုပ်အလောင်း ၁၆ ခုကို သက်ဆိုင်ရာ ပြည်နယ်အသီးသီး၏ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး မိသားစုနေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိပြီး ကျန်ရှိနေသေးသောရုပ်အလောင်းများကို ထပ်မံလွှဲပြောင်းပေးနိုင်ရန် ဗီယက်နမ် နှင့် ဗြိတိန် အာဏာပိုင်များ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ရောက်ရှိလာသော ရုပ်အလောင်းများကို လူနာတင်ယာဉ်များဖြင့် ၎င်းတို့၏ နေရပ် ပြည်နယ်များသို့ အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Bui Thanh Son က ကြွင်းကျန်ရုပ်အလောင်း ပြန်လည်သယ်ယူရန် ကုန်ကျငွေကို အစိုးရက ဉီးစွာစိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း နှင့် သေဆုံးသူများ၏ မိသားစုဝင်များအနေဖြင့် ၎င်းကုန်ကျစရိတ်ငွေကို နောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားထားသည်။
အဆိုပါသေဆုံးသူများ၏ မိသားစုဝင်အများစုသည် ရုပ်အလောင်းများကို ပြန်လည် ရယူလိုသော်လည်း အနည်းငယ်သော မိသားစုဝင်က ကြွင်းကျန်အရိုးပြာကိုသာ ပြန်လည် ရယူလိုကြောင်း လည်းသိရသည်။
Image may contain: one or more people, people standing and outdoor
Image may contain: airplane and outdoor
Ref-#Xinhua

<<Zawgyi>>
ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်းများ ဗီယက်နမ်သို့ ရောက်ရှိလာ
Thursday,November 28, 2019

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးခဲ့သူ ၃၉ ဉီး အနက် ကြွင်းကျန်ရုပ်အလောင်း ၁၆ လောင်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယင်းမှာ ကြွင်းကျန်ရုပ်အလောင်း ပြန်လည်ပို့ဆောင်ရေးအစီအစဉ်၏ ပထမအသုတ် ရောက်ရှိခြင်းဖြစ်ကြောင်း ၊ အဆိုပါ ရုပ်အလောင်း ၁၆ ခုကို သက်ဆိုင်ရာ ပြည်နယ်အသီးသီး၏ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး မိသားစုနေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိပြီး ကျန်ရှိနေသေးသောရုပ်အလောင်းများကို ထပ်မံလွှဲပြောင်းပေးနိုင်ရန် ဗီယက်နမ် နှင့် ဗြိတိန် အာဏာပိုင်များ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ရောက်ရှိလာသော ရုပ်အလောင်းများကို လူနာတင်ယာဉ်များဖြင့် ၎င်းတို့၏ နေရပ် ပြည်နယ်များသို့ အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Bui Thanh Son က ကြွင်းကျန်ရုပ်အလောင်း ပြန်လည်သယ်ယူရန် ကုန်ကျငွေကို အစိုးရက ဉီးစွာစိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း နှင့် သေဆုံးသူများ၏ မိသားစုဝင်များအနေဖြင့် ၎င်းကုန်ကျစရိတ်ငွေကို နောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားထားသည်။
အဆိုပါသေဆုံးသူများ၏ မိသားစုဝင်အများစုသည် ရုပ်အလောင်းများကို ပြန်လည် ရယူလိုသော်လည်း အနည်းငယ်သော မိသားစုဝင်က ကြွင်းကျန်အရိုးပြာကိုသာ ပြန်လည် ရယူလိုကြောင်း လည်းသိရသည်။
Ref-#Xinhua

0 comments:

Post a Comment