Thursday, April 26, 2018

မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် အတွင်းလူနာအဖြစ် တက်ရောက်ကုသသူ ယနေ့အထိ ၁၉ ဦးရှိ


ထိန်ပင် အမှိုက်ပုံမီးစတင်လောင်ကျွမ်းသည်မှ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးဝါးကုသမှုခံယူသူ အတွင်းလူနာများမှာ ယနေ့အထိ ၁၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

ခရီးသွားကုမ္ပဏီ ၃၀၀ ကျော်ကို လိုင်စင်ဖျက်သိမ်း


ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ ဖြိုးတိုးတက်ရန် ခရီးသွား ကုမ္ပဏီများကို ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက်ရှိရာ လုပ်ငန်းလိုင်စင် ရယူထားပြီး သက်တမ်းတိုး ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီ ၃၇၀ ကျော်ကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းလိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ဧပြီလ ၂၅ ရက်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီများအနက်တစ်ခုအဖြစ် တယ်လီနောအား အသိအမှတ်ပြု


မြန်မာနိုင်ငံ၏ အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီများအနက်တစ်ခုအဖြစ် တယ်လီနောအား ရန်ကုန်တိုင်းအစိုးရက အသိအမှတ်ပြု ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။

ကုလ ကိုယ်စားလှယ်အဖွဲ့ လာမည့်သီတင်းပတ်မှာ ရခိုင်ပြည်နယ်သို့ လာရောက်မည်



ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့တစ်ခု လာမည့် ဧပြီ ၃၀ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကာ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း အဆင့်မြင့် အစိုးရအရာရှိကြီးတစ်ဦးက ပြောသည်။

ထိန်ပင်အမှိုက်ပုံမီး အမြန်ဆုံးငြိမ်းစေရန် ရေအ​မြောက်​ကားဖြင့် မီးငြှိမ်းသတ်နေ


ရန်ကုန်၊ လှိုင်​သာယာမြို့နယ်​ ထိန်​ပင်​သုသာန်​ စည်​ပင်​သာယာ​အမှိုက်​ပုံ အမြန်​ဆုံး မီးငြိမ်းစေဖို့  ရေအ​မြောက်ကားတွေ အသုံးပြုမီး ငြှိမ်းသတ်​​နေပါတယ်​။

ထိန်ပင်အမှိုက်ပုံမီး ၃၆ နာရီအတွင်း အပြီးငြှိမ်းသတ်နိုင်ရေးတွန်းအားပေး ဆောင်ရွက်သွားမည်ဟု ဦးဖြိုးမင်းသိန်းပြော၊ ထိုင်းနိုင်ငံမှ Bio Foam များ မှာယူထား


ထိန်ပင်အမှိုက်ပုံမီးလောင်နေမှုကို မိုးရွာသလို ရေကိုသုံး၍ မီးငြှိမ်းသတ်သွားမည်ဟု ဧပြီ ၂၅ ရက်က လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်သောအစည်းအဝေး၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၌ အပြီးရိုက်ကူးမည်ဖြစ်ပြီး၂၀၂၀ ပြည့်နှစ်တွင် ရုံတင်ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၌အပြီးရိုက်ကူးမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်ရုံတင်ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံတစ်ဝန်း တရားမ၀င်နိုင်ငံခြားသား စီးနင်းဖမ်းဆီးမှုများ ယနေ့ လုပ်ခဲ့ပြီး မြန်မာအပါအ၀င် နိုင်ငံခြားသား ၁၀၀ ခန့် ဖမ်းဆီးခံရ


ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ဟာ နိုင်ငံတကာကျောင်းတွေအများစုပါဝင်တဲ့ နိုင်ငံတစ်ဝန်း နေရာ ၁၁၈ ခုခန့် မှာ ယနေ့  ကြာသပတေးနေ့ နံနက်ပိုင်းက စီးနင်းရှာဖွေမှုတွေလုပ်ခဲ့ပြီး မြန်မာ၊ အိန္ဒိယ၊ ဂျာမနီနဲ့ လာအိုနိုင်ငံသားတွေ အပါအ၀င် နိုင်ငံခြားသား ၉၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး နှင့် ၀န်ကြီးချုပ်အချို့ အပြောင်းအလဲလုပ်မည့် သတင်းမှာ နားလည်မှုလွဲမှားခြင်းဟု ဒေါက်တာ မျိုးညွန့် ဆို


ပြည်ထောင်စုဝန်ကြီးတစ်ချို့နှင့် ပြည်နယ်ဝန်ကြီးချုပ်တစ်ချို့ကို အပြောင်းအလဲလုပ်ရန် ပါတီခေါင်းဆောင်များအား တင်ပြထားသည်ဟု ဆိုသည့်သတင်းမှာ နားလည်မှုလွဲမှားခြင်းသာဖြစ်သည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က မဇ္ဈိမသို့ ဧပြီလ ၂၆ ရက် မနက်ပိုင်းတွင် အတည်ပြုပြောဆိုသည်။

ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှ ထွက်ပေါ်သည့် မီးခိုးငွေ့များ ရှူရှိုက်ရာမှ အမျိုးသမီး ၁ ဦး သေဆုံး၊ ၁၇ ဦး ဆေးကုမှုခံယူနေရ



လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံမီးလောင်မှုမှ မီးခိုးငွေ့များရှူရှိုက်၍ (၂၀)ရပ်ကွက်နေ ၆၁ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ၁၇ ဦး ဆေးကုမှုခံယူနေရကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် (၃၂)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် စင်ကာပူနိုင်ငံသို့ထွက်ခွာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၌ကျင်းပမည့် (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက် ၁၁နာရီ မိနစ်၄၀ တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာ ကြသည်။

