Thursday, January 26, 2023

ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းရပြန်

ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းလိုက်ပြီး သံလမ်းဖောက်ခွဲခံရတဲ့ဖြစ်စဉ်ကြောင့် တိုက်ရိုက်ပြေးဆွဲခြင်းမျိုး မလုပ်နိုင်သေးဘဲ လွန်းပျံပုံစံမျိုး ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

လက်ရှိမှာတော့ ယနေ့မှစတင်ကာ ရထားခရီးစဉ် ယာယီဖျက်သိမ်းလိုက်ပြီး ကြိုတင်ဝယ်ထားတဲ့ ရထားလက်မှတ်ခတွေ ပြန်လည်ထုတ်ပေးနေတယ်လို့ သိရပါတယ်။

“လွန်းပျံပုံစံမျိုးဆွဲဖို့က ဆွေးနွေးနေကြတုန်း။ လမ်းပြင်တာက ချက်ချင်းမပြီးတဲ့ အခါကျတော့ ဘယ်အထိ ပေးသွားမလဲဆိုတာပေါ့။ မနေ့ကတော့ ပိတ်မိတဲ့ခရီးသွားတွေရှိတော့ ဟိုဘက်ဒီဘက်ခရီးသွားတွေ အဆင်ပြေအောင် ရထားချင်း စက်ခေါင်းလှည့်ပြီး ပြေးပေးတဲ့ သဘောပေါ့။ လွန်းပျံစပြေးတာတော့မဟုတ်သေးဘူး။ လွန်းပျံပြေးမယ်ဆိုရင် ရန်ကုန်ကနေ ဘယ်နေရာထိ၊ ဟိုဘက်လည်း မော်လမြိုင်ကနေ ဘယ်နေရာထိ သွားရမယ်ဆိုတာ ညှိနှိုင်းရမှာပါ”လို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာဇန်ဝါရီ ၂၆ ရက် နံနက်အစောပိုင်းက ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာ-ခလွန် ရထားလမ်း သံတံတား (တံတားအမှတ် BR 41 ) ဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

သံတံတားပျက်စီးသွားတဲ့အတွက် ရန်ကုန်မှ နံနက်ပိုင်းထွက်ခွာလာတဲ့ အမှတ် ၈၉ အဆန် ရန်ကုန်-မော်လမြိုင် ရထားက မုပ္ပလင်ဘူတာ၊ မော်လမြိုင်မှ နံနက်ပိုင်းထွက်ခွာလာတဲ့အမှတ် ၉၀ အစုန်ရထားမှာ ကျိုက္ကသာဘူတာတို့မှာရပ်တန့်ပြီး ခရီးသည်တွေ ရထားချိန်း စီးနင်းခဲ့ရတယ်လို့ သိရပါတယ်။

ရန်ကုန်-မော်လမြိုင် ရထားလမ်းမှာ ကျောက်ရထားမိုင်းခွဲခံရတဲ့ဖြစ်စဉ်က နှစ်ကြိမ်ကြုံခဲ့ရဖူးပြီး  ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်းခဲ့ရပါသေးတယ်။


MyanmaPlatform

0 comments:

Post a Comment