Thursday, May 30, 2019

ဇွန်လကစပြီး သိန်း ၁ သောင်းခွဲဆုအပြင် သိန်း ၁ သောင်းဆု ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးမည်


အခုလာမယ့် ဇွန်လကစပြီး ကျပ် ၁၀၀၀ တန် ထီလက်မှတ်အတွက် သိန်း ၁သောင်းခွဲဆုအပြင် သိန်း ၁ သောင်းဆု တစ်ဆု တိုးချဲ့ ဖွင့်လှစ်ပေး မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီး ဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ပြောပါတယ်။ 
မေလ (၂၉) ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်တဲ့ အစိုးရရဲ့ တတိယတစ်နှစ်တာကာအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။ 
လက်ရှိ ထီရောင်းအား ကျဆင်းနေတာ၊ ထီလုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့နဲ့ နိုင်ငံတော်လည်း အခွန်ပိုမိုရရှိစေဖို့ အတွက် အခုလို စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်။ 
ဒါအပြင် ထီပေါက်ပြီး တစ်နှစ်အတွင်း ဆုငွေလာမထုတ်တဲ့ ငွေတွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းဆည်းထားပြီး အဲဒီဘဏ္ဍာငွေကို ရာခိုင်နှုန်းတစ်ခု သတ်မှတ်ကာ ထီဆုတွေ ထပ်မံတိုးမြှင့်နိုင်ဖို့ကိုလည်း ပြည်ထောင်စုအစိုးရထံတင်ပြထားတယ်လို့ ဆိုပါတယ်။ 
နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းထားတဲ့ ထီဆုငွေ တွေဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ (၅ ဒသမ ၅)ဘီလီယံခန့် ၊ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်(၆)လမှာ (၅ ဒသမ ၈)ဘီလီယံနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ( ၃ ဒသမ ၆)ဘီလီယံ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ 

သတင်း- ငြိမ်းချမ်းအောင်၊ သိန်းကိုလွင်
One News Myanmar 

0 comments:

Post a Comment