Thursday, July 28, 2016

လမ်းဘေးဈေးသည်အရေး

Road Side

အတိုင်း လူအများ သိ ထားကြပါသည်။ မိမိတို့ တိုင်းပြည်က ဆင်းရဲတွင်းနက်ခဲ့ သည်။ နက်နေသေးသည်။ သို့ သော်လည်း ကံကောင်းတော့မလား မဆိုနိုင်။ ထိုတွင်းမှတက်မည်ဟု ကြုံးဝါးသော အသံများကြားစ ပြု လာသည်။ မျှော်လင့်ချက်ရောင်ခြည် လေးပျပျ မြင်ရပြီ။ စနစ်ဟောင်း များကို စပြောင်းနေပြီ။ မူတွေ ပြောင်းနေပြီ။ လူတွေလည်းပြောင်း နေပြီ။ မိမိတို့အားလုံး၏ ယခင်စိတ် ဓာတ်ဟောင်းများကို ပြောင်းပစ် လိုက်ဖို့သာ ကျန်တော့သည်။ တကယ်တော့ မိမိတို့သိတတ် စအရွယ်က တိုင်းပြည်စီးပွားရေးကျ သည်မှာ ယခု လောက်မဆိုးသေး။ ဆန်စပါးကိုနိုင်ငံခြားပို့ရာ၌ ရှေ့ တန်းမှာရှိသည်။

သံသယစိတ်များတဲ့ချစ်သူနဲ့အဆင်ပြေအောင်နေနည်း (၆)နည်း

play

၁။ ရုပ်ရှင်များများကြည့်
သူရောကိုယ်ရော စိတ်ဝင်စားနိုင်မယ့် ရုပ်ရှင်တွေ ရုံမှာဖြစ်ဖြစ်၊ ခွေနဲ့ပဲဖြစ်ဖြစ် တူတူကြည့်ပေးလိုက်ပါ။ ရုပ်ရှင်ကြည့်နေရတော့ စကားများများလည်းသိပ်မပြောဖြစ်၊ သံသယပွားစရာတွေလည်း စဉ်းစားဖြစ်ဖို့ အချိန်လျော့သွားနိုင်ပါတယ်။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် လူဦးရေ ၁၆၀၀ ကျော် ရေဘေးရှောင် စခန်းများသို့ ပြောင်းရွှေ့ရ



စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ခြေ ၅၆၀ ကျော်မှ
လူဦးရေ ၁၆၀၀ ကျော်သည် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတ်တမ်းများမှ သိရှိရသည်။

ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် သေဆုံးသွားသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု (၂၀) နှစ်အတွက် သက်ဆိုင်ရာမှ အရေးယူ ဖြေရှင်းခြင်းမရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး၊ ပတ္တမြားမြို့သစ်ရှိ၊ ပတ္တမြားမှတ်တိုင်တွင် ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲဌာနမှ တစ်စုံတစ်ရာ အရေးယူမှု မရှိသလို ကားပိုင်ရှင်မှလည်း တစ်စုံတစ်ရာ ဖြေရှင်းခြင်း၊ လျော်ကြေးပေးခြင်း မရှိကြောင်း သတင်း ရရှိသည်။


ဇူလှိုင်လ ၂၆ ရက် နံနက်က မလှဦး၊ မသန်းယဉ်နှင့် မလှတင်နု တို့သည် မြောက်ဥက္ကလာပ မြို့နယ်ရှိ EMC စက်ရုံမှအလုပ်လျှောက်ပြီး (၁၃၀) ယာဉ်လိုင်း ဒိုင်နာကားနံပတ် ( Q-8340)စီးကာ ပြန်လာခဲ့ကြကြောင်း၊ ပတ္တမြားမြို့သစ်ရှိ၊ ပတ္တမြားမှတ်တိုင် အရောက်တွင် ကားပေါ်မှဆင်းကြရာ မလှဦးနှင့် မသန်းယဉ်တို့ နှစ်ဦးက ကားပေါ်မှ ဆင်းပြီးနောက် မလှတင်နု အဆင်းတွင် ကားမှာ ရုတ်တရတ် မောင်းထွက်သွားသောကြောင့်

နိုင်ငံတော် သမ္မတ ဦး ထင် ကျော် နှင့် တပ် မ တော် ကာ ကွယ် ရေး ဦး စီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂ဝ၁၆ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး


၂ဝ၁၆ ခုနှစ် အဋ္ဌမအကြိမ် ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ညနေ ၃နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်း၌ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးထင် ကျော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးကြသည်။

