Wednesday, November 27, 2019

၂၀၂၀ရွေးကောက်ပွဲပီးသည်အထိ ကရင်နီလူငယ် ၆ ဦးကို ထောင်ထဲတွင်ရှိနေစေချင်သလားဟု ပြစ်ဒဏ်ထပ်တိုးရေး ပြည်နယ်အစိုးရ မှ တရားရုံးသို့ ပြင်ဆင်ချက်တက်မှုအပေါ် ဝေဖန်ပြောကြား


နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ ၁၀ ဖြင့် တရားစွဲဆို ပြစ်ဒဏ်ခံနေရသည့် ကရင်နီလူငယ် ခြောက်ဦးအား မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်မှုအပေါ် ကယားပြည်နယ် အစိုးရမှ ပြစ်ဒဏ်ထပ်တိုးရေးခရိုင်တရားရုံးသို့ ပြင်ဆင်ချက် ထပ်တက်ထားသည်ဟု သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ပြစ်ဒဏ်ကျခံနေရသော ထောင်အတွင်းမှ ငါးဦးကို ပြင်ဆင်ချက်တက်ခြင်းအား သိရှိကြောင်း လက်မှတ်ရေး ထိုးခိုင်းခဲ့ပြီး ပြစ်ဒဏ်လွတ်မြောက်သွားသူ ခူးကြူးဖဲကေးအား လွိုင်ကော်ခရိုင်တရားရုံးတွင် လက်မှတ်ထိုးရန် ဆင့်ခေါ်ထားကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး တို့အား အမျိုးသားသစ္စာဖောက်ဟုဆိုကာ ကြေညာချက် ထုတ်ခဲ့သောကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ (၁၀)ဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် ကရင်နီလူငယ် ၆ ဦးဖြစ်သည့် ကိုဒီးဒီ (ခ)စစ်မုန်း၊ မျိုးလှိုင်ဝင်း(ခ) ခူးပါစကွားလယ်၊ ခွန်သောမတ်စ်၊ ခူးရီးဒူး ၊ ဂျွန်ပေါလ်နှင့် ခူးကြူးဖဲကေး (ခ) ဂူဂူးတို့ကို ပြီးခဲ့သည့် ဇွန်လတွင် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် လွိုင်ကော်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၆ ဦးထဲမှ ခူးကြူးဖဲကေး(ခ) ဂူဂူးမှာ ထောင်လျှော့ရက်ဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ကရင်နီလူငယ် ခူးကြူးဖဲကေးက “ကျွန်တော်တို့ကို (၆) လပဲချတာ ဝန်ကြီးချုပ်က မကျေနပ်ဘူး။ အဓိကတော့ ရွေးကောက်ပွဲပြီးတဲ့အထိ ကျွန်တော်တို့ကို ထောင်အချုပ်ထဲမှာ ရှိစေချင်တယ်ပေါ့။ ဆိုတော့ (၆)လပဲချတဲ့ကိစ္စ ကို ပြင်ဆင်ချက် ထပ်တက် ပါတယ် ခရိုင်မှာ ” ဟု ပြောကြားခဲ့သည်။
‌ကရင်နီလူငယ်များအနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကို နေရာရွေ့ပေးစေလိုပါက သက်ဆိုင်ရာ ကြေးရုပ်စိုက်ထူသည့် အဖွဲ့ဖြင့်သာ အဓိကထား ဆွေးနွေးတောင်းဆိုကြရမည်ဖြစ်ကြောင်းလည်း NLD ပါတီမှ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်ကပြောကြားထားသည်။
Image may contain: one or more people, people standing and outdoor
Image may contain: 3 people, people standing, child and outdoor
<<Zawgyi>>
၂၀၂၀ရွေးကောက်ပွဲပီးသည်အထိ ကရင်နီလူငယ် ၆ ဦးကို ထောင်ထဲတွင်ရှိနေစေချင်သလားဟု ပြစ်ဒဏ်ထပ်တိုးရေး ပြည်နယ်အစိုးရ မှ တရားရုံးသို့ ပြင်ဆင်ချက်တက်မှုအပေါ် ဝေဖန်ပြောကြား
Thursday,November 28, 2019

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ ၁၀ ဖြင့် တရားစွဲဆို ပြစ်ဒဏ်ခံနေရသည့် ကရင်နီလူငယ် ခြောက်ဦးအား မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်မှုအပေါ် ကယားပြည်နယ် အစိုးရမှ ပြစ်ဒဏ်ထပ်တိုးရေးခရိုင်တရားရုံးသို့ ပြင်ဆင်ချက် ထပ်တက်ထားသည်ဟု သိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့က ပြစ်ဒဏ်ကျခံနေရသော ထောင်အတွင်းမှ ငါးဦးကို ပြင်ဆင်ချက်တက်ခြင်းအား သိရှိကြောင်း လက်မှတ်ရေး ထိုးခိုင်းခဲ့ပြီး ပြစ်ဒဏ်လွတ်မြောက်သွားသူ ခူးကြူးဖဲကေးအား လွိုင်ကော်ခရိုင်တရားရုံးတွင် လက်မှတ်ထိုးရန် ဆင့်ခေါ်ထားကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး တို့အား အမျိုးသားသစ္စာဖောက်ဟုဆိုကာ ကြေညာချက် ထုတ်ခဲ့သောကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ (၁၀)ဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် ကရင်နီလူငယ် ၆ ဦးဖြစ်သည့် ကိုဒီးဒီ (ခ)စစ်မုန်း၊ မျိုးလှိုင်ဝင်း(ခ) ခူးပါစကွားလယ်၊ ခွန်သောမတ်စ်၊ ခူးရီးဒူး ၊ ဂျွန်ပေါလ်နှင့် ခူးကြူးဖဲကေး (ခ) ဂူဂူးတို့ကို ပြီးခဲ့သည့် ဇွန်လတွင် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် လွိုင်ကော်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၆ ဦးထဲမှ ခူးကြူးဖဲကေး(ခ) ဂူဂူးမှာ ထောင်လျှော့ရက်ဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ကရင်နီလူငယ် ခူးကြူးဖဲကေးက “ကျွန်တော်တို့ကို (၆) လပဲချတာ ဝန်ကြီးချုပ်က မကျေနပ်ဘူး။ အဓိကတော့ ရွေးကောက်ပွဲပြီးတဲ့အထိ ကျွန်တော်တို့ကို ထောင်အချုပ်ထဲမှာ ရှိစေချင်တယ်ပေါ့။ ဆိုတော့ (၆)လပဲချတဲ့ကိစ္စ ကို ပြင်ဆင်ချက် ထပ်တက် ပါတယ် ခရိုင်မှာ ” ဟု ပြောကြားခဲ့သည်။
‌ကရင်နီလူငယ်များအနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကို နေရာရွေ့ပေးစေလိုပါက သက်ဆိုင်ရာ ကြေးရုပ်စိုက်ထူသည့် အဖွဲ့ဖြင့်သာ အဓိကထား ဆွေးနွေးတောင်းဆိုကြရမည်ဖြစ်ကြောင်းလည်း NLD ပါတီမှ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်ကပြောကြားထားသည်။

0 comments:

Post a Comment