Friday, May 31, 2019

မလေးရှားသွားမယ့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် ထပ်မံဖမ်းဆီးမိ


ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက မလေးရှားကို ရေကြောင်းက သွားဖို့ကြိုးစားနေတဲ့ ရိုဟင်ဂျာ ၅၈ ဦးကို လူမှောင်ခိုသမား နှစ်ဦးနဲ့ အတူ မနေ့က ဖမ်းဆီးလိုက်ပါတယ်။ 
ဘင်္ဂလားပင်လယ်အော်ထဲက စိန့်မာတင်ကျွန်း အနီးမှာ သင်္ဘောတစင်းပေါ်ကနေ အဲဒီသူတွေကို ကင်းလှည့်သင်္ဘောက တွေ့ရှိခဲ့တာပါ။ 

အခု ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာအများစုဟာ ကူတူပလောင်ဒုက္ခသည်စခန်းကဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့် ပင်လယ်ကိုဖြစ်ရတဲ့ ဒီခရီးဟာ မုန်သုန်ရာသီမှာ ရာသီဥတုဆိုးဝါးတဲ့အတွက် မတ်လမတိုင်မီ သွားလေ့ရှိကြပေမယ့် အခုတော့ လူမှောင်ခိုတွေဟာ ဒုက္ခသည်တွေကို အန္တရာယ်ထည့်မတွက်ပဲ ခေါ်ဆောင်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။ 

Photo: SUZAUDDIN RUBEL / AFP
RFA

0 comments:

Post a Comment