အမျိုးသားစာကြည့်တိုက်ကို ရန်ကုန်မြို့လယ်၌ ပြောင်းရွှေ့ ဖွင့်လှစ်မည်



အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို အများပြည်သူ အလွယ်တကူ ၀င်ထွက်လေ့လာ ဖတ်ရှု့နိုင်ရန် လက်ရှိ ရန်ကင်း ကမ္ဘာအေးဘုရားလမ်းမကြီး၊ သီရိမင်္ဂလာရိပ်သာ လမ်း၊ အမှတ် ၈၅ (က) နေရာမှ မြို့လယ် ကုန်သည်လမ်း အမှတ် ၆၀၄/ ၆၀၈ (ယခင်ရေနံရုံး- MOGE) အဆောက်အအုံ သို့ ပြောင်းရွေ့ ဖွင့် လှစ်တော့မည်ဖြစ်သည်။

မီးရောင်မှိန်မှိန်ကြားမှ ညဥ့်ငှက်ငယ်ကလေးများရဲ့ ဘဝ

ထိုင်းနိုင်ငံ ဥဒုံဌာနီမြို့ထဲကို အေးအေးလူလူ လမ်းလျှောက်ကြည့်မယ်ဆိုရင်တော့ တခြားမြို့ကြီးတွေနဲ့ ကွာဟချက်မရှိတာကို ခရီးသွားတွေက သတိထားမိမှာ ဖြစ်ပါတယ်။
ဒေသခံတွေက ရင်းနှီးဖော်ရွေကြသလို လမ်းတွေမှာလည်း စားသောက်ဆိုင်တန်းတွေ၊ ကြီးမားတဲ့ ဈေးဝယ်စင်တာတွေ တွေ့ရမှာဖြစ်ပြီး အရှေ့မြောက်ပိုင်းက အချက်အချာကျတဲ့ ယဉ်ကျေးမှုတွေ ကြွယ်ဝတဲ့ မြို့ကြီးတမြို့ဖြစ်နေပါတယ်။

ဒါပေမယ့် နေ၀င်ပြီး မြို့တော်ရဲ့ ညဈေးကနေ ၅ မိနစ်အကွာမှာ ရှိတဲ့ ပတ်ဝန်းကျင်ကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။

Tuesday, March 29, 2016

ပါကစ္စတန်အသေခံဗုံးခွဲမှု သံသယရှိသူ ၂၀၀ ကျော်ကို ဖမ်းဆီး


ပါကစ္စတန်နိုင်ငံ၊ လာဟိုမြို့မှာ လွန်ခဲ့တဲ့ ၃ ရက်က လူအနည်းဆုံး ၇၀ သေဆုံးခဲ့တဲ့ ကလေးကစားကွင်း အသေခံဗုံးဖေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူအနည်းဆုံး အယောက် ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

New Face Model - L Ko Mi












ခေါင်စံနှုန်းသစ် အစိုးရသစ်


၁) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အရပ်သားအစိုးရဖြစ်ပြီး ဗိုလ်ချုပ်ဟောင်းများ၊ လက်ရှိဗိုလ်ချုပ်များ၊ ကျောင်းဆရာများ၊ ဝန်ထမ်းဟောင်း များနှင့် စုံစုံလင်လင်အစိုးရ ဖြစ်သည်။ လူအများက မျှော်လင့်တကြီး ကြိုဆိုကြသဖြင့် အစိုးရအပေါ် ထားသည့် စံနှုန်းများလည်း မြင့်မားသည်။ အစိုးရသစ် အနေနှင့် ပါတီဘဝကတည်းက စံနှုန်းမြင့်မားသော ပါတီဖြစ်သည့်အတွက် မိမိကိုယ်တိုင်ကို ထိုစံနှုန်းများဖြင့် တိုင်းတာအကဲဖြတ်ခြင်းကို ခံနိုင်မည်ဟု မျှော်လင့်ကြသည်။ ယခုအစိုးရသည် လူတော်လူကောင်းများ ပါဝင်သော၊ ဒီမိုကရေစီနည်းကျ တက်လာသော အရပ်သားအစိုးရဟု အများကသတ်မှတ်သည့် အတွက် ယခင်အစိုးရများ နည်းတူ စွမ်းဆောင်နိုင်ရုံ၊ ယခင်အစိုးရများတွင် ပါဝင်သော ပုဂ္ဂိုလ်များလောက် အရည်အချင်းရှိရုံဖြင့် မရတော့ပါ။

ရုပ်ရှင် အကြိုခံစားခြင်း - အချစ်စစ်


−ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ ၀ိညာဉ်အချစ်ကားလေး ကို ညွှန်းပေးလိုက်ပါတယ်။