မြောင်းမြ−လပွတ္တာ−ငပုတောကားလမ်းတွင် ဇက်ဆိပ်များပြီးစီး၍ ကားများစတင်သွားလာနိုင်


မြောင်းမြ၊ လပွတ္တာနှင့် ငပုတောမြို့သို့ ဆက်သွယ်သည့် လမ်းတွင် ဇက်ကူးဆိပ်များ တည် ဆောက်ပြီးစီး၍ အိမ်စီးကားများ နှင့် ခရီးသည်တင်ယာဉ်များ စတင်သွားလာနိုင်ပြီဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်း ဌေးက ပြောသည်။

ပြည်သူနဲ့အတူ (၂)


လှိုင်သာယာက အမှိုက်ပုံမီး လောင်မှုဖြစ်စဉ်ကနေ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့အပေါ် မေးခွန်းထုတ်စရာ တချို့ရှိပါတယ်။ ပြည်သူနဲ့အတူ လို့ဆိုထားတဲ့ အစိုးရဟာ ပြည်သူ အပေါ် ဘယ်လောက်ထိ အလေး ဂရုပြုသလဲဆိုတာကို လေ့လာ ကြည့်သွားမှာ ဖြစ်ပါတယ်။

Wednesday, April 25, 2018

သမ္မတဟောင်း ဦးထင်ကျော်ဇနီး ဒေါ်စုစုလွင် ပညာရေးဝန်ကြီးသစ်ဖြစ်လာမည်ဟု သတင်းထွက်ပေါ်


ပညာရေးဝန်ကြီးနေရာ အပြောင်းအလဲပြုလုပ်ရန် ကျယ် ပြန့်စွာ သတင်းထွက်ပေါ်နေချိန် တွင် သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင် ပညာရေး ဝန်ကြီးသစ်ဖြစ်လာနိုင်ကြောင်း နီးစပ်သူများက ယမန်နေ့၌ ပြော ကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှုတွင် ဒုတိယရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်ကို မယုံကြည်ထိုက်သော သက်သေအဖြစ်ကြေညာရန် ဥပဒေအရာရှိ၏ လျှောက်ထားမှုအပေါ် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်


ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှုတွင် ဒုတိယရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်ကို မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာရန် ဥပဒေအရာရှိ၏ လျှောက်ထားမှုအပေါ် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်ရုံးချိန်း မေ ၂ ရက်တွင် အမိန့်ချမည် ဖြစ်သည်။

ကိုယ့်ထက်သာမှ Generation မြင့်လာမှာဖြစ်တဲ့အတွက် သမီးဖြစ်သူကို နိုင်ငံခြားပို့ဖို့ ဆုံးဖြတ်ထားတဲ့ လူရွှင်တော် ဖိုးဖြူ


“ သမီး ခိုင်ဇာသွယ်က အသက် (၂၂) နှစ်နဲ့ အင်္ဂလိပ်စာ အဓိက ဘွဲ့ရထားတယ်။ သင်တန်းတွေ တက်ထားပေမယ့် နိုင်ငံခြားကို ပို့ပေးချင်သေးတယ်။ ဘာလို့လဲဆိုတော့ သားသမီးကို ပေးနိုင်တာ ပညာပဲရှိတယ်။ 

အဆိုတော်အစ္စဏီကို ရုံးထုတ်စစ်ဆေး


အလိုမတူအဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်တိုင်ကြားခံထားရတဲ့ အဆိုတော်အစ္စဏီကို ဧပြီလ ၂၆ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်တရားရုံးမှာ ပထမအကြိမ် ရုံး ထုတ်စဉ်မြင်တွေ့ရပုံ။ဓာတ်ပုံ သက်ကို
ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီဟာ အလိုမတူ အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မော်ဒယ်စူးရှထက်က တာမွေမြို့နယ်ရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။ 

တရားရုံးမထီမဲ့မြင်ပြုမှုအပါအဝင် အမှုငါးခုရင်ဆိုင်နေရသူ ရှေ့နေဦးဇော်ဝင်း တရားခွင်တွင်မူးလဲ


ပြည်ကြီးတံခွန်မြို့နယ် တရားရုံးဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့မှုကြောင့် တရားရုံးမထီမဲ့မြင်ပြုမှု အပါအဝင် အမှုငါးခု ရင်ဆိုင်နေရသူ ရှေ့နေဦးဇော်ဝင်း ဧပြီလ ၂၅ ရက်နေ့က တရားခွင်အတွင်း မူးလဲခဲ့သည့်အတွက် အမှုစစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။ 

ကိုယ်စားလှယ်များ လွှတ်တော်နားချိန်၌ မိမိမဲဆန္ဒနယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရန် NLD ပါတီ ပထမဦးဆုံးအကြိမ် ညွှန်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် လွှတ်တော်နားချိန်၌ မိမိမဲဆန္ဒနယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန် ပါတီက ဧပြီလ ၂၄ ရက်တွင် ပထမဦးဆုံးအကြိမ် ညွှန်ကြားလိုက်သည်။

လှိုင်​သာယာအမှိုက်​ပုံမီးကို တပ်မတော်သားများအပါအဝင် အင်​အား ၆၀၀ ​ကျော်​ဖြင့် ငြိမ်းသတ်နေ


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်​သာယာမြို့နယ်​၊ ထိန်​ပင်​သုဿန်အနီးရှိ အမှိုက်ပုံမီး​လောင်​မှုအား တပ်မတော်သားများအပါအဝင် လူအင်​အား ၆၀၀ ဝန်းကျင်​ဖြင့်​ မီးငြှိမ်းသတ်​နေ​ကြောင်း သိရသည်။