Thursday, April 26, 2018

ထိန်ပင်အမှိုက်ပုံမီး အမြန်ဆုံးငြိမ်းစေရန် ရေအ​မြောက်​ကားဖြင့် မီးငြှိမ်းသတ်နေ


ရန်ကုန်၊ လှိုင်​သာယာမြို့နယ်​ ထိန်​ပင်​သုသာန်​ စည်​ပင်​သာယာ​အမှိုက်​ပုံ အမြန်​ဆုံး မီးငြိမ်းစေဖို့  ရေအ​မြောက်ကားတွေ အသုံးပြုမီး ငြှိမ်းသတ်​​နေပါတယ်​။

ဧပြီ ၂၆ ရက်​​ နေ့လယ်​က လှိုင်​သာယာမြို့နယ်​၊ ပြည်​သူ့​ဆေးရုံ​ကြီးကို ရန်​ကုန်​တိုင်း ဝန်​ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နယ်​လုံဝန်​ကြီးဗိုလ်​မှူးကြီး​အောင်​စိုးမိုး၊ ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့ ရဲမှူးချုပ်​ဝင်းနိုင်​၊ လူမှု​ရေးဝန်​ကြီး ဦးနိုင်​ငံလင်းနဲ့ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး​ ​ဒေါ်နီလာ​ကျော် ​တို့ဟာ ထိန်​ပင်​မီး​လောင်​မှု​ နောက်​ဆက်​တွဲ ကျန်းမာ​ရေးအ​ခြေအ​နေကို ​ဆွေး​နွေးခဲ့ကြပါတယ်။

ဒါ့အပြင် ဒဏ်​ရာရ မီးသတ်​တပ်​ဖွဲ့ဝင်​​တွေကို လိုက်​လံကြည်​ရှုခဲ့ကြပြီး  လှိုင်​သာယာမြို့နယ်​ အနီးအနားက ​ဒေသခံပြည်​သူ​တွေနဲ့​ တွေ့ဆုံကာ လက်​ရှိ ဆောင်​ရွက်​ထားတာတွေ ကို ပြန်​လည်​ရှင်းလင်း​ပြောပြခဲ့ပါတယ်​။

DVB


0 comments:

Post a Comment