Friday, May 31, 2019
အခြေခံပညာကျောင်းများတွင် ရာနှုန်းပြည့် နို့တိုက်ကျွေးနိုင်ရေး ကုန်ကျစရိတ်များလွန်း၍ မဆောင်ရွက်နိုင်
အခြေခံပညာ ကျောင်းများတွင် နို့တိုက်ကျွေး ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဖော် ဆောင်နိုင်ရေး အစိုးရက သီးသန့် ရန်ပုံငွေ ခွင့်ပြုရန် ရှိ၊မရှိ ရှမ်း ပြည်နယ် မောက်မယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း ငေါင်းဆိုင်ဟိန်းက မေလ ၃၀ ရက်တွင် ကျင်းပသည့်လွှတ်တော် ၌မေးမြန်းသည်။
လုံခြုံရေးကြောင့် စစ်တွေမြို့မ ရဲစခန်း ပတ်လည်မှ ဆိုင်ခန်းများ အား ဖယ်ရှားခိုင်း
စစ်တွေမြို့၊ မြို့မရဲစခန်း၏ ပါတ်လည်တွင်ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်ခန်းပေါင်း ၇၆ ခန်းတို့အား ဖယ်ရှားပေးရမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုင်ခန်းပိုင်ရှင်များအား ခေါ်ယူအသိပေးခဲ့ကြောင်း ဈေးဆိုင်ပိုင်ရှင်များကပြောသည်။
Thursday, May 30, 2019
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အထောက်အကူ ပြုနိုင်ရေးအတွက် အစိုးရနှင့် UNDP၊ UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာကို တစ်နှစ်သက်တမ်းတိုးမြှင့်
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အကူ ပြုနိုင်ရေးအတွက် အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာကို တစ်နှစ်သက်တမ်း တိုးမြှင့်လိုက်ကြောင်း မေ ၂၈ ရက်က ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်အရေးမှာ ရှုပ်ထွေးသော ကိစ္စဖြစ်ပြီး နိုင်ငံတကာအနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေး အရေးယူမည် ဆိုပါက သဘောမတူနိုင်ဟု ဂျပန်နိုင်ငံ သံအမတ်ကြီး ပြောကြား
ရခိုင်ပြည်နယ်အရေးမှာ ရှုပ်ထွေးသော ကိစ္စဖြစ်ပြီး နိုင်ငံတကာအနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေး အရေးယူမည် ဆိုပါက ၎င်းတို့အနေဖြင့် သဘောမတူနိုင်ဟု ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Maruyama က ပြောကြားသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထွက်သည့်နေ့တွင် အမှတ်စာရင်းပါ ထုတ်ပေးမည်ဟူသည့် သတင်းမဟုတ်မှန်ဟုဆို
တက္ကသိုလ်ဝင်စား မေးပွဲအောင်စာရင်းထွက်သည့် နေ့တွင် မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက အမှတ်စာရင်း ချက်ချင်း ထုတ်ပေးမည်ဟု လူမှုကွန်ရက် တွင် သတင်းထွက်ပေါ်နေပြီး ထို သတင်းမဟုတ်မှန်ကြောင်း၊ လုပ် ငန်းသဘောအရချက်ချင်းထုတ် ပေးရန် မလွယ်ကူကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးမျိုးညွန့်ကပြောသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံသို့သွားမည်
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ၏ ဖိတ်ကြားချက်ဖြင့် ဇွန်လ ၅ ရက်မှ ၇ ရက်အတွင်း ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေလ ၂၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံ က ဥရောပ မဟာမိတ် နိုင်ငံ များအား အီရန် နှင့် ကုန်သွယ်မှု ဆက်လက် ဆောင်ရွက်ပါက အရေးယူပိတ်ဆို့မှု ခံရနိုင်ကြောင်း သတိပေး
အမေရိကန် နိုင်ငံ ဒေါ်နယ်ထရမ့် အစိုးရ က ယခုလဆန်းပိုင်း တွင် ဥရောပ မဟာမိတ် နိုင်ငံ များအား အီရန် နှင့် ကုန်သွယ်မှု ဆက်လက် ဆောင်ရွက်ပါက အရေးယူပိတ်ဆို့မှု ခံရနိုင်ကြောင်း သတိပေး ခဲ့ကြောင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရှိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ပညာရေး ဝန်ဆောင်မှုနှင့် စွမ်းအင် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ၆ခုခွင့်ပြု
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ပညာရေး ဝန်ဆောင်မှုနှင့် စွမ်းအင် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ၆ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။
ပြည်သူနှင့် တိုင်းပြည်ကအားထားရသည့် တပ်ဖြစ်အောင်ဆောင်ရွက် လျှပ်စစ်မီး၊ ရေတို့ကို တန်ဖိုးထား ချွေတာသုံးစွဲကြရန် တပ်ချုပ်တိုက်တွန်း
လျှပ်စစ်မီး၊ ရေတို့ကို တန်ဖိုးထား ချွေတာသုံးစွဲကြရန် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က မေ ၂၈ ရက်တွင် တိုက်တွန်းပြော ကြားသည်။
ကလောမြို့နယ်၌ လျှပ်စစ်ခြင်ရိုက်တံဖြင့် ခြင်ရိုက်နေစဉ်အနီး ဆိုင်ကယ်ဆီဖြည့်ရာမီးလောင်မှုဖြစ်ပွား၊ (၂)ဦးသေဆုံး၊ (၄)ဦးဒဏ်ရာရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ကလောမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ၊ နတ်စင်လမ်းမှာ မေလ (၂၉) ရက် ည (၇) နာရီ မိနစ် (၂၀) ခန့် အချိန်က ဒေါ်စန်းစန်းဝင်း နေအိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း သိရပါတယ်။
ဇွန်လကစပြီး သိန်း ၁ သောင်းခွဲဆုအပြင် သိန်း ၁ သောင်းဆု ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးမည်
အခုလာမယ့် ဇွန်လကစပြီး ကျပ် ၁၀၀၀ တန် ထီလက်မှတ်အတွက် သိန်း ၁သောင်းခွဲဆုအပြင် သိန်း ၁ သောင်းဆု တစ်ဆု တိုးချဲ့ ဖွင့်လှစ်ပေး မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီး ဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ပြောပါတယ်။
Subscribe to:
Posts (Atom)

























