Friday, January 27, 2023

နေပြည်တော်မှာ စစ်ကောင်စီနဲ့ RCSS တို့ ၃ ရက်တာဆွေးနွေးပြီးနောက် သဘောတူညီချက် အချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်  RCSSတို့ ၃ ရက်တာဆွေးနွေးပြီးနောက် သဘောတူညီချက် အချို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

Thursday, January 26, 2023

နိုင်ငံတဝန်းအေးချမ်းပြီး ဘေးအန္တရာယ်ကင်းဖို့ တိုင်းနဲ့ပြည်နယ်တွေမှာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးပြော

နိုင်ငံတဝန်း အေးချမ်းသာယာပြီး ဘေးအန္တရာယ်ကင်းရှင်းစေဖို့ တိုင်းနဲ့ပြည်နယ် အသီးသီးရှိ ဘုန်းကြီးကျောင်းနဲ့ဓမ္မာရုံတွေမှာ စစ်သား၊ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက  ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။  

ပုဂံရှိ ဘုရားအချို့က ကြေးခေါင်းလောင်း ၄ လုံး အခိုးခံရ

ပုဂံရှိ ဘုရားအချို့က ကြေးခေါင်းလောင်းတွေ ခိုးယူခံရတယ်လို့  ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန( ပုဂံဌာနခွဲ)မှ သိရပါတယ်။

မစ္စတာ ရှောင်တာနယ်အား တရားရင်ဆိုင်ရန် ဆင့်ခေါ်မှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း သြစတြေးလျအစိုးရပြော

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခ မစ္စတာ ရှောင်တာနယ်အား လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ရုတ်သိမ်းပြီး တရားရင်ဆိုင်ရန် ဆင့်ခေါ်ခံရမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့မှာ အိမ်ထောင်စုစာရင်းတွေစစ်ဆေး နေပြီး အိမ်ထောင်စုစာရင်းစာရွက်မရှိရင် ဒဏ်ငွေ ၁၅၀၀၀ အထိပေးနေရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇန်နဝါရီလ အတွင်း အိမ်ထောင်စု စာရင်းတွေလိုက်လံ စစ်ဆေးနေပြီး အိမ်ထောင်စုစာရင်းစာရွက်မရှိရင် ဒဏ်ငွေ ကျပ် ၁၅၀၀၀ အထိပေးနေရတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

နိုင်ငံတကာထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ဆက်လျှောက်လှမ်းမယ်ဆိုပြီး ဗြိတိန်ဆိုင်ရာ မြန်မာသံရုံးပြော

မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုက်အဝန်းမှာ တာဝန်သိ နိုင်ငံတစ်နိုင်ငံအနေနဲ့  နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို နားလည်ပေမယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို နိုင်ငံတကာရဲ့ ထောက်ခံမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တုန့်ပြန်လိုက်ပါတယ်။

ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းရပြန်

ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းလိုက်ပြီး သံလမ်းဖောက်ခွဲခံရတဲ့ဖြစ်စဉ်ကြောင့် တိုက်ရိုက်ပြေးဆွဲခြင်းမျိုး မလုပ်နိုင်သေးဘဲ လွန်းပျံပုံစံမျိုး ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

မွန်ပြည်နယ်မှာ ဆန်ဈေးနှုန်း ချက်ချင်းထိုးတက်လာ

စပါးပေါ်ကာလစကပြီး လအတော်အကြာငြိမ်သက်နေတဲ့ မွန်ပြည်နယ်ရဲ့ဆန်ဈေးနှုန်းဟာ ဇန်နဝါရီ နောက်ဆုံး အပတ်မှာတော့ ချက်ချင်းဆိုသလို ထိုးတက်လာခဲ့တယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဂျပန်ကုမ္ပဏီ ယိုကိုဂါဝါက စစ်တပ်ပိုင် MEC ထံ ဒေါ်လာ ၁.၃ သန်းကျော် လွှဲပြောင်းပေးခဲ့

ဂျပန်နိုင်ငံအခြေစိုက် ယိုကိုဂါဝါ တံတားတည်ဆောက်ရေးကော်ပိုရေးရှင်း (Yokogawa Bridge Corp.) မှ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံ အမေရိကန်ဒေါ်လာ ၁.၃ သန်း လွှဲပြောင်းပေးခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကထုတ်ပြန်သည်။

