Thursday, April 26, 2018

ပြည်သူနဲ့အတူ (၂)


လှိုင်သာယာက အမှိုက်ပုံမီး လောင်မှုဖြစ်စဉ်ကနေ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့အပေါ် မေးခွန်းထုတ်စရာ တချို့ရှိပါတယ်။ ပြည်သူနဲ့အတူ လို့ဆိုထားတဲ့ အစိုးရဟာ ပြည်သူ အပေါ် ဘယ်လောက်ထိ အလေး ဂရုပြုသလဲဆိုတာကို လေ့လာ ကြည့်သွားမှာ ဖြစ်ပါတယ်။

ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက နေစတင်လောင်ကျွမ်းခဲ့တဲ့ လှိုင် သာယာမြို့နယ် ထိန်ပင်သုသာန် နားက အမှိုက်ပုံမီးဟာ နောက် တစ်ရက် ဧပြီ ၂၂ ရက်မှာ ရန်ကုန်လူထုအများအပြားထံ သတင်းအ ချက်အလက်တွေ ရောက်ရှိခဲ့ပါ တယ်။ အဲဒီသတင်းအချက် အ လက်တွေနဲ့အတူ လှိုင်သာယာမြို့ နယ်နဲ့ အနီးတစ်ဝိုက်က မြို့နယ် တွေကို မီးခိုးတွေ၊ အနံ့အသက် ဆိုးတွေ သက်ရောက်လာတယ်ဆို တဲ့ သတင်းလည်း ကြားသိရပါ တယ်။

နောက်တစ်ရက်ဖြစ်တဲ့ ဧပြီ ၂၃ ရက်မှာ အမှိုက်ပုံမီးလောင်မှု က ထွက်လာတဲ့ မီးခိုးသက်ရောက်မှုတွေဟာ အရှိန်မြင့်လာခဲ့ပြီး ရန်ကုန်လူထုရဲ့ အသံဟာလည်း ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ဒေသခံပြည်သူတချို့ ဆေးရုံတက် ရောက်ရတဲ့ အခြေအနေဖြစ်လာ ပါတယ်။ သို့သော် အဲဒီနေ့အထိ အစိုးရအဖွဲ့ထံ ပြည်သူ့အသံမ ရောက်ဘူးလို့ ဆိုရမှာဖြစ်ပါ တယ်။ အဲဒီနေ့အထိ အစိုးရပိုင်းရဲ့ လှုပ်ရှားမှုက အေးစက်တဲ့ အနေအထားကို တွေ့ရပါတယ်။

မီးလောင်မှု လေးရက်မြောက်နေ့ဖြစ်တဲ့ ဧပြီ ၂၄ ရက်မှာ မီး လောင်ရာက ထွက်လာတဲ့ မီးခိုး တွေဟာ လှိုင်သာယာနဲ့အနီးတစ် ၀ိုက်သာမကဘဲ ရန်ကုန်တစ်မြို့ လုံးနီးပါးထိပျံ့နှံ့ခဲ့ပါတယ်။ မီးခိုး နံ့ရရှိသူတွေထံ 7Day TV က ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် စစ် တမ်းကောက်ယူခဲ့ရာ ကမာရွတ်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္က လာပ၊ လှိုင်၊ ကျောက်တံတား၊ လမ်းမတော်၊ စမ်းချောင်း၊ ဗိုလ် တထောင်၊ လသာ၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ ဒေါပုံ၊ ရွှေပြည်သာ၊ အလုံ၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ ကျောက်မြောင်း၊ ရန်ကင်း၊ လမ်းမတော်၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ပန်းဘဲ တန်းစတဲ့ မြို့နယ်တွေမှာ မီးခိုးနံ့ ရရှိတယ်လို့ ဖြေဆိုကြပါတယ်။

