Thursday, January 26, 2023

မော်လမြိုင်ကျွန်းမြို့မှာ အိမ်ထောင်စုစာရင်းတွေစစ်ဆေး နေပြီး အိမ်ထောင်စုစာရင်းစာရွက်မရှိရင် ဒဏ်ငွေ ၁၅၀၀၀ အထိပေးနေရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇန်နဝါရီလ အတွင်း အိမ်ထောင်စု စာရင်းတွေလိုက်လံ စစ်ဆေးနေပြီး အိမ်ထောင်စုစာရင်းစာရွက်မရှိရင် ဒဏ်ငွေ ကျပ် ၁၅၀၀၀ အထိပေးနေရတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး ဆယ်အိမ်မှူးနဲ့ ပြည်သူ့စစ်တွေပါတဲ့အဖွဲ့က အိမ်ထောင်စုစာရင်းတွေကို လိုက်လံစစ်ဆေးနေတာဖြစ်ပြီး အိမ်ထောင်စု စာရင်းစာရွက်မရှိတဲ့သူအိမ်ထောင်စုတွေကို ဒဏ်ငွေကျပ် ၁၅၀၀၀ အထိပေးရနေရတယ်လို့မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးကပြောပါတယ်။

''ရပ်ကွက်တွေကော ကျေးရွာတွေကိုကော လိုက်ပြီးအိမ်ထောင်စု စာရင်းတွေကောက်နေတာပါ၊ ဘာ့ကြောင့် အိမ်ထောင်စု စာရင်း ကောက်တာလည်းဆိုတာကိုတော့ပွင့်ပွင့်လင်း လင်းမပြောဘူး ၊သူတို့လာစစ်တဲ့အခါအိမ်ထောင်စု စာရင်း စာရွက်တွေအကြောင်း အမျိုးအမျိုး ကြောင့် မရှိရင်ဘာလို့မရှိတာလည်း ဆိုပြီး ဟောက်တော့ငေါက်တော့တာပဲ ၊ အဲ့လို လုပ်ပြီးတဲ့အပြင် ဒဏ်ငွေလည်း ရိုက်သေးတယ် ၊ ဒဏ်ငွေကလည်း ဘယ်လို ဥပဒေနဲ့ ရိုက်တာလည်းတော့ မသိဘူး ၊ ၁၅၀၀၀ အထိ ပေးရတာ၊ လာစစ်တဲ့အဖွဲ့မှာတော့ လူစုံပေါ့။''လို့ သူကဆက် ပြောပါတယ်။

အကြောင်း အမျိုးအမျိုးကြောင့် အိမ်ထောင်စုစာရင်းတွေဖြစ်တာဖြစ်ဖြစ် ၊ ပျောက်နေတာဖြစ် ၊ လုပ်ထားဆဲဖြစ်ဖြစ်၊ မိသားစု တစ်ဦးဦး ဆီပါသွားတာပဲဖြစ်ဖြစ် ဒဏ်ငွေအရိုက်ခံရပြီး အိမ်ထောင်စုစာရင်းလည်း မဖြစ်မနေလုပ်ရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အိမ်ထောင်စု စာရင်းစာရွက်လုပ်တာနဲ့မှတ်ပုံတင် တွေသွားလုပ်တဲ့အခါမှာလည်း အလွယ်တကူမရတဲ့အပြင်ငွေကျပ် ၆၀၀၀၀ ကေန ၁၀၀၀၀ အထိ ကုန်ကျနေတယ်ဒေသခံတွေဆီကနေ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment