Friday, May 31, 2019

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးဦးကာလ မိုးရွာသွန်းမှုနှင့် မုန်တိုင်းဖြစ်ပေါ်မှု လျော့နည်းမည်


ပစိဖိတ်သမုဒ္ဒယာအတွင်း ဖြစ်ပေါ်လျက်ရှိသည့် အယ်လ်နီညိုရာသီဥတုသည် စောင့်ကြည့် ဧရိယာလေးခုစလုံးတွင် အယ်လ်နီညိုရာနှုန်းပြည့် ပြန်အားပျိုးလာကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ 
အဆိုပါဖြစ်စဉ်ကြောင့် မေလ(၂၉) ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ မြန်မာနိုင်ငံအပါအ၀င် တောင်အာရှဒေသနှင့် ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ် ဒေသများတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်ကာ မြန်မာနိုင်ငံတွင်လည်း မုန်တိုင်းဖြစ်ပေါ်မှုနှင့် မုတ်သုံမိုးရွာသွန်းမှု ပါလျော့နည်းနိုင်ကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ် ဇွန်လ(မိုးဦးကာလ)အတွက် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ တောင်ပိုင်းဒေသများ၊ ကချင်ပြည်နယ်မြောက်ပိုင်းစွန်းမှလွဲ၍ မြန်မာနိုင်ငံမြောက်ဖျားဒေသများ အားလုံးတွင် ပုံမှန်ရွာသွန်းမြဲ မိုးရေချိန်အောက် လျော့နည်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ 

သတင်း - ကိုကို 
ဓာတ်ပုံ - ဦးထွန်းလွင်ဖေစ့်ဘွတ်ခ်
The Standard Time Daily 

0 comments:

Post a Comment