Wednesday, April 25, 2018

သမ္မတဟောင်း ဦးထင်ကျော်ဇနီး ဒေါ်စုစုလွင် ပညာရေးဝန်ကြီးသစ်ဖြစ်လာမည်ဟု သတင်းထွက်ပေါ်


ပညာရေးဝန်ကြီးနေရာ အပြောင်းအလဲပြုလုပ်ရန် ကျယ် ပြန့်စွာ သတင်းထွက်ပေါ်နေချိန် တွင် သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင် ပညာရေး ဝန်ကြီးသစ်ဖြစ်လာနိုင်ကြောင်း နီးစပ်သူများက ယမန်နေ့၌ ပြော ကြားသည်။

သုံးခွမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် သည် မကြာမီ ပညာရေးဝန်ကြီးဖြစ်လာမည်ဟု နေပြည်တော်ရှိ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် အချို့က ခန့်မှန်းပြီး ထောက်ခံကြို ဆိုကြောင်း ပြောသည်။

‘‘ထုတ်ပြန်တော့မှာပါ။ တစ် ရက်၊ နှစ်ရက်အတွင်း ထုတ်ပြန် မယ်ထင်ပါတယ်’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဦးဆောင်သည့် အစိုးရ သက်တမ်းတစ်ဝက်ကျိုးရန် နီးကပ်လာချိန်တွင် ပြည်ထောင်စု ဝန်ကြီးအချို့နှင့် ဝန်ကြီးချုပ်များ အပြောင်းအလဲပြုလုပ်ရန် သတင်း များထွက်ပေါ်နေပြီး ပညာရေးဝန် ကြီးဌာနက ရေပန်းအစားဆုံးဖြစ် နေသည်။

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ် စာဌာနတွင် ၁၉၇၆ မှ ၁၉၈၉ အထိ နည်းပြနှင့် ကထိကတာဝန် များ ထမ်းဆောင်ဖူးသူ ဒေါ်စုစု လွင်သည် ပညာရေးနယ်ပယ်တွင် အရည်အချင်းပြည်စုံပြီး ပညာရေးဝန်ကြီးနေရာနှင့် သင့်လျော်သူဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက မှတ်ချက် ပြုသည်။

ထို့အပြင် ဒေါ်စုစုလွင်အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထား မည်ဆိုပါက ၎င်း၏ ပညာအရည် အချင်း၊ ပညာရေးတွင် ထဲထဲဝင် ဝင် ပါဝင်ပတ်သက်ခဲ့မှုများ ကြောင့် ပညာရေးအပြောင်းအလဲ အမှန်တကယ်ဆောင်ရွက်နိုင် မည်ဟု ယုံကြည်ကြောင်း အောက်ခြေပညာရေးဝန်ထမ်းအများစုက လူမှုကွန်ရက်တွင်   ထုတ်ဖော် ရေးသားနေသည်။

‘‘သူနဲ့အတူ ပညာရေးသုတေ သနဦးစီးဌာနမှာ အလုပ်တွဲလုပ်ဖူး တဲ့သူတွေဆီက ကြားဖူးတယ်။ အင်မတန်စေ့စပ်သေချာပြီး စီမံ ခန့်ခွဲမှုကောင်းတဲ့ ဆရာမလို့ပြော ကြတယ်။ ပညာရေးဝန်ထမ်းအ ဖြစ်လည်း တာဝန်ထမ်းဖူးသူ၊ နာမည်ကောင်းပဲ ကြားရတာမို့ ပညာရေး ပြည်ထောင်စုဝန်ကြီး ရာထူးပေးလည်း ထိုက်တန်တယ် လို့ ထင်တယ်’’ဟု ပညာရေး သုတေသနဦးစီးဌာန အငြိမ်းစား ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြု သည်။

ဒေါ်စုစုလွင်သည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင်   သုံးခွမြို့နယ်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။ ၎င်းသည် ၁၉၉၀မှ ၂၀၀၅ အထိ ယူနီဆက်(ရန် ကုန်)တွင် ပညာရေးနှင့်ပတ်သက် ၍ အစီအစဉ်ရေးဆွဲရေးဆိုင်ရာ အရာရှိအဖြစ်လည်းကောင်း၊ အ လွတ်တန်းပညာရေးအကြံပေးနှင့် စေ့တနာဝန်ထမ်းအဖြစ်လည်း ကောင်း ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ပညာရေးတက္က သိုလ် (ရန်ကုန်)မှ အင်္ဂလိပ်စာ အထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ သူ ဒေါ်စုစုလွင်သည် ၂၀၀၅ မှ ၂၀၁၂ အထိ ဘုန်းတော်ကြီးသင် ပညာရေးစီမံကိန်းရေးဆွဲရေးနှင့် နည်းပြလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။

ဒေါ်စုစုလွင်သည် ပထမအ ကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီတွင် အဖွဲ့ ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။

အသက် (၆၆)နှစ်အရွယ် ဒေါ်စုစုလွင်သည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် စတင်တည် ထောင်ရာတွင် ပါဝင်ခဲ့သူ ဦးလွင် ၏ သမီးလည်းဖြစ်သည်။

ပညာရေးဝန်ကြီးအပြောင်း အလဲနှင့်ပတ်သက်၍ မန္တလေး တိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာလှမိုးက ‘‘ဒေါက်တာမျိုးသိမ်းကြီးလက် ထက်မှာလည်း သူအကောင်းဆုံး လုပ်ခဲ့တာပဲ။ ဒေါ်စုစုလွင်တက် လာလည်း သူအကောင်းဆုံးလုပ် နိုင်မှာပါပဲ။ ဘယ်သူပဲ တက်လာ လာ အခြေခံပညာရေး၊ အဆင့် မြင့်ပညာရေး၊ အသက်မွေးဝမ်း ကျောင်းပညာရေး၊ ပုဂ္ဂလိက ပညာရေးဥပဒေအပေါ် ထွက်လာ အောင် လုပ်ရမယ်။ ဘယ်ဝန်ကြီး တက်လာလာ လုပ်ကိုလုပ်ရမယ့် အလုပ်တွေ။ KG+12 ပညာရေး စနစ်ကလည်း ၂၀၁၃ မှာ အပြီး ပြောင်းရမှာ။ ဒါတွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချထားတဲ့ မူအတိုင်းပဲ သွားမှာဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် ဒီမူအတိုင်း သွားရမှာ ပဲ’’ဟု မှတ်ချက်ပြုသည်။

ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးမည့် သတင်း များ ထွက်ပေါ်နေသော်လည်း ပညာရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာခိုင်မြဲက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

‘‘မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ ဝန်ကြီးအလုပ်လုပ်နေပါ တယ်’’ဟု ဒေါက်တာခိုင်မြဲက ပြောသည်။

လက်ရှိဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကို ပညာရေး ပြည် ထောင်စုဝန်ကြီးတာဝန်မှ ရပ်စဲ မည်ဟု ပြီးခဲ့သည့်တစ်နှစ်ကျော် ခန့်က သတင်းများ ထွက်ပေါ်ဖူး သည်။

7Day

0 comments:

Post a Comment