ဒီနေရာမှာ အဓိကထားပြော ချင်တာက အထက်မှာဆိုခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ပြည်သူလူထုအ ပေါ် ဘယ်လောက်အထိ အလေး ဂရုပြုသလဲ၊  ပြည်သူ့အသံ ဘယ်လောက်နားပေါက်သလဲဆိုတာပဲ ဖြစ်ပါတယ်။ မီးလောင်မှုသုံးရက် မြောက်အထိ မီးသတ်တပ်ဖွဲ့ဝင် တွေရဲ့ လှုပ်ရှားမှု၊ နယ်ခံတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးရဲ့ လှုပ်ရှားမှုအသံက လွဲပြီး ပြည်ထောင်စုအစိုးရ၊ တိုင်း အစိုးရအဖွဲ့ရဲ့ လှုပ်ရှားမှုဟာ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်ပါတယ်။ပြည်သူထံအသိပေးတဲ့ သ တင်းပေးချက်မျိုး၊ ကြိုတင်ကာ ကွယ်ရမယ့် ဆောင်ရန်၊ ရှောင်ရန် ကြေညာချက်မျိုး၊ ကျန်းမာရေး အသိပညာပေးမှုမျိုးတွေတောင် မလုပ်ဆောင်ခဲ့ပါဘူး။ ဒီမီးလောင် မှုကို အစိုးရအဖွဲ့ (ပြည်ထောင်စု၊ တိုင်းဒေသကြီး)သိကော သိပါလေစလို့တောင် သံသယဖြစ်မိခဲ့ပါ တယ်။

မီးလောင်မှု လေးရက်မြောက်နေ့ဖြစ်တဲ့ ဧပြီ ၂၄ ရက် မွန်းလွဲ ပိုင်းမှာတော့ ရန်ကုန်မြို့တော်ဝန် နဲ့ ရန်ကုန်တိုင်းအစိုးရလူမှုရေးဝန် ကြီး ဦးနိုင်ငံလင်းတို့ မီးလောင်ပြင်ကိုရောက်လာပါတယ်။ နိုင်ငံပိုင် သတင်းစာမှာ မီးလောင်မှုသတင်း စပါလာပါတယ်။ (ပုဂ္ဂလိကမီဒီ ယာတွေက သတင်းတစ်ရက်စော ပါတယ်။) ညနေပိုင်းမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနရဲ့ သတိပေးနှိုးဆော်ချက် တစ်စောင် ထွက်လာပါတယ်။ မီးခိုးငွေ့နဲ့ ကာဗွန်မိုနောက်ဆိုက် (CO) ဓာတ်ငွေ့အန္တရာယ်နဲ့ ပတ် သက်ပြီး ကျန်းမာရေးသတိပေး ချက် ဖြစ်ပါတယ်။ ပြောရမယ်ဆို ရင် ယေဘုယျဆန်တဲ့ နှိုးဆော် ချက်ဖြစ်ပါတယ်။ လက်ရှိဖြစ်နေ တဲ့ မီးလောင်မှုကို တိုက်ရိုက်ရည် ရွယ်သတိပေးချက်မျိုးမဟုတ်ပါ ဘူး။

လတ်တလောမှာ လှိုင်သာ ယာမီးလောင်မှုကနေ ထွက်ပေါ် လာတဲ့ မီးခိုးငွေ့တွေကို ရှူရှိုက်နေ ရတဲ့ ပြည်သူတွေသိချင်တဲ့ အ ချက်ဟာ အဲဒီထက်ပိုပါတယ်။ ဒီမီးခိုးငွေ့တွေဟာ ဘယ်လောက် ထိအန္တရာယ်ဖြစ်စေမလဲ၊ ရေတို၊ ရေရှည်ဘယ်လောက်သက် ရောက်နိုင်မလဲ၊ လတ်တလော ဘာတွေကို ဘယ်လိုပြုမူရမလဲ၊ ဒီမီးလောင်မှုကနေ ကျန်းမာရေး ထိခိုက်မှုဘယ်လောက်အထိ ရှိ စေမလဲဆိုတာမျိုး ဖြစ်ပါတယ်။ အခုထုတ်ပြန်ချက်ထက် ပိုမိုတိကျ၊ပိုမိုထိရောက်တဲ့ အသိပညာပေး မှု၊ သတင်းပေးမှုမျိုးလိုအပ်ပါ တယ်။

