Thursday, January 26, 2023

Facebook cele ကိုအောင်ချမ်းအေးအား ထောင်ဒဏ် ၂ နှစ်ချ၊ ပြည်ထောင်စုနေ့ လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးမည်ဟု ကတိပြု

ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာသို့ ပြန်လာသည့် Facebook cele ကိုအောင်ချမ်းအေးသည် ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၄ နာရီအကျော်တွင် အဖမ်းခံခဲ့ရပြီး ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် တရားရုံးထုတ်ကာ ၅၀၅ (က) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ကြောင်း ဖရဲသီးသတင်းအရ သိရပါသည်။
ကိုအောင်ချမ်းအေးကို သူ၏ဆွေမျိုးတော်စပ်သူ မန္တလေးမှ ဗိုလ်ကြီးတစ်ဦးမှ လိုက်ပေးခဲ့သော်လည်း ချက်ချင်းပြန်လွတ်၍မရကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
"သူကို ဒီနေ့ ရုံးထုတ်တယ်။ ချက်ချင်းပဲ ၂ နှစ် အမိန့်ချတယ်။ မန္တလေးက သူ့ရဲ့အမျိုး ဗိုလ်ကြီးကိုယ်တိုင် လိုက်ပေးတာ။ ချက်ချင်းပြန်လွှတ်လို့မရလို့ ပြည်ထောင်စုနေ့မှာ လွှတ်ပေးမယ်ဆိုပြီး ကတိပေးလိုက်တယ်တဲ့ " လို့ ဖရဲသီးမှ ပြောပြသည်။
ကိုအောင်ချမ်းအေး အခုလို အဖမ်းခံရမှုနဲ့ ပတ်သက်၍ သူ့ရဲ့ဆွေးမျိုးတစ်ဦး ပြောကြားရာတွင်
" အခုလို ဖြစ်သွားတာ ပိုတောင်နာမည်ကြီးသွားတယ်။ စျေးလဲ ပိုရောင်းကောင်းသွားမယ်။ သူ့ကိုယ်ပိုင် brand နဲ့ ပစ္စည်းတွေက မြန်မာပြည်တွင်းမှာ လုပ်ရမှာဆိုတော့ ကိုယ်တိုင် အဖမ်းလာခံတာ "ဟု KIT သို့ ပြောသည်။
ကိုအောင်ချမ်းအေးကို ယနေ့တွင် သထုံထောင်သို့ ပို့မည်ဖြစ်ကြောင်း သိရပါသည်။ လိုင်းပေါ်တွင် ကိုအောင်ချမ်းအေး ပြန်လွတ်လာသည်ဆိုသည့် သတင်းအမှားများ ပြန့်လျှက်ရှိနေသည်။

0 comments:

Post a Comment