Tuesday, January 17, 2023

မြန်မာအရေး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ထောက်ခံအားပေးရန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့ ထိုင်းဝန်ကြီးချုပ်တို့ သဘောတူညီခဲ့

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ရဲ့ တွေ့ဆုံမှုအတွင်း မြန်မာအရေး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ထောက်ခံအားပေးရန် သဘောတူညီခဲ့ကြတယ်လို့ သတင်းများအရ သိရပါတယ်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ဇန်နဝါရီလ ၁၅ရက်နေ့က တွေ့ဆုံခဲ့တာနဲ့စပ်လျဉ်းပြီး ထိုင်းသတင်းဌာနများက ဖော်ပြလာတာဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ မြန်မာနိုင်ငံအခြေအနေနဲ့စပ်လျဉ်းပြီး အပြုသဘောဆောင်တဲ့ အမြင်များ ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကို ထောက်ခံအားပေးရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိနိုင်ဖို့ ထိုင်းနိုင်ငံက ဆက်လက်လုပ်ဆောင်နေတဲ့ သံတမန်ရေးရာကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မစ္စတာ ဆာဆာကာဝါသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုများနဲ့စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

TMA

MyanmaPlatform

0 comments:

Post a Comment