အဲဒီထုတ်ပြန်ချက်အောက် ဆုံးအချက်မှာ ‘‘မိမိအိမ်၊ ပတ်ဝန်း ကျင်တွင် မီးခိုးအလွန်ထူထပ်လာ ပါက သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ဆက်သွယ်၍ မီးခိုးလွတ် ကင်းရာနေရာဒေသများသို့ ခေတ္တ ရွှေ့ပြောင်းနေထိုင်ပါ’’ဆိုပြီး ပါ ၀င်ပါတယ်။ ဒီအချက်ကိုပဲကြည့် ရင် ဒီထုတ်ပြန်ချက်ဟာ ပြည်သူ ကို ဘယ်လောက်အလေးဂရုပြုသ လဲဆိုတာ ပေါ်လွင်ပါတယ်။ ဒီ ထုတ်ပြန်ချက်မတိုင်ခင်ရှေ့နှစ် ရက်လောက်မှာကိုပဲ လှိုင်သာယာ ကလူတွေ မွှန်ထူနေတဲ့ မီးခိုးတွေ ထဲမှာ နေထိုင်ဖြတ်သန်းနေရပြီ ဖြစ်ပါတယ်။

မီးခိုးငွေ့တွေဟာ နှလုံး၊ အ သက်ရှူလမ်းကြောင်းနဲ့ အဆုတ် ရောဂါအခံရှိသူတွေ၊ သက်ကြီး ရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ထိ ခိုက်ခံစားလွယ်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းအချက်အလက်အရ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ လူဦး ရေ စုစုပေါင်း ခုနစ်သန်းကျော်ရှိ ပြီး အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အို လေးသိန်းကျော်၊ အသက် (၁၅) နှစ်အောက် ကလေး သူငယ် ၁၇ သိန်းကျော်ရှိပါတယ်။ ဒီပမာဏဟာ လျစ်လျူရှုထားလို့ မရတဲ့အရေအတွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံး နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။

ဒီမီးလောင်မှုဟာ မီးငြှိမ်း သတ်ရုံ၊ မီးငြိမ်းသွားရုံနဲ့မပြီးဘူးဆို တာ ဒီရက်ပိုင်းကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ကို ကြည့်ရင်သိနိုင်ပါတယ်။ လေ ထုညစ်ညမ်းမှုတွေ ပြင်းထန်ဆိုး ရွားလာပါတယ်။ လူထုကျန်းမာ ရေးအပေါ် ခြိမ်းခြောက်လာပါ တယ်။ ရေတို၊ ရေရှည်စီမံရမယ့် ကိစ္စရပ်များစွာ ဖြစ်ပေါ်လာပါ တယ်။ အစိုးရအဖွဲ့အနေနဲ့ အ လေးထား အာရုံစိုက်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။

ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ပြည်သူက အထူးတလည်သတိရ ကြတဲ့ လူပုဂ္ဂိုလ်တစ်ဦးလည်း ရှိ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်ရဲ့ အိမ်ထောင်ဦးစီးလို့ ကိုယ့်ကိုယ်ကိုယ်ပြောဆိုထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းပါ။ မှတ်မိကြဦးမယ်ထင်ပါ တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ  ၁၉ ရက် နံနက် ၃ နာရီခန့်မှာ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီး လောင်ပါတယ်။ နံနက် ၃ နာရီ ၄၅ မိနစ်မှာ ၀န်ကြီးချုပ် အဲဒီနေရာကို ရောက်ရှိနေပါပြီ။ ဓာတ်ပုံတွေနဲ့ တကွ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက် နှာမှာ ဖော်ပြလာတာပါ။ အခုချိန် ထိ ပြန်ရှာကြည့်ရင်တွေ့နိုင်ပါ တယ်။

အခုထိန်ပင်အမှိုက်ပုံမီး လောင်တာ လေးရက်ကြာချိန်ထိ မီးခိုးဒဏ်ခံနေရတဲ့ လှိုင်သာယာ က ပြည်သူတွေထံ ၀န်ကြီးချုပ် ရောက်မလာသေးတာကိုလည်း တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ကြ တာတွေရှိပါတယ်။ အိမ်ထောင်ဦး စီးပျောက်နေတဲ့ အကြောင်း၊ မီး လောင်တာ အိမ်ထောင်ဦးစီးမှာ တာဝန်ရှိကြောင်းတို့ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်က အလုပ်အရမ်းလုပ် တော့ မအားလပ်တာဖြစ်မယ်၊ ဒီ မီးလောင်မှုထက်အရေးကြီးတာ တွေ လုပ်နေရတာ ဖြစ်မယ်လို့ ကျွန်တော်ကတော့ ဖြည့်တွေးမိပါ တယ်။

ဒီလိုဖြည့်တွေးရင်း အဲဒီရက် တွေမှာ ၀န်ကြီးချုပ်ရဲ့ လမ်းကြောင်းတွေကို သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာသွားပြီး စေ့ငုမိပါတယ်။ဧပြီ ၂၁ ရက် နံနက်ပိုင်းမှာ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်း တင်ကွယ်လွန်ခြင်း လေးနှစ်ပြည့် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအ နားတက်ပါတယ်။ ညနေ ၃ နာရီ မှာ သတင်းစာဆရာကြီး ဟံသာ ၀တီ ဦးဝင်းတင်ကွယ်လွန်ခြင်း လေးနှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုစတုဒိသာကျွေးမွေးလှူ ဒါန်းပွဲတက်ပါတယ်။ ဧပြီ ၂၂ ရက် နံနက်ပိုင်းမှာ ရွှေတိဂုံစေတီတော် မှာ ကျင်းပတဲ့ ပဋ္ဌာန်းသိမ်းအောင် ပွဲ အခမ်းအနားတက်ပါတယ်။ နံနက်ပိုင်းမှာပဲ NLD ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးတက် ပါတယ်။ ဧပြီ ၂၃ ရက် နံနက်ပိုင်း မှာ ဗိုလ်တထောင်က ပဋ္ဌာန်းသိမ်း အောင်ပွဲအခမ်းအနားတက်ပါ တယ်။ နံနက်ပိုင်းမှာပဲ ဗီယက်နမ် က ပြည်ထဲရေးဒုဝန်ကြီးနဲ့ အစိုးရ အဖွဲ့ရုံးမှာ တွေ့ပါတယ်။ လွှတ် တော်အဆောက်အအုံဖွဲ့စည်းပုံ ကို လိုက်လံပြသပါတယ်။ နံနက် ပိုင်းမှာပဲ လူငယ်ရေးရာကော်မတီ မှ လူငယ်တွေနဲ့ အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပါတယ်။ နံနက် ၁၁ နာရီ မှာတော့ Yangon Bus Operator (YBO) တာဝန်ရှိသူတွေနဲ့ တွေ့ပါ တယ်။ မွန်းလွဲပိုင်းမှာတော့ တွံ တေးမြို့ (တွံတေးတူးမြောင်းနဲ့ တိုးမြစ်ဆုံရာ) ရေလမ်းကောင်းမွန် ရေးလုပ်ငန်းတွေနဲ့ ကမ်းပြိုကာ ကွယ်ရေးလုပ်ငန်းတွေ အခြေအ နေကို ကွင်းဆင်းစစ်ပါတယ်။ ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းမှာတော့ အစိုးရအဖွဲ့ရုံးမှာပဲ ဆိပ်ကမ်း တည်ဆောက်ရေးဆိုင်ရာတွေ ဆွေးနွေးပါတယ်။ ညနေပိုင်းမှာ တော့ ဗုဒ္ဓဆံတော်ပြန်လည်ပင့် ဆောင်ပါတယ်။ ညပိုင်းမှာ ဗိုလ် တထောင်မှာကျင်းပတဲ့ သီတဂူ ဆရာတော်တရားပွဲကို တက် ရောက်နာယူပါတယ်။ ည ၁၁ နာရီ၄၅ မိနစ် ထိန်ပင်အမှိုက်ပုံမီး လောင်မှု လေးရက်မြောက်နေ့ ည သန်းခေါင်မှာတော့ အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတယ် လို့ ဆိုပါတယ်။

