Thursday, April 26, 2018

မြောင်းမြ−လပွတ္တာ−ငပုတောကားလမ်းတွင် ဇက်ဆိပ်များပြီးစီး၍ ကားများစတင်သွားလာနိုင်


မြောင်းမြ၊ လပွတ္တာနှင့် ငပုတောမြို့သို့ ဆက်သွယ်သည့် လမ်းတွင် ဇက်ကူးဆိပ်များ တည် ဆောက်ပြီးစီး၍ အိမ်စီးကားများ နှင့် ခရီးသည်တင်ယာဉ်များ စတင်သွားလာနိုင်ပြီဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်း ဌေးက ပြောသည်။

ဇက်ကူးဆိပ်များကို လပွတ္တာ-မြောင်းမြကားလမ်းမှ ကိုးမိုင်အ ကွာရှိ ညောင်ချောင်းလေးကျေး ရွာနှင့် ငပုတောမြို့နယ်ရှိ (ဒေသ အခေါ်) ခြံကွင်းကျေးရွာတို့တွင် တည်ဆောက်ပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက ရက်သတ္တနှစ်ပတ်ကြာ တည်ဆောက်၍ ဧပြီ ၂၄ ရက် ညနေတွင် စတင် အသုံးပြုနိုင်ခဲ့သည်။

ပေနှစ်ထောင်ကျော်အ ကျယ်ရှိ ပမ္မဝတီမြစ်ကို ဇက်ရေ ယာဉ်ဖြတ်ရန် တည်ဆောက်ခဲ့ပြီးလပွတ္တာနှင့် မြောင်းမြမြို့တွင် ကုန်စည်စီးဆင်းမှု မပြတ်တောက်ရေး နှင့် သွားလာဆက်သွယ်ရေး ပိုမို ကောင်းမွန်ရန် တည်ဆောက်ခဲ့ ကြောင်း ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

‘‘မြောင်းမြနဲ့ လပွတ္တာက မြောင်းမြတံတားကိုပဲ ဖြတ်ရ တယ်။ မြောင်းမြကြိုးတံတားဖြစ် သွားတဲ့အပေါ် မူတည်ပြီးတော့ ယာဉ်လမ်းကြောင်း ကျပ်တည်းမှု တွေရှင်းအောင် ဆောင်ရွက်တာ ပါ။ နိုင်ငံကနေ အကုန်အကျခံပြီး တော့ ဆောင်ရွက်ပေးတာမို့ ဇက် ကူးခလည်း အခမဲ့ပါပဲ’’ဟု ၎င်းက ပြောသည်။

အဆိုပါ ကားလမ်းသည် ညောင်ချောင်းလေးဇက်ဆိပ်က နေ၍ မြောင်းမြမြို့သို့ အရှည် ၂၁ မိုင်ခန့်ရှိပြီး လပွတ္တာမြို့သို့ ၄၇ မိုင်ခန့်ရှိသည်။ မြောင်းမြ- လပွတ္တာ-ငပုတောကားလမ်းအ ကျယ်သည် ၁၂ ပေရှိပြီး လက်ရှိကျောက်ချောလမ်းပိုင်းများကို လာမည့် ဘတ်ဂျက်နှစ်များတွင် ကတ္တရာလမ်းအဖြစ် တိုးမြှင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး လမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ ပြ) ဦးအောင်မျိုးဦးက ပြောသည်။

အဆိုပါ လမ်းကို အသုံးပြု သော ယာဉ်များသည် ပွင့်လင်း ရာသီချိန်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထား သည့် တန်ချိန်အတိုင်း ဖြတ်သန်း သွားလာနိုင်သော်လည်း မိုးကာလ၌ ရှစ်တန်အထိသာ ဖြတ်သန်း ခွင့်ပြုထားသည်ဟု ဆိုသည်။ လက်ရှိတွင် အဆိုပါ ဇက်ဆိပ်၌ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပို့ဆောင်ရန် စီစဉ် ထားပြီး ကျိုးပျက်ခဲ့သည့် မြောင်းမြကြိုးတံတားနေရာတွင် အစား ထိုးတံတားတည်ဆောက်ပြီးစီးပါ က အဆိုပါ ဇက်ဆိပ်ကို ဆက်လက်ထားရှိမည်ဟု သိရသည်။

လက်ရှိတွင် မြောင်းမြနှင့် လပွတ္တာမြို့၌ ကုန်တင်ယာဉ်ကြီး များ တိုက်ရိုက်ဝင်ထွက်သွားလာ ၍ မရသဖြင့် ကုန်ပစ္စည်းများ အဆင့်ဆင့်သယ်ယူနေရခြင်း ကြောင့် ကုန်ပစ္စည်းအချို့ ဈေး မြင့်တက်နေသည်။

မေလ ၁ ရက်ကစတင်ကာ အဆိုပါ ဇက်ဆိပ်မှ ကုန်တင်ယာဉ် များ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ရာ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန် ဆန်လာသဖြင့် ဒေသတွင်း ကုန် ဈေးနှုန်း မြင့်တက်မှုများ လျော့ ကျလာနိုင်ကြောင်း လပွတ္တာမြို့မှ ဒေသခံအချို့က သုံးသပ်နေ သည်။

7Day

0 comments:

Post a Comment