နေလင်းထွန်းတောက်က တစ်ဦးတည်းသောသားဖြစ်သလို သူ့အဖေကလည်း နောက်အိမ် ထောင်ပြုထားတဲ့အတွက် သူ့အ ထိန်းတော်ကြီးမေနဲ့ အိမ်ခွဲနေပါ တယ်။ သူ့မှာ ရူပါဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ ရူပါရဲ့ မိဘတွေကတော့ နေလင်းထွန်း တောက်ကို အရမ်းအရေးပေးပါ တယ်။ နေလင်းထွန်းတောက်က လည်း ရူပါ့ကို လက်ထက်ဖို့အထိ ရည်ရွယ်ထားပါတယ်။

လိပ်ကျွန်းအမှုတွင် ဒီအင်န်အေအထောက်အထားများကို အဓိကထား၍ အယူခံဝင်ရန် ပြင်ဆင်

သေဒဏ်ကျ မြန်မာလူငယ်နှစ်ဦးကို ထိုင်းအာဏာပိုင်တစ်ဦးနှင့်အတူတွေ့ရစဉ်(NICOLAS ASFOURI/AFP)

လိပ်ကျွန်းလူသတ်မှုတွင် တရားရုံးကအပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်ခြင်း ခံထားရသည့် မြန်မာလူငယ်နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေအကျိုးဆောင်အဖွဲ့က DNAအထောက်အထားများကိုအဓိက အားပြုပြီး အယူခံဝင်ရန် စီစဉ်နေကြောင်း သိရသည်။

ခရီးသည်အမျိုးသမီးအား ညစ်ညမ်းဗီဒီယိုပြသည့်ယာဉ်မောင်းကို စုံစမ်းရှာဖွေနေ

အငှားယာဉ်မောင်းက ကားအတွင်း မဖွယ်မရာ ဗီဒီယိုပြသနေစဉ် (ဓာတ်ပုံ - Su Myat Win Facebook)

ခရီးသည်အမျိုးသမီး ငယ်အား ညစ်ညမ်းဗီဒီယိုပြသခဲ့ သည့်ယာဉ်မောင်း မောင်းနှင် သော ယာဉ်ကို သိမ်းဆည်းရမိ ထားပြီး ယာဉ်မောင်းမှာမူ တိမ်း ရှောင်နေဆဲဖြစ်ကြောင်း အမှတ် (၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သ တင်းရရှိသည်။

Monday, March 28, 2016

NLD အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် များအဖြစ် အဆိုပြု ခန့်အပ်ပြီ

NLD ပါတီဝင် အမတ်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် များဖြစ်လာကြပြီဖြစ်သည်။

ရွေးကောက်ခံသမ္မတ ဦးထင်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး လွှတ်တော်အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် များအဖြစ် သက်ဆိုင်ရာ လွှတ်တော် များသို့ တင်သွင်းပြီး အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ် ၁၄ ဦး၏ ကို်ယ်ရေးရာဇ၀င်များကို စုစည်းဖော်ပြ လိုက်ပါသည်။


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်

ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာခက်အောင်သည် အသက် ၆၉ နှစ် ရှိပြီဖြစ်ပြီး အဘ ဦးခက်လ နှင့် အမိ ဒေါ်အင်လမ်းပရီ ၏ သားတဦးဖြစ်သည်။ ဒေါက်တာခက်အောင်သည် ကချင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ကာ ခံတွင်းနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် တဦး အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

Wednesday, March 23, 2016

ဝန်ကြီးလောင်းတွေ ကိုယ်ရေးအကျဉ်း ကြိုစိစစ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်

ဦးကျော်ဝင်း
မကြာခင်ရက်ပိုင်းအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတော့မယ့် အစိုးရသစ်မှာတဲ့ ၀န်ကြီး ၁၈ ဦးအနက် ၀န်ကြီး ၂ ဦးရဲ့ နိုင်ငံခြားက ရရှိထားတဲ့ ဘွဲ့လွန်လက်မှတ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

'အကယ်ဒမီရမယ်လို့ မျှော်လင့်မထားသလို တစ်နှစ်မှလည်း ရင်မခုန်ခဲ့ဘူး' မိုးဟေကို


၂ဝ၁၄/၂ဝ၁၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပရိသတ်ထင်မြင်ချက် အများဆုံးပေးခံနေရတဲ့ သရုပ်ဆောင်မိုးဟေကိုက.....။ ''အကယ်ဒမီ အတွက် မိုးကိုအခုလိုမျိုး ပရိသတ်တွေကဝိုင်းပြီး တော့ အကယ်ဒမီပေးတာကိုပဲ မိုး ကျေးဇူးတင်ပါတယ်။ မိုးအတွက် တော့ အကယ်ဒမီကိုမမျှော်လင့်ထားပါဘူး။

