Tuesday, January 17, 2023

ပုဂံဒေသ ဘုရားစေတီတွေမှာ တောင်းရမ်းစားသောက်သူတွေ အရင်ကထက် ပိုများလာတယ်လို့ မြို့ခံတွေ ပြော

ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံတွေထဲမှာ ဘဏ်စာရင်းမဖွင့်မထားတဲ့ အထည်ချုပ်စက်ရုံတွေနဲ့ ဘဏ်စာရင်းဖွင့်ပြီးနိုင်ငံခြားငွေမရောက်တဲ့ စက်ရုံတွေကို အရေးယူခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတိပေးလာပါတယ်။

အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ ဘဏ်စာရင်းဖွင့်လှစ်ထားတာမရှိရင် အရေးယူခံရမှာဖြစ်ပြီး လက်ရှိ စက်ရုံအရေအတွက် ရာနဲ့ချီက နိုင်ငံခြားငွေဝင်ရောက်တာမရှိသလို ဘဏ်စာရင်းမဖွင့်ထားတဲ့ စက်ရုံတွေပါ ကျန်နေသေးတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ CMPချုပ်လုပ်လည်ပတ်နေတဲ့ အထည်ချုပ်လုပ်ငန်းပေါင်း ၇၀၀ ကျော်ခန့်ရှိပြီး ဘဏ်စာရင်းဖွင့်လှစ်ကာ နိုင်ငံခြားငွေဝင်ရောက်တဲ့ စက်ရုံက ၃၆၂ ရုံသာ ရှိတယ်လို့ သိရပါတယ်။

ကုန်သွယ်မှုနဲ့ ကုန်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက အကြောင်းကြားလာတဲ့ အထည်ချုပ် စက်ရုံတွေရဲ့ နိုင်ငံခြားငွေဝင်ရောက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ ၂၀၂၂ ခုနှစ်စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ဘဏ်ငွေစာရင်းဖွင့်လှစ်ထားပြီး နိုင်ငံခြားငွေဝင်ရောက်တဲ့ စက်ရုံ ၃၆၂ရုံ၊ နိုင်ငံခြားငွေ ဝင်ရောက်မှုမရှိတဲ့စက်ရုံ ၂၈၄ ရုံနဲ့ ငွေစာရင်းဖွင့်လှစ်ထားတာမရှိတဲ့ စက်ရုံ ၉၂ ရုံတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အထည်ချုပ်လုပ်ငန်းတွေရဲ့ ငွေကြေးစီးဆင်းလည်ပတ်မှုကို ကြီးကြပ်နိုင်ဖို့အတွက် ဘဏ်စာရင်းမဖြစ်မနေဖွင့်လှစ်ဖို့ လိုအပ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပကို CMP လက်ခစား ချုပ်ပြီးအထည်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်လောက် ရရှိထားတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment