Thursday, November 28, 2019

Internet စာမျက်နှာများပေါ်တွင် ဘင်္ဂါလီများကိုလူမျိုးတုံးသတ်ဖြတ်မှုသာဓကအဖြစ် ဖော်ပြနေသော ဓာတ်ပုံမှာမှားယွင်းကြောင်း AFP သတင်းဌာနထုတ်ပြန်

Image may contain: one or more people and text

Internet စာမျက်နှာများပေါ်တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှု၏ သက်သေအထောက်အထားတစ်ခုအနေဖြင့် Facebook, ဘလော့ဂ် Page နဲ့ သတင်းဝက်ဆိုက်အတော်များများမှာ ဖော်ပြခဲ့ကြတဲ့ ဓာတ်ပုံဟာ မှားယွင်းနေကြောင်း AFP သတင်းဌာနက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြခဲ့သည်။

အဆိုပါဓာတ်ပုံကို Facebookလူမှုကွန်ရက်ပေါ်မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့ရာမှာလည်း Share လုပ်သူ ၈၇၀ ကျော်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖော်ပြပါဓာတ်ပုံကို တူရကီ၊ ထိုင်းနဲ့ မလေးရှားဘာသာစကားနဲ့ ဖော်ပြတဲ့ ဘလော့ဂ်တွေမှာလည်း ဘင်္ဂါလီ မူဆလင် ၁ ဦးကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်နေပုံအဖြစ်ဖော်ပြခဲ့ကြသည်။
ထိုဖော်ပြချက်များသည် မှားယွင်းနေပြီး အဆိုပါဓာတ်ပုံသည် ရန်ကုန်မြို့အနီးပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆန္ဒပြမှုတစ်ခုအတွင်းတွင် ၂၀၁၅ ခုနှစ် မတ်လက ရိုက်ကူးထားတဲ့ ဓာတ်ပုံသာဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Ref-#AFP

<<Zawgyi>>
Internet စာမျက်နှာများပေါ်တွင် ဘင်္ဂါလီများကိုလူမျိုးတုံးသတ်ဖြတ်မှုသာဓကအဖြစ် ဖော်ပြနေသော ဓာတ်ပုံမှာမှားယွင်းကြောင်း AFP သတင်းဌာနထုတ်ပြန်
Thursday,November 28, 2019

Internet စာမျက်နှာများပေါ်တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှု၏ သက်သေအထောက်အထားတစ်ခုအနေဖြင့် Facebook, ဘလော့ဂ် Page နဲ့ သတင်းဝက်ဆိုက်အတော်များများမှာ ဖော်ပြခဲ့ကြတဲ့ ဓာတ်ပုံဟာ မှားယွင်းနေကြောင်း AFP သတင်းဌာနက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြခဲ့သည်။
အဆိုပါဓာတ်ပုံကို Facebookလူမှုကွန်ရက်ပေါ်မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့ရာမှာလည်း Share လုပ်သူ ၈၇၀ ကျော်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖော်ပြပါဓာတ်ပုံကို တူရကီ၊ ထိုင်းနဲ့ မလေးရှားဘာသာစကားနဲ့ ဖော်ပြတဲ့ ဘလော့ဂ်တွေမှာလည်း ဘင်္ဂါလီ မူဆလင် ၁ ဦးကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်နေပုံအဖြစ်ဖော်ပြခဲ့ကြသည်။
ထိုဖော်ပြချက်များသည် မှားယွင်းနေပြီး အဆိုပါဓာတ်ပုံသည် ရန်ကုန်မြို့အနီးပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆန္ဒပြမှုတစ်ခုအတွင်းတွင် ၂၀၁၅ ခုနှစ် မတ်လက ရိုက်ကူးထားတဲ့ ဓာတ်ပုံသာဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Ref-#AFP

0 comments:

Post a Comment