Thursday, January 26, 2023

နိုင်ငံတဝန်းအေးချမ်းပြီး ဘေးအန္တရာယ်ကင်းဖို့ တိုင်းနဲ့ပြည်နယ်တွေမှာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးပြော

နိုင်ငံတဝန်း အေးချမ်းသာယာပြီး ဘေးအန္တရာယ်ကင်းရှင်းစေဖို့ တိုင်းနဲ့ပြည်နယ် အသီးသီးရှိ ဘုန်းကြီးကျောင်းနဲ့ဓမ္မာရုံတွေမှာ စစ်သား၊ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက  ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။  

နိုင်ငံတော်အေးချမ်းသာယာစေရန်၊ နိုင်ငံအဝန်းဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ပြည်သူများ စိတ်ကြည်နူးအေးချမ်းစေရန် ရည်ရွယ်ကာ စစ်သားနဲ့  မိသားစုဝင်များ၊ ရဲနဲ့  မိသားစုဝင်များအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဓမ္မာရုံများ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများမှာ  မြတ်စွာ ဘုရားရှင်အား ရည်မှန်းပြီး  အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင် အန္တရာယ်ကင်းပရိတ် တရား တော်များ၊ ပဋ္ဌာန်းဒေသနာတော် များနှင့် ဇယမင်္ဂလာ ဂါထာတော်များကို ရွတ်ဆိုပူဇော်လျက်ရှိတယ်လို့ ဆိုပါတယ်။ 

 နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဓမ္မာရုံများ၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်/တပ်ရင်းများရှိ ဘုရားစေတီပုထိုးများနှင့် ဓမ္မာရုံများ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း မြို့နယ်(၅)မြို့နယ်ရှိ ဓမ္မာရုံများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းဓမ္မာရုံနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း မြို့နယ်(၁၁)မြို့နယ်ရှိ ဓမ္မာရုံများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဓမ္မာရုံနှင့် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေပရိဟိတကျောင်းတိုက်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း မြို့နယ်(၇)မြို့နယ်ရှိ ဓမ္မာရုံများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းဓမ္မာရုံနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၆)မြို့နယ်ရှိ စေတီတော်မြတ်ကြီးများ၊ ဓမ္မာရုံများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက် ဓမ္မာရုံများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ်(၈)မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၈)မြို့နယ်တို့ရှိ ဓမ္မာရုံများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နန်းဦးဆုတောင်းပြည့် ဘုရားဝန်းအတွင်းရှိ ရန်အောင်မြင် ဓမ္မာရုံနှင့် ဓမ္မာရုံနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း အသီးသီး ရွတ်ဖတ်ပူဇော်ကြတယ်လို့ဆိုပါတယ်။ 

အဆိုပါ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲတွေမှာ သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး    သက်ဆိုင်ရာဝတ်အသင်းများက အတွင်းအောင်ခြင်း ရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင် အန္တရယ်ကင်းပရိတ်တရား တော်များ၊ ပဋ္ဌာန်းဒေသနာတော်များနှင့် ဇယမင်္ဂလာ ဂါထာတော်များကို အသီးသီး ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြတယ်လို့ဆိုပါတယ်။ 


MyanmaPlatform

0 comments:

Post a Comment