ရိုးသားသော ပြည်သူ့အစိုးရ ဖြစ်စေလို

အစိုးရသစ်၏ ဝန်ကြီးများစာရင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လျာထားခံရသူ ဦးကျော်ဝင်း ရရှိထားသည့် ပါရဂူဘွဲ့မှာ အစစ်အမှန် မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။
ယင်းသတင်းနှင့် ပတ်သက်၍ ကာယကံရှင် ကိုယ်တိုင်က အလိမ်ခံရခြင်း ဖြစ်ကြောင်း သို့သော် ၎င်းကိုယ်တိုင်မှာမူ အချိန်ကုန်၊ ငွေကုန် ကြိုးစားခဲ့သောကြောင့် ကိုယ်ရေးအချက်အလက်တွင် ထည့်သွင်းခဲ့ကြောင်း လွတ်လပ်သော အာရှအသံနှင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားသွားခဲ့ရာ ပို၍ ဝေဖန်သုံးသပ်စရာ ဖြစ်သွားခဲ့သည်။

ယခင်အစိုးရ လက်ထက်က တပ်မတော် အရာရှိကြီးများနှင့် များစွာ နီးကပ်သော ဆက်ဆံရေး ထူထောင်ကာ ကြီးပွားချမ်းသာခဲ့ကြသူများအနက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အတုဖြင့် ဒေါက်တာဘွဲ့ တပ်ခဲ့သူကို အစိုးရက တရားဝင် အသိအမှတ်ပြုသည့် သဘောဖြင့် ယင်းဒေါက်တာဘွဲ့တပ်၍ တရားဝင် ခေါ်ဝေါ်သုံးစွဲခဲ့သည့် သာဓက ရှိခဲ့ရာ ယင်းအခြေအနေ၊ ယင်းစနစ်နှင့် ယင်းဆက်ဆံရေး ပတ်သက်မှုများအရ ပြောစရာ မရှိသော်လည်း ယနေ့အခြေအနေတွင်မူ ပြောစရာ ဖြစ်လာနိုင်ပေသည်။

အစိုးရအဖွဲ့ ဆိုသည်မှာ သက်ဆိုင်ရာ ပါတီတစ်ခု၏ ပုံရိပ်သာမက နိုင်ငံတော်တစ်ခုလုံး၏ မျက်နှာစာ သို့မဟုတ် မဲဆန္ဒရှင် ပြည်သူတစ်ရပ်လုံး၏ ဂုဏ်သိက္ခာကိုပါ ကိုယ်စားပြုနေသောကြောင့် အစိုးရအဖွဲ့အတွင်း ပါဝင်သူများ၏ ကိုယ်ရေးအချက်အလက်များ မည်မျှအရေးကြီးကြောင်း သာမန်စဉ်းစားတတ်သူတိုင်း နားလည်နိုင်ပေသည်။

ပြည်သူလူထု အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အတိုင်းထက်အလွန် အားကိုးချစ်ခင် ယုံကြည်လေးစားမှု ရှိနေသည့်အတွက် အစိုးရအဖွဲ့အတွင်း မည်သူ့ကို ခန့်ထားတာဝန်ပေးသည် ဖြစ်စေ လက်ခံကြမည် ဖြစ်သော်လည်း အစစ်အမှန် မဟုတ်သော ပညာအရည်အချင်းနှင့် ပတ်သက်၍မူ လက်ခံပေးရန် ခက်ခဲမည် ဖြစ်သည်။

ပညာရေးနယ်ပယ်တွင် နိုင်ငံတကာ တက္ကသိုလ်များမှ မဟာဘွဲ့၊ ပါရဂူဘွဲ့ ရရှိထားသူများ အနေနှင့်မူ ၎င်းတို့ကိုယ်တိုင် မည်သို့ ကြိုးစားအားထုတ်ခဲ့ရသည်၊ တတိယ ကမ္ဘာ့နိုင်ငံများကို ဦးတည်သော အမည်ခံ အွန်လိုင်းတက္ကသိုလ်များ၏ အစစ်အမှန် မဟုတ်သော မဟာဘွဲ့၊ ပါရဂူဘွဲ့များ မည်သို့မည်ပုံ ရှိသည် ဆိုခြင်းတို့ကို ခွဲခြားသိမြင်နိုင်ကြသည့် အတွက် ဝန်ကြီးအလျာထားခံ ဦးကျော်ဝင်း၏ အငြင်းပွားဖွယ် ပညာရေးမှတ်တမ်းနှင့် ပတ်သက်၍ ပညာရှင်များအကြား အထူးဝေဖန် ဆန်းစစ်စရာ ဖြစ်သွားခဲ့သည်။
မြန်မာပြည်သူလူထုသည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်တွင် ရိုးသားမှုဆိုသော စကားလုံး နေရာမရခဲ့သောကြောင့် ဒီမိုကရေစီ အစိုးရလက်ထက် မိမိတို့ကိုယ်တိုင် အသည်းကြားက ဆန္ဒမဲ တစ်ပြားစီဖြင့် ရွေးချယ်ပေးခဲ့သော ပြည်သူ့အစိုးရ ဖြစ်လာချိန်တွင်မူ ရိုးသားသော အစိုးရဖြစ်ရန် အနိမ့်ဆုံးအားဖြင့် မျှော်လင့်နေကြပေသည်။

