Thursday, May 30, 2019

ပြည်သူနှင့် တိုင်းပြည်ကအားထားရသည့် တပ်ဖြစ်အောင်ဆောင်ရွက် လျှပ်စစ်မီး၊ ရေတို့ကို တန်ဖိုးထား ချွေတာသုံးစွဲကြရန် တပ်ချုပ်တိုက်တွန်း


လျှပ်စစ်မီး၊ ရေတို့ကို တန်ဖိုးထား ချွေတာသုံးစွဲကြရန် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က မေ ၂၈ ရက်တွင် တိုက်တွန်းပြော ကြားသည်။ 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား မေ ၂၈ရက် မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာ သီရိဗိမာန် သဘင်ဆောင်၌ တွေ့ဆုံအမှာ စကားပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားသည်။တန်ဖိုးထား ချွေတာသုံးစွဲလျှပ်စစ်မီးကောင်းမွန်မှု၊ သယ်ယူ ပို့ဆောင်ရေး ကောင်းမွန်မှု၊ ဆက်သွယ် ရေးစနစ် ကောင်းမွန်မှုနှင့် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့ရှိမှသာ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ် ကြောင်း၊ လျှပ်စစ်မီး၊ ရေတို့ကို တန်ဖိုးထား ချွေတာသုံးစွဲကြရန်လိုကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏သားသမီးများ ပညာရေးကောင်းမွန်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကောင်းမွန်အောင်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။ 
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မျက်မှောက်ကာလသည် နည်းပညာခေတ်၊ ပညာခေတ်ဖြစ်သဖြင့် မိမိတို့တပ်မတော်သားများ၏ ပညာရေးစနစ်သည်နည်းပညာကို အမီလိုက်နိုင်ရန်လိုသဖြင့် တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်စေရေးအတွက် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ 
ဆက်လက်၍ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံးသည် နိုင်ငံတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သောကြောင့် တပ်မတော်သည်ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူက အားကိုးရသည့် တပ်၊ တိုင်းပြည်က အားထားရသည့်တပ်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအချင်းချင်း မည်သည့်အစွဲမျှမထားဘဲ ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လို ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ 
သတင်း - ရဲထက်ကျော် 
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Standard Time Daily 

0 comments:

Post a Comment