ဒါဟာ လှိုင်သာယာက ထိန် ပင်အမှိုက်ပုံမီးလောင်နေချိန်ကာ လအတွင်း ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ လုပ် ငန်းစဉ်တွေဖြစ်ပါတယ်။ ကန် တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်တုန်းက ဆိုက်ဆိုက်မြိုက်မြိုက် မရှေးမနှောင်းရောက်ရှိလာတဲ့ ၀န်ကြီးချုပ် ရန်ကုန်ရဲ့ အိမ် ထောင်ဦးစီးကို လှိုင်သာယာက ပြည်သူတွေကလည်း တွေ့ချင်ကြ မယ်ထင်ပါတယ်။ သို့ပေမဲ့ မီး လောင်မှုလေးရက်မြောက်နေ့ အထိ လှိုင်သာယာပြည်သူတွေထံ ၀န်ကြီးချုပ်ရောက်မလာသေးပါ ဘူး။ အထက်မှာဆိုခဲ့သလိုပဲ မ အားလပ်သေးတာကြောင့်ပဲ ဖြစ် မယ်ထင်ပါတယ်။

ဒီမီးလောင်မှုဟာ ပြည်သူ့ အစိုးရ၊ ပြည်သူနဲ့အတူလို့ဆိုတဲ့ လက်ရှိအစိုးရအပေါ် မေးခွန်းများ စွာထုတ်စေခဲ့ပါတယ်။ မြန်မာနိုင် ငံရဲ့ လူဦးရေအများဆုံးမြို့တစ်မြို့ ရဲ့ နေရာများစွာအထိ သက်ရောက်  စေတဲ့ ဒီမီးလောင်မှုအရေးနဲ့ ပတ် သက်ပြီး ပြည်ထောင်စုအစိုးရအ ဖွဲ့ရော တိုင်းဒေသကြီးအစိုးရအ ဖွဲ့ကပါ မိမိတို့ရဲ့ လှုပ်ရှားဆောင် ရွက်မှုတွေအပေါ် ပြန်လည်စေ့ငု သုံးသပ်ဖို့၊ ရေတို၊ ရေရှည်အတွက်ထိရောက်တဲ့ ဆောင်ရွက်မှုတွေ ပြုပေးဖို့လိုမှာ ဖြစ်ပါတယ်။

ဒီမီးလောင်မှုမှာလည်း အသိအမှတ်ပြုပေးရမှာကတော့ မီး သတ်တပ်ဖွဲ့ပဲ ဖြစ်ပါတယ်။ နေ့၊ ညမနားငြှိမ်းသတ်နေရတဲ့ မီးသတ် တပ်ဖွဲ့ရဲ့ စွမ်းဆောင်ချက်ကို ချီး ကျူးဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ တခြားသော ဆိုင်ရာအဖွဲ့အစည်း များလည်း မီးသတ်တပ်ဖွဲ့နည်းတူ အချိန်မီပါဝင်လာဖို့ လိုအပ်ပါ တယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကတော့ ပြည်သူနဲ့အတူရှိတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း အလုပ်နဲ့ သက်သေပြလျက်ရှိနေပါတယ်။

(ဆောင်းပါးရှင် ဂျေငြိမ်းသည်နိုင်ငံရေးနှင့် မျက်မှောက်ရေးရာဆောင်းပါးများရေးသားနေသူ ဖြစ်သည်)

7Day

0 comments:

Post a Comment