ကျိုက်ထိုတွင် PDF ခေါင်းဆောင်၏ ဦးလေးဖြစ်သူ ဒုလ္လဘရဟန်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံ၏ ဦးလေးအရင်းဖြစ်သော် လည်း စစ်ကောင်စီတပ်ကိုသတင်းပေးသူဟုကျော်ကြားသော သံဃာတော်တစ်ပါး ဇန်နဝါရီလ ၂၆ ရက်နေ့နံနက်က ဆွမ်းခံကြွနေစဉ် သေနတ်သမား၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူသွားသည်။

စစ်ကောင်စီကို နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေ

တရားမဝင် စစ်ကောင်စီကို ပံ့ပိုးကူညီနေကြသည့် နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်ရှိကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Justice For Myanmar ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

နေပြည်တော်တွင် လျှပ်စစ်ကားအားသွင်း Station တည်ဆောက်နေ

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပုံမှန်မပေးနိုင်ပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေပြေးဆွဲဖို့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ လျှပ်စစ်ကားတွေ တင်သွင်းပြေးဆွဲဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပါတီဝင် ၁ သိန်းနှင့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် စစ်ကောင်စီ ပြဋ္ဌာန်း

နိုင်ငံတဝန်း ပါတီဝင်အရေအတွက် အနည်းဆုံး ၁ သိန်းစည်းရုံးဖို့နဲ့  ပါတီရန်ပုံငွေကျပ် သိန်း ၁၀၀၀ ရှိရမယ့်   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို  အာဏာသိမ်း စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်ပါတယ်။

တနိုင်းတွင် စက်သုံးဆီပြတ်လပ်ပြီး ဒေသခံများ အခက်တွေ့

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့မှာ လောင်စာဆီသယ်ယူခွင့် ပိတ်ထားတဲ့အတွက် မြို့နယ်အတွင်းက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်နေလို့ ဒေသခံပြည်သူတွေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

Facebook cele ကိုအောင်ချမ်းအေးအား ထောင်ဒဏ် ၂ နှစ်ချ၊ ပြည်ထောင်စုနေ့ လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးမည်ဟု ကတိပြု

ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာသို့ ပြန်လာသည့် Facebook cele ကိုအောင်ချမ်းအေးသည် ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၄ နာရီအကျော်တွင် အဖမ်းခံခဲ့ရပြီး ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် တရားရုံးထုတ်ကာ ၅၀၅ (က) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ကြောင်း ဖရဲသီးသတင်းအရ သိရပါသည်။

Tuesday, January 17, 2023

သံတွဲတွင် စစ်ခေါင်းဆောင်နှင့် ထိုင်းကာချုပ်တို့တွေ့ဆုံမည်ဟု သတင်းများထွက်ပေါ်

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းကာကွယ်ရေးစစ်ဦးစီးချုပ်တို့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ ငပလီတွင် တွေ့ဆုံမည်ဟု သတင်းများထွက်‌ပေါ်နေသည်။

ရွှေတိဂုံစေတီ ရွှေချလုပ်ငန်းလုပ်ဆောင်ရန် ရွှေရာဆိုင်း ၂၄၀၀၀ ဝယ်ယူရန် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ

၂၀၂၃ ခုနှစ် အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ရွှေချခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွှေဆိုင်းများ ဝယ်ယူရန် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလိုသူများ တင်ဒါလျှောက်ထားနိုင်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ကွယ်လွန်သွားသည့် အဖေရဲ့မွေးနေ့နဲ့ မီးသဂြိုလ်တဲ့နေ့တိုက်ဆိုင်နေလို့ ထီဂဏန်းကောက်၍ အစိုးရထီဝယ်ယူပြီးနောက် ပထမဆု ဘတ် ၆ သန်းကန်ထူးခဲ့ရ


ပုဂံဒေသ ဘုရားစေတီတွေမှာ တောင်းရမ်းစားသောက်သူတွေ အရင်ကထက် ပိုများလာတယ်လို့ မြို့ခံတွေ ပြော

ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံတွေထဲမှာ ဘဏ်စာရင်းမဖွင့်မထားတဲ့ အထည်ချုပ်စက်ရုံတွေနဲ့ ဘဏ်စာရင်းဖွင့်ပြီးနိုင်ငံခြားငွေမရောက်တဲ့ စက်ရုံတွေကို အရေးယူခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတိပေးလာပါတယ်။

မြန်မာအရေး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ထောက်ခံအားပေးရန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့ ထိုင်းဝန်ကြီးချုပ်တို့ သဘောတူညီခဲ့

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ရဲ့ တွေ့ဆုံမှုအတွင်း မြန်မာအရေး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ထောက်ခံအားပေးရန် သဘောတူညီခဲ့ကြတယ်လို့ သတင်းများအရ သိရပါတယ်။