ထို့ကြောင့် ပြည်သူလူထုက လေးစားယုံကြည်သော၊ ရိုးသားဖြောင့်မတ်သော အစိုးရအဖြစ် ပြသရန်နှင့် မူလကပင် NLD ပါတီအပေါ် အမြင်မကြည်လင်ခဲ့ကြသူများ ထိုးနှက်တိုက်ခိုက်စရာ လက်နက်တစ်ခု တပ်ဆင်ပေးလိုက်သကဲ့သို့ ဖြစ်မသွားစေရန် လက်ရှိအစိုးရအဖွဲ့ အမည်စာရင်းတွင် ပါဝင်သော ဝန်ကြီးများ၏ ပညာအရည်အချင်းကိုလည်း သေချာစွာ ပြန်လည်စိစစ်သုံးသပ်သင့်ပြီး နောင်တွင် အငြင်းပွားဖွယ်ရာ နောက်ဆက်တွဲ ပြဿနာများ မပေါ်ပေါက်လာစေရေးအတွက် လိုအပ်ပါက ပြင်ဆင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းအားဖြင့် ရိုးသားဖြောင့်မတ်မှုအပေါ် အလေးအနက် တန်ဖိုးထားခြင်းကို ပြသပါမည့်အကြောင်း အကြံပြု တိုက်တွန်းအပ်ပေသည်။


The Voice Daily

NLD မှ ရွေးချယ်ထားသော မြန်မာ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးမှာ PhD ဘွဲ့တံဆိပ် အတုကို ဝယ်ယူကိုင်ဆောင်ထားဟုဆို


မြန်မာအစိုးရသစ်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ရွေးချယ်ထားသော အသက် ၆၈ နှစ်ရှိ ဦးကျော်ဝင်းသည် မည်သည့်အခါကမှ အမေရိကန်ပြည်ထောင်စု၌ ပညာသင်ကြားခြင်းမရှိဖူးပါဘဲလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သော ကိုယ်ရေးမှတ်တမ်း၌ အမေရိကန်ပြည်ထောင်စုရှိ ဘရွတ်ကလင်း ပါ့ခ် တက္ကသိုလ် Brooklyn Park University မှ မာစတာဒီဂရီနှင့် ပါရဂူဘွဲ့ Ph.D ရရှိထားသည်ဟု ဖော်ပြထားသည်။ 

Thursday, March 17, 2016

အမေရိကားမှာ ကျောင်းကြော်ငြာရိုက်ခဲ့တဲ့ အလှမယ် ဟန်သီ ချစ်သူမရှိသေးဟုဆို







ငယ်ရွယ်စဉ်ထဲက ပြိုင်ပွဲတွေမှ အောင်မြင်မှုတွေရခဲ့ပြီး အလှမယ် ပြိုင်ပွဲပေါင်း ၉ ပွဲထိပြိုင်ဖူးတဲ့ အလှမယ် ဟန်သီဟာ Miss Supernational Asia & Ocean ဆုကို ရရှိပြီးကတည်းက အနုပညာဝမ်းစာအတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ New York Film Academy မှာ Acting ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အနာဂတ်

ဒေါ်အောင်ဆန်းစုကြည် (သရုပ်ဖော် – Stephff)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာ လူထုချစ်ခင် လေးစားထောက်ခံမှုကို အရဆုံး လူထုခေါင်းဆောင် နိုင်ငံရေးသမား ဖြစ်ပါတယ်။ သူဟာ တိုင်းပြည်ရဲ့ Moral Leader စံပြခေါင်းဆောင်အဖြစ် ထာဝရ ရှိသွားမယ့် သူတဦးဖြစ်တယ်ဆိုတာ သံသယ ရှိစရာမလိုပါ။