Thursday, April 26, 2018

ထိုင်းနိုင်ငံတစ်ဝန်း တရားမ၀င်နိုင်ငံခြားသား စီးနင်းဖမ်းဆီးမှုများ ယနေ့ လုပ်ခဲ့ပြီး မြန်မာအပါအ၀င် နိုင်ငံခြားသား ၁၀၀ ခန့် ဖမ်းဆီးခံရ


ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ဟာ နိုင်ငံတကာကျောင်းတွေအများစုပါဝင်တဲ့ နိုင်ငံတစ်ဝန်း နေရာ ၁၁၈ ခုခန့် မှာ ယနေ့  ကြာသပတေးနေ့ နံနက်ပိုင်းက စီးနင်းရှာဖွေမှုတွေလုပ်ခဲ့ပြီး မြန်မာ၊ အိန္ဒိယ၊ ဂျာမနီနဲ့ လာအိုနိုင်ငံသားတွေ အပါအ၀င် နိုင်ငံခြားသား ၉၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာကျောင်း ၇၄ ကျောင်း အပါအ၀င် အဆောက်အအုံနေရာ ၁၁၈ ခုကို ပစ်မှတ်ထားကာ X-ray Outlaw Foreigner စစ်ဆင်ရေးဖြင့် ရှာဖွေစီနင်းမှုတွေ လုပ်ခဲ့တာဖြစ်ကြောင်း ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ ရဲ့  ဒုတိယရဲမင်းကြီး ရဲမှူးချုပ် ဆူရာချက်ဟက်ပယ် က ပြောဆိုပါတယ်။ ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ ဒေသတွေထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ပြစ်မှုကျူးလွန်မှုတွေရှိနေတဲ့ ဆူရတ်သာနီပြည်နယ် ကော့စမွီခရိုင်၊ ဆောင်ခလာပြည်နယ် ဟတ်ရိုင်ခရိုင်နဲ့ ချောင်ဘူရီပြည်နယ် ပတ္တယားမြို့တို့ လို ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလာရောက်လေ့ရှိရာ နေရာတွေပါဝင်ကြောင်း သိရပါတယ်။

ကျောင်းတွေကို အဓိကအားဖြင့် ရှာဖွေစီးနင်းခဲ့ခြင်းက သူတို့က ဘာသာစကားသင်ဆရာတွေအဖြစ်ပုံဖမ်းပြီး နိုင်ငံအတွင်း နေထိုင်နေတဲ့ နိုင်ငံခြားသားတွေရှိနေတာကြောင့်လို့  ဆိုပါတယ်။ ဖမ်းဆီးခဲ့တဲ့ နိုင်ငံခြားသားအများစုကို စွဲချက်တင်ခဲ့တာတွေကတော့ ဗီဇာသက်တမ်းလွန်နေထိုင်မှုတွေနဲ့ ဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ မြန်မာ၊ အိန္ဒိယနဲ့ ဂျာမနီနိုင်ငံသားတွေ အများစုပါဝင်တယ်လို့  ရဲမှူးချုပ် ဆူရာချက်က ပြောပါတယ်။ ဒုတိယမြောက် စွဲချက်တင်မှုအများဆုံးကတော့ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ ဖြစ်ပြီး ဒီပြစ်မှုနဲ့ စွဲချက်တင်ခံရသူတွေထဲမှာ မြန်မာ၊လာအို သို့ မဟုတ် အိန္ဒိယ နိုင်ငံသားအများစုဖြစ်တယ်လို့  သိရပါတယ်။

Ref: ဘန်ကောက်ပို့ စ်
ကိုလင်း(အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment