Friday, May 31, 2019

ရခိုင်အမျိုးသားပါတီမှ အလုပ်အမှုဆောင်အပါအ၀င် ပါတီဝင် ၂၄ ဦးနုတ်ထွက်


ရခိုင်အမျိုးသားပါတီမှ မာန်အောင်မြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်အပါအ၀င် ပါတီဝင် ၂၄ ဦး နုတ်ထွက်ခဲ့ကြောင်း လက်မှတ်ရေးထိုးနုတ်ထွက်ခဲ့သည့် အလုပ်အမှုဆောင် ဦးဖိုးသာဦးက ပြောသည်။ 
အဆိုပါ ပါတီဝင်များက မေလ ၁၉ ရက် မာန်အောင်မြို့ ရခိုင်အမျိုးသားပါတီရုံးတွင် အရေးပေါ်ပြုလုပ်သော အစည်းအဝေးတွင် လက်မှတ်ရေးထိုး နုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။ 
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် မာန်အောင်မြို့အလုပ်အမှုဆောင် အဖွဲ့နှင့်တကွ ပါတီဝင်ထု၏ အမျိုးသားရေးအတွက် အနစ်နာခံလုပ်ဆောင်မှုများကို အသိအမှတ်မပြုခြင်း လေးစားတတ်ဖိုးထားမှုမရှိခြင်း၊ ပါတီဝင်ထု၏ သဘောဆန္ဒများကို လစ်လျူရှုခြင်း ၊ မာန်အောင်မြို့ ပါတီညီလာခံမှ ရွေးချယ် တင်မြှောက်ထားသော ဗဟိုကော်မတီဝင် ဦးသန်းနိုင်အား ထုတ်ပယ်ရာတွင် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့နှင့် ဆွေးနွေးခြင်းမရှိဘဲ ဗဟိုဦးစီးစနစ်ဖြင့်အာဏာရှင်ဆန်စွာ ပါတီမှ ထုတ်ပယ်ခြင်းကြောင့်ဖြစ်သည်ဟု မြို့နယ် အလုပ်အမှုဆောင် ဦးဖိုးသာဦးက ပြောသည်။ 
သို့သော်နုတ်ထွက်ရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပြောလိုကြောင်း လက်မှတ်ရေးထိုး နုတ်ထွက်ခဲ့သော အလုပ်အမှုဆောင် ဦးဖိုးသာဦးက ပြောသည်။ 
ရခိုင်အမျိုးသားပါတီ မာန်အောင်မြို့နယ် အတွင်းရေးမှူးဖြစ်သူ ဦးသန်းနိုင်သည် ပါတီခေါင်းဆောင်များအား ဂုဏ်သိက္ခာကျဆင်းအောင် တိုက်ခိုက်နေခြင်း ကြောင့် ပါတီမှ ထုတ်ပယ်လိုက်ကြောင်း မေ ၂၆ နေ့စွဲဖြင့် ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်ခဲ့သည်။ 

သတင်း - ဖြူဖြူခိုင် 
ဓာတ်ပုံ - မြန်အောင် ANP
The Standard Time Daily 

0 comments:

Post a Comment