Wednesday, April 25, 2018

အဆိုတော်အစ္စဏီကို ရုံးထုတ်စစ်ဆေး


အလိုမတူအဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်တိုင်ကြားခံထားရတဲ့ အဆိုတော်အစ္စဏီကို ဧပြီလ ၂၆ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်တရားရုံးမှာ ပထမအကြိမ် ရုံး ထုတ်စဉ်မြင်တွေ့ရပုံ။ဓာတ်ပုံ သက်ကို
ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီဟာ အလိုမတူ အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မော်ဒယ်စူးရှထက်က တာမွေမြို့နယ်ရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။ 

ဒီကနေ့ရုံးချိန်း တရားရုံးကိုလာရောက်စဉ်မှာ အဆိုတော် အစ္စဏီဟာ ဦးထုပ်ဆောင်းပြီး နှာခေါင်းစည်းတပ်ထား ပါတယ်။ ဒီကနေ့ ရုံးထုတ်ဟာ ဒုတိယအကြိမ် ယမန်ယူခဲ့ တာဖြစ်ပြီး လာမယ့် မေလ ၁၀ ရက်နေ့မှာ ဒုတိယ အကြိမ် ထပ်မံရုံးထုတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒီအမှုမှာ တိုင်ကြားသူ မော်ဒယ်စူးရှထက်ဘက်ကနေ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က လိုက်ပါဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။






Mizzima - News in Burmese

0 comments:

Post a Comment